Wednesday, January 30, 2019

ဓားပေါင်း တစ်သိန်းဖြင့် ပြုလုပ်ထားသည့် ရုပ်တုကြီး

     ၂၀၁၈ ခု နိုဝင်ဘာ ၂၉ ရက်နေ့တွင် ဗြိတိန်နိုင်ငံ လီဗာပူးမြို့၌ အမြင့် ၂၇ ပေအထိ ရှိသည့် ရုပ်တုကြီးတစ်ခုကို ပြသခဲ့ပါသည်။ ထိုရုပ်တုကြီး၏ ထူးခြားမှုမှာ ရုပ်တုတစ်ခုလုံးကို ဓားသွားများဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။

     ထိုဓားများသည် ဗြိတိန်နိုင်ငံတလွှားမှ သိမ်းဆည်းရမိထားသော ဓားအမျိုးမျိုးပေါင်း တစ်သိန်းဖြင့် ပြုလုပ်ထားပါသည်။ နိုင်ငံအတွင်း၌ ဓားနှင့်တိုက်ခိုက်သည့် ပြစ်မှုတွေ များပြားလာခြင်းကို ပြသလိုသည့်အတွက် စိတ်ကူးပုံဖော် ဖန်တီးထားခြင်း ဖြစ်ပါသည်။

     ထိုရုပ်တုကြီးကို Knife Angel ဟုအမည် ပေးထားပါသည်။ ထည့်သွင်းထားသည့် ဓားများမှာ တောခုတ်ဓား၊ အမဲလိုက်ဓား စသည့် ဓားတို၊ ဓားရှည်များအပြင် မီးဖိုချောင်သုံး အိမ်သုံးဓားများပင် ပါဝင်နေပါသည်။ ဗြိတိန် ဒီဇိုင်နာ Alfie Bradley မှ အချိန် တစ်နှစ်လောက်ပေး၍ ပြုလုပ်ခဲ့ရခြင်း ဖြစ်ပါသည်။



သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...