
ကမ္ဘာပေါ်ကနေ လေထုအပြင်ဘက် မိုင်ပေါင်း ၂၅၀ ဝေးတဲ့နေရာမှာလည်း ဟောလိုးဝင်းပွဲကျင်းပကြပါတယ်။ နိုင်ငံတကာ အာကာသစခန်းမှာရှိနေတဲ့ အာကာသယာဉ်မှူးများဟာ ၁၄၇ ရက်တာ အာကာသထဲမှာ နေခဲ့ကြပြီးပါပြီ။ သူတို့ဟာ ဟောလိုးဝင်းပွဲကို အဲဒီအပေါ်မှာပဲ ကျင်းပကြဖို့အတွက် ဆုံးဖြတ်လိုက်ကြပုံရပါတယ်။ ဥရောပ အာကာသယာဉ်မှူးနဲ့ ဘူမိရူပဗေဒပညာရှင် အလက်ဇန်းဒါးဂတ်စ်ဟာ Darth Vader ပုံစံဝတ်စားခဲ့ပြီး အားလပ်ရက်မှာ မိတ်ဆွေများနဲ့အတူ ဖန်တီးထားတဲ့ပုံကို Twitter မှာ တင်ခဲ့ပါတယ်။ ရုရှားအာကာသယာဉ်မှူး ဆာဂျီပရိုကိုယက်ဗ်က ဂီတဘိုးအေကြီး အဲဗစ်စ်ပရက်စလေပုံစံ ဝတ်စားထားခဲ့ပါတယ်။ အမေရိကန်အာကာသယာဉ်မှူး ဆရီနာကတော့ စိတ္တဇဆရာဝန်ပုံစံ ဝတ်ဆင်ထားကြပါတယ်။ အာကာသထဲမှာ ကြံဖန်ပျော်ရွှင်ရတာပေါ့နော်။
Credit:the voicemyanmar journal
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။