
ဒီဂြိုဟ်သိမ်လေးကို စတင်သတိထားမိတာကတော့ ၂၀၀၃ ခုနှစ်က ကယ်လီဖိုးနီးယား အာကာသပညာရှင်အဖွဲ့ရဲ့ သုတေသန စာတမ်းတစ်စောင် ပြုလုပ်နေစဉ်မှာပဲဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ် ဇန်နဝါရီလမှာတော့ ပလူတိုဂြိုဟ်ထက်ကြီးမားတဲ့ ဒသမမြောက်ဂြိုဟ်တစ်ခု ရှိနေကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ နောက်ပြီး သူ့မှာ ဒစ်စနိုးမီးယား (Dysnomia) လို့ ခေါ်တဲ့ ဂြိုဟ်ရံလလေး တစ်စင်းလည်း ရှိနေပြန်ပါတယ်။

ဒီတော့.. သူ့ကို ဂြိုဟ်အဖြစ်သွင်းပြီး ဂြိုဟ်ကြီး ၁၀ လုံးအဖြစ် သတ်မှတ်ကြမလားဆိုတာ စဉ်းစားလာကြပါတယ်..။
အဲ့ဒီ့အချိန်တုန်းက ဂြိုဟ်အဖြစ် သတ်မှတ်ရမယ့် စံနှုန်းတွေကို အတိအကျ ချမှတ်ထားတာ သိပ်မရှိသေးပါဘူး..။ ဒီတော့.. အဲရစ်ကို ဂြိုဟ်အဖြစ်သတ်မှတ်မလား၊ မသတ်မှတ်ဖူးလား ဆုံးဖြတ်ဖို့အတွက် ဂြိုဟ်ရဲ့ အဘိဒါန် ကို သတ်မှတ်ရပါတော့တယ်..။

နိုင်ငံတကာ အာကာသ ညီလာခံကို ၂၀၀၆ ခုနှစ်မှာ ကျင်းပခဲ့ပြီး ဂြိုဟ်လို့ သတ်မှတ်မယ်ဆိုလျှင်.. နေကို ဗဟိုပြုပြီး လှည့်ပါတ်နေရမယ်၊ လုံးဝန်းသော ပုံသဏ္ဍာန် အရွယ်စားရှိရမယ်၊ သူ့ပတ်လမ်းကြောင်းနှင့်သူ ရှိနေရမယ် (တနည်း) သူ့ပတ်ဝန်းကျင် (အိမ်နီးချင်း) ဂြိုဟ်တွေနဲ့ ကင်းရှင်းရမယ် ဆိုတဲ့ အချက်တွေပါဝင်လာပါတယ်..။

ထိုအချိန်ကစလို့.. နောက်ဆုံးအချက်နဲ့ ငြိစွန်းနေကြတဲ့ ပလူတိုရော.. အဲရစ်ပါ ဂြိုဟ်သိမ်စာရင်းထဲကို ဝင်သွားကြတာပဲ ဖြစ်ပါတော့တယ်..။
အနာဂတ်ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ)
....................................................
စာကြွင်း။ ။ အဲရစ် ဆိုတဲ့ နာမည်ကတော့ ၂၀၀၆ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့မှာ ပေးခဲ့တာပါ။ ရန်မူခြင်း နှင့် စိတ်တိုးပွားခြင်းဆိုင်ရာ ဂရိ နတ်ဘုရားမ ရဲ့ အမည်ပါ။ Sinbad ဆိုတဲ့ ကာတွန်းကားထဲမှာ ပါဝင်ပါတယ်။
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။