
ကမ္ဘာမှ အလင်းနှစ် ၃၂၀ အကွာမှာ HD 131399 ဆိုတဲ့ ထူးဆန်းတဲ့ နေအဖွဲ့အစည်းတစ်ခုရှိပါတယ်။ အဲ့ဒီ့ အဖွဲ့အစည်းမှာရှိတဲ့ HD 131399Ab ဂြိုဟ်ကတော့ နေ ၃ လုံးရှိနေတဲ့ ဂြိုဟ်တစ်ခုပါပဲ...။ ဟုတ်ပါတယ်။ HD 131399 ရဲ့ဖွဲ့စည်းမှုဟာ ကြယ် (၃) လုံးပါဝင်ဖွဲ့စည်းထားတာဖြစ်ပြီး ပင်မကြယ်တစ်ခုနဲ့ မလှမ်းမကမ်းမှာ အမွှာကြယ်ပူး ၂ ခုရှိပြီး သူတို့ အချင်းချင်း လှည့်ပါတ်နေကြတာ ဖြစ်ပါတယ်။ ပင်မကြယ်ကို ဗဟိုပြုပြီး တည်ရှိနေတဲ့ ဂြိုဟ်အတွက်ကတော့.. နေ ၃ စင်း ရှိနေသလိုပေါ့..။

HD 131399Ab ဂြိုဟ်နဲ့ ပင်မကြယ်ဟာ ၈၀ AU လောက်ဝေးပါတယ်။ နောက်ပြီး အမွှာကြယ်ပူးနဲ့ကျတော့ ၃၀၀ AU လောက်ကွာဝေးပါတယ်။
(AU= နေ နဲ့ ကမ္ဘာကြား အကွာအဝေး (မိုင်ပေါင်း ၉၃ သန်း (သို့) ကီလိုမီတာ သန်း ၁၅၀) ကို "၁" Astronomical Unit (AU) လို့ ခေါ်ပါတယ်။ နေအဖွဲ့အစည်းအတွင်းက အရာတွေကို တိုင်းတာတဲ့အခါမှာ အဲ့ဒီ့ ယူနစ်ကို စံအဖြစ် သတ်မှတ်တိုင်းတာပါတယ်။)
HD 131399 ကြယ်ကတော့ မကြာမီမှာ သက်တမ်းကုန်ဆုံးတော့မယ့် ကြယ်တစ်လုံးဖြစ်ပြီး ဆွဲအားတွေ တဖြည်းဖြည်း လျော့နည်းကာ စူပါနိုဗာအဖြစ် ပေါက်ကွဲသွားမယ်ဆိုရင်တော့.. ဒီဂြိုဟ်ဟာ လွင့်စင်သွားပြီး အာကာသထဲမှာ မျောလွင့်သွားမှာပဲ ဖြစ်ပါတော့တယ်..။
(ပုံတွေကတော့ ခန့်မှန်းရေးဆွဲထားသော ပုံများဖြစ်ပါတယ်။)
အနာဂတ် ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ)
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။