Thursday, February 21, 2019

တစ်နှစ်ပတ်လုံး မိုးရွာသော ဒေသ

မိုးများသော ဒေသတွေကို ကြားဖူးတွေ့ဖူးကြမှာပါ။ ဒါပေမယ့် ယခုတင်ပြမယ့် ဒေသလေးကတော့ ထူးထူးခြားခြား တစ်နှစ်ပတ်လုံး မိုးရွာလေ့ရှိပါသည်။ ထို့ကြောင့်ပင် ထိုဒေသကို ကမ္ဘာပေါ်တွင် အစိုစွတ်ဆုံး ဒေသအဖြစ် မှတ်တမ်းတင်ထားကြပါသည်။ ထိုဒေသလေးသည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း၊ Meghalaya ပြည်နယ်အတွင်း၊ Khasi တောင်၏အရှေ့ဘက်တွင်ရှိသော မော်ဆင်ရမ် (Mawsynram) ကျေးရွာလေး ဖြစ်ပါသည်။ ထိုရွာလေးသည် 1,400 metres (4,600 ပေ) အမြင့်တွင်ရှိသော ရွာလေး ဖြစ်ပါသည်။

ထိုရွာလေးတွင် တစ်နှစ်ပတ်လုံး မိုးရွာသွန်းနေသဖြင့် ကောင်းကင်တစ်ခွင် အုံ့မှိုင်းနေတတ်ပါသည်။ နေရောင်ခြည် ကျရောက်မှု အလွန်နည်းသော ဒေသလေးဖြစ်ပါသည်။ နှစ်စဉ် ပျမ်းမျှမိုးရေချိန် ၄၆၇.၄ လက်မ အထိ ရွာသွန်းပါသည်။ ထူးထူးခြားခြား ၁၉၈၅ ခုနှစ်တွင် မိုးရေချိန် လက်မ ၁၀၀၀ အထိ ရွာသွန်းခဲ့ပြီး ကမ္ဘာ့မိုးအများဆုံး အစိုစွတ်ဆုံးဒေသအဖြစ် ဂင်းနစ်ကမ္ဘာ့မှတ်တမ်းတွင် စံချိန်တင်ခဲ့ပါသည်။
တစ်နှစ်ပတ်လုံး မိုးရွာသွန်းလေ့ရှိသဖြင့် ဒေသခံများသည် အပြင်ထွက်လျှင် ဆောင်းစရာ မိုးကာ၊ ထီး နှင့် ခမောက်ခေါင်းဆောင်းရှည်ကြီးများ အမြဲဆောင်ထားကြပါသည်။ ထိုဒေသသည် မြစ်များ ၊ ရေတံခွန်များ စတင်ဖြစ်ပေါ်ရာ ဒေသတစ်ခုလည်း ဖြစ်ပါသည်။

တစ်နှစ်ပတ်လုံး မိုးရွာသွန်းရသည့် အကြောင်းရင်းမှာ ထိုရွာလေး၏ ပတ်ဝန်းကျင်တွင် မြင့်မားလှသည့် ဟိမ၀န္တာတောင်တန်းကြီးများ ၀ိုင်းရံနေသောကြောင့် ဖြစ်ပါသည်။ ထိုတောင်တန်းကြီးများသည် ကြီးမားသော တိမ်တိုက်များကို ကာဆီးထားသလို ဖြစ်နေသဖြင့် မိုးတိမ်များသည် ထိုဒေသလေးမှာပင် မိုးအဖြစ် ရွာသွန်းနေခြင်း ဖြစ်ပါသည်။


တစ်နှစ်ပတ်လုံး မိုးအဆက်မပြတ်ရွာသွန်းလေ့ရှိပြီး မိုးရွာမှုအနည်းဆုံးကာလ ကတော့ ဒီဇင်ဘာလမှ ဖေဖော်ဝါရီလမတိုင်မီအထိ ဖြစ်ပါသည်။ အပူချိန်ကတော့ ဇန်နဝါရီလတွင် ပျှမ်းမျှ ၁၁ ဒီဂရီစင်တီဂရိတ၀န်းကျင် ရှိပြီး၊ သြဂုတ်လတွင်၂၀ ဒီဂရီစင်တီဂရိတ် အထက်မှာ ရှိပါသည်။







သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...