Thursday, January 2, 2020

အဲလ်တောင်တန်းမှ ရေခဲမြစ်နှင့် ရေခဲလှိုဏ်ဂူကြီး

ဆွစ်ဇာလန်နိုင်ငံ၊ Valais ရှိ နာမည်ကျော် ရေခဲနေတဲ့ အဲလ်တောင်တန်းများကြားမှ ရေခဲမြစ်ဖြစ်ပါတယ်။ Aletsch အမည်ရ ရေခဲမြစ်ကြီးသည် အဲလ်တောင်တန်း ရေခဲမြစ်များတွင် အကြီးဆုံးဖြစ်သလို ဥရောပတိုက်ရဲ့ အကြီးဆုံးရေခဲမြစ်များတွင် တစ်ခုအပါအဝင် ဖြစ်ပါတယ်။
သဘာဝအလှအပများနဲ့ ကျော်ကြားလှတဲ့ အဲလ်တောင်တန်းတွင် ရေခဲမြစ်ကြီးနှင့်အတူ ဖြစ်တည်နေသော ရေခဲလှိုဏ်ဂူရဲ့ ပုံများကို တင်ပေးမှာပါ။

Aletsch ရေခဲမြစ်ကြီးသည် ယူနက်စကိုမှ ကမ္ဘာ့သဘာဝအမွေအနှစ်အဖြစ် အဲလ်တောင်တန်းဒေသတွင် အစောဆုံးသတ်မှတ်ခံရတဲ့ နေရာတစ်နေရာ ဖြစ်ပါတယ်။

Aletsch ရေခဲမြစ်ကြီးသည် ၂၃ ကီလိုမီတာ (၁၄ မိုင်) ရှည်လျားပါတယ်။ ၃၁.၅ စတုရန်းမိုင် ပမာဏရှိ ရေခဲပြင်ကျယ်ကြီး ဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ၁၆၅၀ မီတာ မှ ၄၁၆၀ မီတာအမြင့်တွင် တည်ရှိနေပါတယ်။

ထိုရေခဲမြစ်ကြီးဟာလည်း ယခုနောက်ပိုင်း ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ရေခဲများ အရည်ပျော် ဆုံးရှုံးမှုများ ဖြစ်ပေါ်လာရပါတယ်။ ၁၉၈၀ ပြည့်နှစ်မှစတင်ပြီး ၁.၃ ကီလိုမီတာ (၀.၈၁ မိုင်)အရှည် ယုတ်လျော့လာခဲ့ရပါတယ်။

ကြီးမားလှသော ရေခဲပြင်ကြီးအောက် သဘာဝအတိုင်း ဖြစ်တည်နေသော ရေခဲလှိုဏ်ဂူကြီးရဲ့ လှပမှုကလည်း ခရီးသွားများကို စွဲဆောင်စေပါတယ်။
















သူငယ်​ချင်းတို့​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​စေ .....​နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...