Tuesday, January 7, 2020

ပညာတန်ဖိုးနဲ့ ဆူနာမိ(လူသတ်လှိုင်းများ )

အသိပညာနဲ့ လေ့လာ သင်ယူမှု စွမ်းအားကြောင့် လူပေါင်းများစွာရဲ့အသက်ကို ကယ်တင်လိုက်နိုင်ခဲ့တဲ့  အင်္ဂလန် နိုင်ငံသူ ၁၀နှစ်သမီး Tilly Smithတယ်လီစမစ်ဖြစ်ပါတယ်။

သူမဟာမိခင်နဲ့အတူ ထိုင်းနိုင်ငံကို ၂၀၀၄ ခုနှစ် ဒီဇင်ဘာလက လာရောက်လည်ပတ်နေတဲ့အချိန်မှာ ကျောင်းသင်ခန်းစာမှာ သင်ယူခဲ့ရတဲ့အတိုင်း  ပထဝီသင်္ခန်းစာအရ  ဆူနာမိ လှိုင်းဖြစ်ပေါ်ခြင်းရှေ့ပြေးလက်ခဏာတွေ ကို သိနေတာကြောင့် ကျောင်းစာထဲကအတိုင်း ပင်လယ်ရေဟာ အံသြစရာ ကောင်းလောက် ရေမှတ် ထိုးကျသွားခဲ့တယ် ။

ပင်လယ်ရေပြင်ကျဆင်းမှုကြောင့် ငါးတွေ သေနေတာကမ်းခြေမှာတွေရမယ် ရေမြုပ်တွေထလာမယ် သေချာတာကတော့ ပင်လယ်ထဲကနေ
တံတိုင်းဖြူကြီး ကမ်းခြေကိုလာနေသလို မြင်ရလို့ သူမ တည်းခိုနေတဲ့ ဟော်တယ်ကလူတွေကို တီလီဟာ အော်ဟစ်သတိပေးနိုင်ခဲ့ပါတယ်။

သူမကြိုတင်သတိပေးခဲ့လို့ လူရာပေါင်းများစွာဟာ ဟိုတယ်ကြီးရဲ့ အမြင့်ဆုံးကိုပြေးတက်နိုင်ခဲ့ကြတာကြောင့် ဆူနာမိ(လူသတ်လှိုင်း ) ကမ်းခြေရောက်လာတဲ့အချိန် အသက်ဘေးက  လွတ်သွားခဲ့ကြပါတယ်။

(၂၀၁၄ ဒီဇင်ဘာလ အိန္ဒီယ အမုဒရာအတွင်ွလှုပ်ခတ်တဲ့ငလျင်ကြီးကြောင့် ထိုင်းနိုင်ငံကမ်းခြေမှာ အပန်းဖြေနေကြသူ (ထိုင်းဘုရင်မြေးတော်အပါအ၀င်) လူပေါင်း ၅၄၀၀ သေဆုံးခဲ့ရပြီး ၃၀၀၀ကျော်ပျောက်ဆုံးခဲ့ပါတယ်။

ခုလို ပညာစွမ်းအားနဲ့ လူတွေအသက်ကယ်နိုင်ခဲ့လို့ တီလီ ကို သူရဲကောင်းဘွဲ ပေးအပ်ခဲ့ကြပါတယ်။ယခုအသက်၂၅ ရှိနေပြီဖြစ်တဲ့ တယ်လီဟာ မိခင်ဖြစ်သူနဲ့ ထိုင်းနိုင်ငံကို ပြန်လည် လာရောက်လည်ပတ်ခဲ့ပြီး စိတ်မကောင်းစရာဖြစ်ရပ်ဘေးဆိုးတွေ ကို ကြိုတင်သိနိုင်ဘို  အတွက် အသိ ပညာ စာပေလေ့လာမှုဟာ အရေးကြီးကြောင်း ပြောဆိုသွားပါတယ်။
Credit:SAW
https://theproudparents.com/10-year-old-saves-100-lives-by-predicting-2004-tsunami

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...