Tuesday, January 7, 2020

သြစတြေစလျတောမီးကြောင့် အဝါရောင်ကောင်းကင်ဖြစ်သွားတဲ့ နယူးဇီလန်

သြစတြေးလျ တောမီးကတော့ တကယ်ကို ကြောက်စရာကောင်းလှပါတယ်။ တိရိစ္ဆာန်များ သန်းနဲ့ချီသေဆုံးခဲ့ရသလို လူနဲ့ သစ်ပင်ပေါင်းများစွာလည်း သေကြေပျက်စီးကြရပါတယ်။
ဒီလိုကြောက်စရာကောင်းလှတဲ့ တောမီးကြီးကြောင့် နောက်ဆက်တွဲဆိုးကျိုးများလည်း ထပ်မံ ခံစားကြရအုံးမှာ ဖြစ်ပါတယ်။ တောမီးလောင်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ မီးခိုးများရဲ့ ဒဏ်ကိုလည်း နေရာများစွာမှာ ခံစားနေကြရပါတယ်။

ထိုမီးခိုးများဟာ လေနှင့်အတူမျောပါပြီး ယခုအခါ နယူးဇီလန် ကောင်းကင်ပြင်တွင်ပါ ဖုံးလွှမ်းနေခဲ့ပါတယ်။ နယူးဇီလန်နိုင်ငံ အက်ခ်လန်မြို့၏ ကောင်းကင်ပြင်သည် အံ့ဩထိတ်လန့်ဖွယ် လိမ္မော်ရောင်၊ အဝါရောင်အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ မီးခိုးပြာများသည် ရေခဲမြစ်များအပေါ်ကိုပင် ကျရောက်နေခဲ့ပါတယ်။













ပညာရှင်များအနေဖြင့်လည်း ထိုမီးခိုးမြူများကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးများကို လေ့လာဆန်းစစ် ပြင်ဆင်လျက် ရှိကြပါတယ်။
သူငယ်​ချင်းတို့​ပျော်​ရွှင်​ချမ်း​မြေ့ကြပါ​စေ .....​နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...