Tuesday, January 7, 2020

အမေရိကန်ပြည်ထောင်စုမှာ လက်ရှိအိမ်ထောင်နဲ့ကွဲပေးတဲ့ ဝန်ဆောင်မှုရှိတယ်

အမေရိကန် ပြည်ထောင်စု နယူးယောက်ပြည်နယ်မှာ ထူးခြားတဲ့ ဝန်ဆောင်မှု စီးပွားရေးတစ်ခုရှိပါတယ်။ ဒါကတော့ အိမ်ထောင်ကွဲချင်သူတွေအတွက် လိုက်လံဝန်ဆောင်မှုပေးတာဖြစ်ပါတယ်။

နယူးယောက်ပြည်နယ် လမ်းတစ်နေရာမှာ ဆိုင်းဘုတ်ကြီးနဲ့ ဝန်ဆောင်မှုကို ကြော်ငြာထားပြီးတော့ ဒါဟာ ရိုင်းစိုင်းတဲ့ အမူအရာတွေပါနေတယ်လို့ ပြောပါတယ်။


ဝန်ဆောင်မှုတွေ အမျိုးမျိုးရှိပြီး ဒေါ်လာ ၅၀ဝ တန် ဝန်ဆောင်မှုကစပြီး ရှိတယ်လို့ အဆိုပါသတင်းက ဖော်ပြထားပါတယ်။

ဆိုင်းဘုတ်ကြီးမှာ ပုံတစ်ပုံပါဝင်ပြီးတော့ အဆိုပါပုံမှာ လက်ထပ်လက်စွပ်စွပ်ထားတဲ့ လက်သူကြွယ်ကို ထောင်ပြထားတာ ဖြစ်ပါတယ်။

“ငါတော့ စိတ်ကုန်သွားပြီ”လို့ ဆိုင်းဘုတ်မှာ ရေးသားထားပါတယ်။

ဒေသခံတစ်ဦးက ခုလိုမျိုး ကြော်ငြာကြီးထောင်ထားတာဟာ မလေးစားရာရောက်ပြီး အရေးပါတဲ့ အကြောင်းအရာကိစ္စကို အသေးအဖွဲ့လို လုပ်ထားတယ်လို့ ဝေဖန်ပါတယ်။
Credit:The Voice Myanmar

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...