နေခရမ်း....
|
Sunday, September 29, 2013
Thursday, September 26, 2013
ကမ္ဘာ့အကြီးဆုံးအဏ္ဏ၀ါပြတိုက်များ
ကမ္ဘာ့အကြီးဆုံးအဏ္ဏ၀ါပြတိုက်များ ဆိုတာ ကြီးမားတဲ့ ငါးမွေးကန်တွေပါပဲ။
ဒါပေမယ့် အလှမွေးငါးမျိုးတွေသာမက ကြီးမားသောဆိုတဲ့ ဂုဏ်အင်နှင့်ညီစွာ
ငါးမန်းကဲ့သို့ ငါးမျိုးများကိုပါ ထည့်သွင်းထားတက်ကြပါတယ်။ထို့ပြင် အခြားရေနေ
သတ္တ၀ါများကိုပါ ထည့်သွင်းတည်ဆောက်ထားပါသဖြင့် ကြည့်ရှုသူများအနေဖြင့်
အဏ္ဏ၀ါရေပြင်အောက်ကို ရောက်ရှိသွားသကဲ့သို့ခံစားရမှာပါ။ဒီပိုစ့်မှာ နေခရမ်း၏
ထုံးစံအတိုင်း ကမ္ဘာ့အကြီးဆုံးအဏ္ဏ၀ါပြတိုက်တွေကို အစဉ်လိုက်စုစည်းတင်ပြ
ပေးပါမယ်။ အားပေးကြပါအုံးနော်...
ပထမဆုံးတင်ပြမှာက ၂၀၁၂ ခုနှစ်တွင်ဖွင့်လှစ်ခဲ့တဲ့ စင်ကာပူနိုင်ငံ မှ အဏ္ဏ၀ါပြတိုက်ပါ။
ရေပမာဏအားဖြင့် 10 million gallons အထိထည့်သွင်းထားပါတယ်။
တစ်ချိန်ကကမ္ဘာ့အကြီးဆုံးစာရင်းဝင် ကတော့ Atlanta, Georgia တွင် တည်ရှိပါတယ်။
ဒီအဆောက်အဦးထဲက ငါးကန်ကြီးထဲမှာ ရေပမာဏ24 million liter(6,3 million gallons) အထိ
ထည့်သွင်းထားပါတယ်။၂၀၀၅ ခုနှစ် နိုဝင်ဘာလ မှာစတင်ဖွင့်လှစ်ခဲ့ပါတယ်။
ဝေလ ၊ ငါမန်း အစစ်များကို ထည့်သွင်းထားပါတယ်။

(၁) Singapore
ပထမဆုံးတင်ပြမှာက ၂၀၁၂ ခုနှစ်တွင်ဖွင့်လှစ်ခဲ့တဲ့ စင်ကာပူနိုင်ငံ မှ အဏ္ဏ၀ါပြတိုက်ပါ။
ရေပမာဏအားဖြင့် 10 million gallons အထိထည့်သွင်းထားပါတယ်။
(၂) Georgia Aquarium
တစ်ချိန်ကကမ္ဘာ့အကြီးဆုံးစာရင်းဝင် ကတော့ Atlanta, Georgia တွင် တည်ရှိပါတယ်။
ဒီအဆောက်အဦးထဲက ငါးကန်ကြီးထဲမှာ ရေပမာဏ24 million liter(6,3 million gallons) အထိ
ထည့်သွင်းထားပါတယ်။၂၀၀၅ ခုနှစ် နိုဝင်ဘာလ မှာစတင်ဖွင့်လှစ်ခဲ့ပါတယ်။
ဝေလ ၊ ငါမန်း အစစ်များကို ထည့်သွင်းထားပါတယ်။
အကြောင်းအရာ
ဂရင်းနစ်မှတ်တမ်းများ,
ထူးဆန်းအဆောက်အဦးများ
Tuesday, September 24, 2013
ကမ္ဘာ့အကြီးဆုံး စက်ဘီးကြီး
၂၀၁၄ ခုနှစ်မှာ ကမ္ဘာ့အကြီးဆုံး စက်ဘီးကြီးကို ဂျာမနီနိုင်ငံမှ
Didi Senft က တည်ဆောက်ခဲ့ပါတယ်။ ဒီစက်ဘီးကြီးဟာ တကယ်နင်းလို့ရပြီး
အတိုင်းအတာအားဖြင့် 7.8 m (25 ပေ 7.09 လက်မ)ရှည်ပြီး ၊
3.7 m (12 ပေ 1.67 လက်မ) အမြင့်ရှိပါတယ်။
အလေးချိန်အားဖြင့် 150 kg (330.69 lb) ရှိပါတယ်။ ထိုစက်ဘီးကြီး၏
ဘီး တစ်ခု၏ အချင်းဟာ 3.3 m (10 ပေ 9.92 လက်မ) အထိကြီးမားပါတယ်။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ............. နေခရမ်း
ကမ္ဘာ့စံချိန်တင် အမြန်ဆုံး ကြိုးတန်းလျှောက်ခွေး
ref:ပြည်မြန်မာ
မှန်ကဲ့ သို့ ဖောက်ထွင်း မြင်နိုင်သည့် ခရုမျိုးစိတ်သစ်
ref:ပြည်မြန်မာ
Wednesday, September 18, 2013
ကြယ်မိုးရွာမှု မြင်ကွင်းအလှ
စက္ကူဖြင့် ဖန်တီးထုဆစ်ပြသည့် အိုရီဂါမီ အနုပည
မက်သရူးသည် ရှုပ်ထွေးပြီး အလွန်အနုစိတ်သည့် တိရစ္ဆာန် ပုံတူရုပ်လေးများကို စက္ကူဖြင့် အရုပ်ချိုးကာ ဖန်တီးပြခဲ့သည်။
Monday, September 16, 2013
သဘာဝကမ္ဘာ့အံ့ဖွယ် (၇) ခု
သဘာဝကမ္ဘာ့အံ့ဖွယ် စာရင်းဟာ အခြားသော ကမ္ဘာ့အံ့ဖွယ်များနှင့်မတူဘဲ သဘာဝအလျောက်ဖြစ်ပေါ်နေတဲ့ ထူးခြားသောနေရာဒေသများကို စာရင်းပြုစုထားခြင်း ဖြစ်ပါတယ်။ new7wonders ဆိုဒ်မှ ၂၀၁၀ ၊ ၂၀၁၁ လောက်က ပညာရှင်များနှင့် အင်တာနက်ပေါ်တွင်ပါ တစ်ကမ္ဘာလုံးမှ မဲပေးရွေးချယ်ခဲ့ကြပါတယ်။ ဒါပေမယ့် သဘာဝကမ္ဘာ့အံ့ဖွယ် စာရင်း ပြုစုရာမှာ သဘောထားအနည်းငယ် ကွဲလွဲကြပါတယ်။ ဒါကလည်း ကမ္ဘာပေါ်မှာ ထူးဆန်းလှပတဲ့ ဒေသတွေများလှသဖြင့် စာရင်းကို ခုနှစ်ခု နှင့်မပိတ်သိမ်းပဲ မည်မျှထားသင့်သလဲ ဆိုတာ ဆုံးဖြတ်ရခက်ခဲ့ကြပါတယ်။ ဒါပေမယ့် ကမ္ဘာ့အံ့ဖွယ်တို့၏ ထုံးစံအတိုင်း နောက်ဆုံးတွင် ခုနှစ်ခုသာ ထားကာ စာရင်းပြုစုခဲ့ကြပါတယ်။ အခု နေခရမ်းမှ အဲဒီ သဘာဝကမ္ဘာ့အံ့ဖွယ် (၇) ခု ကိုတင်ပြပေးပါမယ်။
(၁) Amazon Rainforest
(၁) Amazon Rainforest
ကမ္ဘာကျော် အမေဇုန်တောအုပ်ကြီးကတော့ ကမ္ဘာ့အံ့ဖွယ်ထဲမှာ ပါဝင်နေပါတယ်။ အမေဇုန်မြစ်ကြီးကြောင့်လည်း ပိုပြီး စိတ်ဝင်စားမှုခံကြရပါတယ်။ တောင်အမေရိကတိုက်မှ Brazil, Peru, Colombia, Venezuela, Ecuador, Bolivia,Guyana, Suriname,French Guiana တို့နှင့် ဆက်စပ်နေပြီး ဧရိယာအားဖြင့် 5,500,000 km2 (2,123,562 sq mi) ရှိပါတယ်။ ထူးခြားမှုတွေနှင့် လေ့လာစရာများ များစွာ ကျန်ရှိနေသေးသော ဒေသတစ်ခု ဖြစ်ပါတယ်။
Friday, September 13, 2013
အသေးဆုံး ကင်မရာလေး (An Agency Spy Digital Camera)
အသေးဆုံး ကင်မရာလေး (An Agency Spy Digital Camera)တဲ့...
1280 x 960, နဲ့ တစ်စက္ကန့်ကို ပုံ ၃၀ ခန့်လှုပ်ရှားမှု ဗွီဒီယိုရိုက်လို့ရတဲ့ AVI video ဖြစ်ပီး ...2048 x 1536 အရွယ် ဒီဂျစ်တယ်လ် ဓါတ်ပုံလဲရိုက်လို့ရပါသတဲ့ ... အရွယ်အစားကတော့ 45 x 29 x 16 mm ရှိပြီး ..
အလေးချိန်ကတော့ .. 15 g ရှိပါတယ်..
ဘက္ထရီလေးက ကင်မရာအထဲမှာ ရှိပြီး .. USB ကိုအသုံးပြု၍ ဘက္ထရီအားသွင်းရတာဖြစ်ပါတယ် ..

သုံးလို့ရတဲ့ memory card တွေကတော့.. MicroSD, T-Flash and MicroSDHC တွေပါ ..
တကယ်လို့ နောက်ထပ် ထပ်ပြီး ပြုပြင်မယ်ဆိုရင် .. helmet ပေါ်မှာ တပ်ဆင်ပြီး ဆိုင်ကယ်စီးတဲ့အခါတွေမှာ Traffic recorder
အဖြစ် အသုံးပြုလို့ရပါတယ်.. တန်ဖိုးက US $ 32 ထိုင်ဝမ်ငွေ ၉၆၀ ရှိပါတယ်.. ။။။။။။
အဖြစ် အသုံးပြုလို့ရပါတယ်.. တန်ဖိုးက US $ 32 ထိုင်ဝမ်ငွေ ၉၆၀ ရှိပါတယ်.. ။။။။။။
Subscribe to:
Posts (Atom)