Friday, January 27, 2017

မွေးစားထားတဲ့ အမြွှာ ကလေးငယ်ကို ကြင်နာမှု အပြည့်နဲ့ စောင့်ရှောက်နေသူ


ကနေဒါ နိုင်ငံသား  မိုက်ကယ်ဝက်ဂ်နာဟာ အကြင်နာတရာ ကြီးမားသူလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ၀က်ဂ်နာဟာ မွေးစား ထားတဲ့ အမြွှာကလေးငယ် အတွက် အရာရာပေးဆပ်ခဲ့ တာကြောင့် ဖြစ်ပါတယ်။ ၀က်ဂ်နာဟာ ရောဂါဝေဒနာ ခံစားနေရတဲ့ အမြွှာကလေးငယ် ကျန်းမာဖို့ အသည်း အစားထိုးမှု ပြုလုပ်ပေးခဲ့ပေမယ့် တစ်ဦးတည်းသာ လုပ်ဆောင်ခွင့် ရပြီး ကျန်တစ်ဦး အတွက် ဘာမှမလုပ်ပေးနိုင်လို့ ၀မ်းနည်း ကြေကွဲခဲ့ပါတယ်။ ၀က်ဂ်နာဟာ ဗီယက်နမ်နိုင်ငံမှ အမြွှာ ကလေးငယ်ကို အသက်(၁၈) လကတည်းက ခေါ်ယူ မွေးစားခဲ့ ပါတယ်။ ဒါပေမဲ့ အမြွှာကလေးငယ်ဟာ သုံးနှစ် အရွယ် အရောက်မှာတော့ ရောဂါ တစ်မျိုးကြောင့် အဆုတ်၊ အသည်း၊ နှလုံးစတဲ့ ဝေဒနာတွေ ရရှိ လာပါတယ်။ အထူးသဖြင့် အသည်းနဲ့ ပတ်သက်တဲ့ ဝေဒနာ အတွက် စိုးရိမ်စရာ ဖြစ်လာ တာကြောင့် အစားထိုးကုသမှု ပြုလုပ်ဖို့ လိုအပ်လာ ပါတယ်။ ၀က်ဂ်နာဟာ သူ့ရဲ့ အသည်းကို လှူဖို့ ဆုံးဖြတ် လိုက်ပေမယ့် လှူရမယ့်သူက နှစ်ဦး ဖြစ်နေပါတယ်။ ၀က်ဂ်နာ အတွက် ဆုံးဖြတ်ရ ခက်စေတဲ့ အခြေအနေ တစ်ခု ဖြစ်ပါတယ်။

                နောက်ဆုံး ၀က်ဂ်နာဟာ ဘင်နဲ့ ဖန်ဆိုတဲ့ အမြွှာထဲက ဖန်ကို အသည်းအစားထိုး ကုသမှု ပြုလုပ်ဖို့ ဆုံးဖြတ်လိုက် ပါတယ်။ အစားထိုး ကုသမှု အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပေမယ့် ဖန်ရဲ့ အခြေအနေက စောင့်ကြည့်နေ ရဆဲ ဖြစ်ပါတယ်။ ၀က်ဂ်နာ ကတော့ ပြန်လည် ကျန်းမာလာပြီ ဖြစ်ပါတယ်။ ၀က်ဂ်နာဟာ သူ့ရဲ့ကျန်ရှိနေတဲ့ အသည်းကို နောက်ထပ် ကလေးငယ် တစ်ဦး ဖြစ်တဲ့ ဘင်ကို ကုသပေး ချင်ပေမယ့် ပြုလုပ်နိုင်ဖို့ အခြေအနေ မရှိတော့ ပါဘူး။ ဒါကြောင့် ၀က်ဂ်နာဟာ ဘင်ကို ကုသပေးနိုင်ဖို့ အသည်း အလှူရှင်ကို စောင့်မျှော်နေရ ပါတယ်။ မွေးစားထားတာ ဖြစ်ပေမယ့် သားသမီး အရင်းလို ပြုစု စောင့်ရှောက်ခဲ့တဲ့ ၀က်ဂ်နာရဲ့ မေတ္တာ၊ စေတနာတော့ လေးစားစရာ ဖြစ်ခဲ့ပါတယ်။ ၀က်ဂ်နာဟာ ဖခင်တစ်ဦး မေတ္တာကို ပြသနိုင်ခဲ့ပြီး၊ သူ့ရဲ့ ဆောင်ရွက်ချက်တွေ အတွက်ဘယ်တော့မှ နောင်တရမှာ မပာုတ်ဘူးလို့ ဆိုခဲ့ပါတယ်။
Credit:messenger

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...