Wednesday, October 4, 2017

နှစ်သုံးဆယ်ကြာ သစ်တောကြီးတစ်ခုလုံးကို တစ်ဦးတည်းစိုက်ပျိုးခဲ့သည့် သစ်တောလူသား

ယခင်က သစ်တောကြီးတစ်ခုလုံးကို တစ်ယောက်တည်း စိုက်ပျိုးပြခဲ့သည့် အိန္ဒိယမှ သစ်တောလူသား တစ်ဦးအကြောင်း နေခရမ်းတင်ပြပေးဖူးပါတယ်။ ယခုလည်း လူပုဂ္ဂိုလ်တစ်ဦးသည်လည်း တောင်ကတုံးတစ်ခုကို စိမ်းလန်းစိုပြေသော သစ်တောကြီးတစ်ခု ဖြစ်ရန် နှစ်သုံးဆယ်ကြာ စိုက်ပျိုးပြခဲ့ပုံကို တင်ပြပေးပါမည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ၊ စီချွမ်ပြည်နယ် ရှိ လွန်ခဲ့သည့် နှစ်သုံးဆယ်ကျော်က တောင်ကတုံးဖြစ်နေသော နေရာကို သစ်တောတစ်ခုဖြစ်ရန် Liu Changgui ဆိုသူက ပြောင်းလဲပြခဲ့ပါတယ်။ ယခု အသက် ၆၆ နှစ်ကျော်ပြီဖြစ်သော Liu သည် လွန်ခဲ့သည့် နှစ် ၃၀ လုံးလုံး ထိုတောင်ကတုံးပေါ်သို့ တက်ကာ သစ်ပင်များကို နေ့စဉ်စိုက်ပျိုး ပေးခဲ့ပါတယ်။

တီယန်တိုင် တောင်၏ တောင်စောင်းမှာ ငုံးတိဖြစ်နေသဖြင့် လွီက သစ်ပင်များကို စတင်စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး ယခုအခါ သူစိုက်ပျိုးခဲ့သော သစ်ပင်ပေါင်းများစွာမှ နှစ်သိန်းကျော်သည် ရှင်သန်ကြီးထွားကာ သစ်တောကြီးတစ်ခုကဲ့သို့ ဖြစ်ပေါ်နေပါပြီ။


Liu သည် ငယ်စဉ်က စစ်မှုထမ်းတစ်ယောက် ဖြစ်ခဲ့ပြီး သေဆုံးလောက်သည်အထိ ဒဏ်ရာရခဲ့ဖူးပါတယ်။ သူ့မျက်နှာအနီး လာရောက်ပေါက်ကွဲသော ဒုံးလောင်ချာကြောင့် အသက်မသေပေမယ့် နားတစ်ဖက် ကန်းခဲ့ရပါသည်။ သူမသေခဲ့ပဲ အသက်ရှင်ခဲ့ကာ ဒီလိုသစ်ပင်များ စိုက်ပျိုးခွင့်ရတာကိုက သူအတွက် ဆုလဒ်တစ်ခုဟု မှတ်ထင်နေပါတယ်။

ဒီလို သစ်တောတစ်ခု ဖန်တီးရခြင်း ရည်ရွယ်ချက်မှာလည်း စစ်ပွဲအတွင်းက ကျဆုံးခဲ့ရသည့် သူ့ရဲဘော်ရဲဘက်များ အတွက် ရည်စူး စိုက်ပျိုးပေးခဲ့ခြင်း ဖြစ်ပါတယ်။ ယခုအခါတွင်တော့ Liu ၏ သစ်တောကြီးသည် စိမ်းလန်းစိုပြေနေပြီး သာယာနေပျော်ဖွယ် နေရာတစ်ခု ဖြစ်ပေါ်နေပါပြီ။

သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...