Wednesday, October 4, 2017

ထူးထူးခြားခြား ကျောက်တုံးတိရိစ္ဆာန်ဥယျာဉ်

တိရိစ္ဆာန်ဥယျာဉ်ဆိုလျှင် အမျိုးအစားစုံလင်ပြီး ရှားပါးသော တိရိစ္ဆာန်များကို စုဆောင်းပြသရာ နေရာအဖြစ် အားလုံးသိကြမှာပါ။ သို့ပေမယ့် ယခုတင်ပြမည့် တိရိစ္ဆာန်ဥယျာဉ်ကတော့ တိရိစ္ဆာန်များကို သက်ရှိအနေဖြင့် တွေ့မြင်ရမည် မဟုတ်ဘဲ အရွယ်အစားအမျိုးမျိုး ကျောက်တုံးများအပေါ်တွင် လိုက်ဖက်ညီ အသက်ဝင်အောင် ရေးဆွဲထားသော တိရိစ္ဆာန်ပုံကြီးများကိုသာ ပြသထားခြင်း ဖြစ်ပါသည်။

ထိုကျောက်တုံးတိရိစ္ဆာန်ဥယျာဉ်သည် တရုတ်နိုင်ငံ အရှေ့ပိုင်း ၊ Zhegiang ပြည်နယ် ၊ Jinhua မြို့လေးမှ ကျေးရွာလေးတစ်ရွာတွင် တည်ရှိပါသည်။ ကျောက်တုံးများကို အကြီးအသေးအလိုက် လိုက်ဖက်ညီသည့် တိရစ္ဆာန်ပုံများကို ရုပ်လုံးကြွ 3D ပန်းချီပညာဖြင့် ရေးဆွဲထားခြင်း ဖြစ်ပါသည်။

ရေးဆွဲထားသည့် တိရိစ္ဆာန်ပုံများသည် အသက်ဝင်ရုပ်လုံးကြွလွန်းသဖြင့် အဝေးကကြည့်လျှင် တကယ့်အစစ်ဟု ထင်မှတ်ရပါသည်။ ထိုကျောက်တုံး တိရိစ္ဆာန်ကြီးများကို လိုက်ဖက်သည့် နေရာများတွင် ချထားပြီး လာရောက်ကြည့်သည့် လူများကို ဆွဲဆောင်ထားပါသည်။


တရုတ်ရာသီခွင် တိရ စ္ဆာန်တွေဖြစ်တဲ့ နဂါး၊ မြွေ၊ မြင်း၊ ဆိတ်၊ မျောက်စတာတွေအပြင် ကြံ့၊ နွားနဲ့ တ ရုတ်နိုင်ငံရဲ့ အထိမ်းအမှတ်အဖြစ် နာမည် ကျော်တဲ့ ပန်ဒါဝက်ဝံတွေလည်း ဒီကျေး ရွာလေးမှာ ပုံဖော်ဖန်တီး ထားပါတယ်။

ပန်းချီ ပညာရှင်ခြောက်ဦးနဲ့ ဖန်တီးရေးဆွဲထားခဲ့ တာဖြစ်ပြီး ၂၅ ရက်ကြာ ဖန်တီးပုံဖော်ထား ခြင်း ဖြစ်ပါသည်။ အမှန်က တိရိစ္ဆာန်ဥယျာဉ်ဆိုတာထက် 3D ပန်းချီပြခန်းကြီးလို ဖြစ်နေသော်လည်း ဆွဲသားထားသည့် ကျောက်တုံးတိရိစ္ဆာန်ပုံကြီးများကို အစီအစဉ်တကျ နေရာချထားပုံများကြောင့် ကျောက်တုံးတိရိစ္ဆာန်ဥယျာဉ်အဖြစ် အမည်ပေးကာ ခရီးသွားပြည်သူများကို ဆွဆြောင်စေခဲ့ပါသည်။










သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ…………နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...