Wednesday, January 30, 2019

ကမ္ဘာ့အကျော်ကြားဆုံးနှင့် ထူးခြားစွာတည်ရှိနေသည့် ဆားပြင်ကြီးများ

ကျွန်တော်တို့ ကမ္ဘာကြီးပေါ်တွင် ရေခဲပြင်ကြီးများ ၊ သဲကန္တာရများ ၊ ကျောက်တောင်လွင်ပြင်များ ၊ မြက်ခင်းလွင်ပြင်ကြီးများ တည်ရှိနေသကဲ့သို့ မျက်စိတစ်ဆုံး ကြီးမားစွာ တည်ရှိနေတဲ့ ဆားပြင်ကြီးများလည်း ထူးထူးခြားခြား တည်ရှိနေပါတယ်။ ထို့ကြောင့်ပင် ထိုဆားပြင်ကြီးများကို ဆားကန္တာရများဟူ၍လည်း ခေါ်ဆိုတတ်ကြပါသည်။ ထိုဆားပြင်ကြီးများသည် ဆားဓာတ်နှင့် အခြားဓာတ်သဘာဝတို့ ပေါင်းစုကာ ကျွန်တော်တို့ မြေကမ္ဘာကို သဘာဝအတိုင်းကြီးမားစွာ ဖုံးလွှမ်းနေတတ်ကြပါသည်။ ထိုဆားပြင်ကြီးများသည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာ ကတည်းက ရေပြင်ကြီးများ အငွေ့ပျံသွားမှုကြောင့် ဖြစ်တည်လာခဲ့ကြခြင်း ဖြစ်ပါသည်။ သဘာဝအတိုင်း ဖြစ်တည်နေသော ဆားပြင်ကြီးများကို ကမာ့္ဘနေရာဒေသ အသီးသီးတွင် တွေ့မြင်နိုင်ကြသလို ထိုဆားပြင်ကြီးများ၌ ခရီးသွားဧည့်သည်များ ရိုက်ကူးခဲ့သည့် လှပသည့် ပုံများကြောင့်လည်း ကမ္ဘာကျော်နေရခြင်း ဖြစ်ပါသည်။ 

1. Salar de Uyuni, Bolivia 

ဘိုလီဗီးယားနိုင်ငံရှိ Salar de Uyuni ဆားပြင်ကြီးသည် ကမ္ဘာကျော် နေရာတစ်နေရာ ဖြစ်သလို ကမ္ဘာ့အကြီးဆုံး ဆားပြင်ကြီးလည်း ဖြစ်ပါသည်။ ထိုဆားပြင်ကြီးသည် 10,582 km2 (4,086 စတုရန်းမိုင်) အထိ ကျယ်ဝန်းပြီး ပင်လယ်ရေမျက်နှာပြင်အထက် 3,656 meters (11,995 ပေ) အမြင့်တွင် တည်ရှိနေပါသည်။ Salar de Uyuni ဆားပြင်ကြီး ကမ္ဘာကျော်ရခြင်းအကြောင်းများတွင် ထိုဆားပြင်ကြီးမှ မှန်ကဲ့သို့ ရောင်ပြန်ဟပ်ပြီး လှပနေတဲ့ ဓာတ်ပုံများကြောင့်လည်း တစ်ခုအပါအ၀င် ဖြစ်ပါသည်။

Salar de Uyuni, Bolivia ဆားပြင်ကြီးအား ကောင်းကင်ပေါ်မှ တွေ့မြင်ရပုံ
 
2. Bonneville Salt Flats, Utah, United States 

အမေရိကန်နိုင်ငံ၊ Utah ပြည်နယ်ရှိ Bonneville ဆားပြင်ကြီးသည်လည်း ကမ္ဘာကျော် လှပနေသည့် နေရာတစ်နေရာ ဖြစ်ပါသည်။ 40 စတုရန်းမိုင် (104 km2) ကျယ်ဝန်းပါသည်။

Bonneville Salt Flats, Utah, United States ဆားပြင်ကြီးအား ကောင်းကင်ပေါ်မှ တွေ့မြင်ရပုံ

3. Etosha pan, Namibia

နမ်မီးဗီးယားနိုင်ငံမှ Etosha ဆားပြင်ကြီး၏ အမည်ရဲ့ အဓိပ္ပါယ်မှာ ကြီးမားလှသော အဖြူရောင်နယ်မြေဟု ဖြစ်ပါသည်။ 4,800 km2 (1850 စတုရန်းမိုင်) အထိ ကျယ်ဝန်းလှပါသည်။

Etosha pan, Namibia ဆားပြင်ကြီးအား ကောင်းကင်ပေါ်မှ တွေ့မြင်ရပုံ

4. Devil’s Golf Course, Death Valley National Park, United States

အမေရိကန်နိုင်ငံ၊ Death Valley အမျိုးသားဥယျာဉ်ရှိ ဆားပြင်ကြီး ဖြစ်ပါသည်။ အမေရိကန်နိုင်ငံမှာ အကြီးဆုံး ဆားပြင်ကြီးဖြစ်သလို နာမည်ကျော် Death Valley ဒေသရဲ့ အကျော်ကြားဆုံး နေရာတစ်နေရာ အဖြစ်လည်း သတ်မှတ်ထားကြပါသည်။

Devil’s Golf Course, Death Valley National Park, United States ဆားပြင်ကြီးအား ကောင်းကင်ပေါ်မှ တွေ့မြင်ရပုံ 

5. Salinas Grandes, Argentina 

အာဂျင်တီးနားနိုင်ငံမှ Salinas Grandes ဆားပြင်ကြီးသည် ကမ္ဘာ့ဒုတိယအကြီးဆုံး ဆားပြင်ကြီးလည်း ဖြစ်ပါသည်။ 6,000 km2 (2,300 စတုရန်းမိုင်) အထိ ကျယ်ဝန်းလှပါသည်။

Salinas Grandes, Argentina ဆားပြင်ကြီးအား ကောင်းကင်ပေါ်မှ တွေ့မြင်ရပုံ 

6. Chott el Djerid, Tunisia

တူနီးရှားနိုင်ငံမှ Chott el Djerid ဆားပြင်ကြီးသည် ဆာဟာရသဲကန္တာရ နယ်မြေတွင် အကြီးဆုံး ဆားပြင်အဖြစ် တည်ရှိနေပြီး 5,000-7,000 km2 အထိ ကျယ်ပါသည်။ ယေဘုယျအားဖြင့် ခြောက်သွေ့နေသော ဆားရေကန်ကြီး သဘောဖြစ်ပြီး နွေရာသီ လုံးဝခြောက်သွေ့သွားချိန်၌ ကား ၊ ခြေလျှင် စသည်ဖြင့် ဖြတ်သန်း မောင်းနှင်သွားလာနိုင်ကြပါသည်။ သို့ပေမယ့် အပေါ်ယံ ဆားပြင်များ ကွဲအပ်သွားပါက အလွန်အန္တရာယ်များတတ်ပါသည်။

Chott el Djerid, Tunisia ဆားပြင်ကြီးအား ကောင်းကင်ပေါ်မှ တွေ့မြင်ရပုံ 

7. Makgadikgadi Pan, Botswana

ကမ္ဘာ့အကြီးဆုံး ဆားပြင်ကြီးများတွင် တစ်ခုအပါအ၀င်ဖြစ်သည့် Botswana နိုင်ငံမှ Makgadikgadi Pan ဆားပြင်ကြီးသည် တစ်ချိန်က အလွန်ကြီးသော ကန်ကြီးတစ်ကန် ဖြစ်ခဲ့ပါသည်။ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကတည်းက တဖြည်းဖြည်း ခြောက်သွေ့လာခဲ့ပြီး ယခုကဲ့သို့ ဆားပြင်ကြီးအဖြစ် ကျန်ရှိနေခဲ့ခြင်းပါ။ ထိုဒေသတွင် ဆားပြင်ကြီး တစ်ခုတည်းသာမကဘဲ ခြောက်သွေ့လှသည့် သဲကန္တာရလည်း တွဲလျက်တည်ရှိနေခြင်း ဖြစ်ပါသည်။

Makgadikgadi Pan, Botswana ဆားပြင်ကြီးအား ကောင်းကင်ပေါ်မှ တွေ့မြင်ရပုံ 

8. Salar de Arizaro, Argentina 

အာဂျင်တီးနားနိုင်ငံရှိ Salar de Arizaro ဆားပြင်ကြီးသည် 1,600 km² (617 စတုရန်းမိုင်) အထိကျယ်ဝန်းပါသည်။ အာဂျင်တီးနားနိုင်ငံတွင် အထက်တွင်ဖော်ပြခဲ့သော Salinas Grandes ဆားပြင်ကြီးပြီးနောက် ဒုတိယအကြီးဆုံး ဆားပြင်ကြီး ဖြစ်ပါသည်။ ထိုဒေသသည် အာဂျင်တီးနားနိုင်ငံ၏ အနောက်မြောက်ဘက်စွန်းတွင် တည်ရှိပြီး ချီလီနိုင်ငံနယ်စပ်နှင့် နီးပါသည်။

Salar de Arizaro, Argentina ဆားပြင်ကြီးအား ကောင်းကင်ပေါ်မှ တွေ့မြင်ရပုံ 

9. Salar de Atacama, Chile 

ချီလီနိုင်ငံရှိ Salar de Atacama ဆားပြင်ကြီးသည် ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး ဆားပြင်ကြီးဖြစ်ပါသည်။ 3,000 km2(1,200 စတုရန်းမိုင်) ကျယ်ပါသည်။ ထိုဆားပြင်ကြီးတည်ရှိရာအရပ်သည် အလွန်မြင့်မားသောအရပ်ဒေသတွင် တည်ရှိနေပြီး ပင်လယ်ရေမျက်နှာပြင်အထက် 2,300 meters (7500 ပေ) အမြင့်တွင် တည်ရှိနေပါသည်။ Salar de Atacama ဆားပြင်ကြီး၏ အလယ်တွင် Laguna Cejar အမည်ရှိ ရေကန်တည်ရှိနေပြီး ထိုကန်မှ ရေများတွင် ဆားပျော်ဝင်မှု အလွန်များပြားကာ လူကို ရေပေါ် ပေါ်နေစေနိုင်ပါသည်။ ရေမမြှုပ်နိုင်ပါ။ အစ္စရေးနှင့် ဂျော်ဒန်နိုင်ငံရှိ ပင်လယ်သေကဲ့သို့ပင် ဖြစ်ပါသည်။

Salar de Atacama, Chile ဆားပြင်ကြီးအား ကောင်းကင်ပေါ်မှ တွေ့မြင်ရပုံ 

10. Namak Lake, Iran

အီရန်နိုင်ငံရှိ Namak ရေကန်ကြီးသည်လည်း 1800 km² (700 စတုရန်းမိုင်) ကျယ်ဝန်းပါသည်။ ရေကန်ကြီးဟုခေါ်သော်လည်း ခြောက်သွေ့သော ဆားပြင်ကြီးသာ ဖြစ်ပါသည်။ 1 km² (0.38 စတုရန်းမိုင်) ပမာဏသာ ရေပြင်အဖြစ် တွေ့မြင်ရမှာပါ။ ထိုရေပြင်သည်လည်း 1 meter (3.2 ပေ) အောက်သာ နက်ပါသည်။
Namak Lake, Iran ဆားပြင်ကြီးအား ကောင်းကင်ပေါ်မှ တွေ့မြင်ရပုံ 
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

No comments:

Post a Comment

COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။

Related Posts Plugin for WordPress, Blogger...