
ကမ္ဘာ့အသက်အကြီးဆုံးငှက်အဖြစ် သတ်မှတ်ခံထားရတဲ့ ပင်လယ်စင်ရော်ငှက်ကြီးဟာ မိခင်ဘဝကို နောက်တကြိမ် ထပ်မံရောက်ရှိတော့မှာဖြစ်တယ်လို့ Sky News သတင်းမှာ ဖော်ပြပါတယ်။
ဝှစ်ဒန်လို့ခေါ်တဲ့ စင်ရောက်ငှက်မကြီးဟာ ဟာဝိုင်အီကျွန်းရဲ့ အနောက်မြောက်ဘက် ၁၂၀၀ ခန့်အကွာ ကျွန်းငယ်လေးတခုမှာရှိတဲ့ Midway Atoll National Wildlife ငှက်ထိန်းသိမ်းရေး စခန်းမှာရှိတဲ့ သူမရဲ့အသိုက်မှာ ဥတလုံး ဥလိုက်ပြီဖြစ်ပါတယ်။
ဇီဝဗေဒပညာရှင်တွေက ဝှစ်ဒန်ရဲ့အသက်ဟာ အနည်းဆုံး ၆၈ နှစ်ရှိပြီလို့ သတ်မှတ်ထားပြီး သူမဘဝတလျှောက်လုံး အနည်းဆုံး စင်ရော်ငှက်ငယ် ၃၀ ကို မွေးဖွားပြီးပြီလို့ ယူဆထားပါတယ်။
ဝှစ်ဒန်ကြောင့် ပညာရှင်တွေဟာလည်း ပင်လယ်စင်ရော်ကြီးတွေရဲ့ သတ်တမ်းကို ပြန်လည် သတ်မှတ်ခဲ့ကြရပါတယ်။
ပင်လယ်စင်ရော်ကြီးတွေဟာ တလင်တမယားစနစ်ကို ကျင့်သုံးကြသူတွေဖြစ်ပြီး သူတို့လက်တွဲဖော် သေဆုံးသွားချိန်မှသာလျှင် နောက်ထပ်အသစ်ကို ရှာဖွေလေ့ရှိကြပါတယ်။
ဝှစ်ဒန်ရဲ့ အဖော်ဖြစ်တဲ့ စင်ရော်အထီးလေး အကီရာကာမိုင်ရဲ့ အသက်ကို မသိရသေးပေမယ့် သူတို့နှစ်ကောင်ဟာ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်ကတည်းက အတူတကွ ရှိနေခဲ့ကြတာပါ။
“ဝှစ်ဒန်ကို သူမရဲ့ အသိုက်နေရာဟောင်းမှာ နိုဝင်ဘာ ၂၉ ရက်နေ့က ပြန်တွေ့ခဲ့ပြီး သူမဟာ ဥတလုံးဥထားတယ်လို့ Midway က ဇီဝဗေဒပညာရှင်တွေက အတည်ပြုထားပါတယ်” လို့ ပစိဖိတ်ဒေသ အမေရိကန် ငါးနဲ့ တောရိုင်းတိရစ္ဆာန်များအဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။
ပင်လယ်စင်ရော်ငှက်ကြီးတွေဟာ ဥတလုံးတည်းသာ ဥပြီး ဒီဥကို ၂ လကြာဝပ်ကာ အကောင်ပေါက်ပြီး ၅ လကြာသည်အထိ အကောင်ပေါက်လေးဟာ မိဘတွေနဲ့ အတူနေထိုင်ပါတယ်။
အချိန် ၂ လအတွင်းမှာ ဝှစ်ဒန်နဲ့ အကီရာကာမိုင်တို့ဟာ ဥကို တလှည့်စီဝပ်တာ၊ အကောင်ပေါက်ကို ထိန်းသိမ်းစောင့်ရှောက်တာတွေ ဆောင်ရွက်မှာဖြစ်ပြီး တကောင်က အသိုက်မှာရှိနေချိန် ကျန်တကောင်က အစာရှာမှာဖြစ်ပါတယ်။
ဝှစ်ဒန်ကို ၁၉၅၆ ခုနှစ်က ပထမဆုံး စတင်တွေ့ရှိခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်ကတည်းက သူမဟာ အလုံးစုံ အရွယ်ရောက်ပြီးတဲ့ ငှက်တကောင်ဖြစ်နေပြီလို့လည်း သိရပါတယ်။
Credit:DVB
No comments:
Post a Comment
COMMENT လေးများပေးပြီး ဆွေးနွေးပေးပါအုံး...
COMMENT ပေးရန်blogger အကောင့်ဖြင့်ဖြစ်စေ၊
Name/ URL(လိပ်စာတစ်ခုခု)ဖြင့်ဖြစ်စေ၊ အမည်မဖော်လိုလျှင်
Anonymous ဖြင့်ဖြစ်စေ ဆွေးနွေးနိုင်ပါသည်။