ဘယ်ဒေသ မှာပဲနေနေ ထင်ရာစွဲလမ်းယုံကြည်ယူဆနေတတ်ကြတာ ယခုလိုသိပ္ပံခေတ်ကြီးလို့ 
ဆိုရမယ့် အစစအရာရာတိုးတက်နေတဲ့ ကာလအထိတိုင်အောင် ရှိနေပါသေးတယ်....
တစ်ချို့ အကြောင်းအချင်းအရာတွေလည်း သိပ္ပံနည်းကဖြေရှင်းချက်ထုတ်နိုင်ပေမယ့် တစ်ချို့ 
လည်း ဘယ်လိုမှရှင်းပြလို့ မရနိုင်သေးတာတွေရှိနေပါသေးတယ်...
ဒါပေမယ့် ယုံတဲ့ သူတွေကတော့ ယုံနေကြဆဲ....
၁၉ ရာစုနှစ်လောက်တွေတုံးကတော့ အမျိုးသားတွေဟာ အိမ်ထောင်ပြုပြီးကြတဲ့ အခါ
သားသမီးမရမှာစိုးလို့ ဆလတ်ရွက်တွေကိုမစားကြတော့ ပါဘူးတဲ့ ... အဲဒီဆလတ်ရွက်
တွေကိုစားမိယင် သားသမီးမရနိုင်ပဲ မြုံသွားတတ်တယ်လို့ ယုံကြည်ခဲ့ ကြတယ်ဆိုပဲ...











ပုံမှန်အခြေအနေမှာ ကြက်သွန်ဥတစ်လုံးသည် ကြက်ဥတစ်လုံးပမာဏမျှသာ ရှိသော်လည်း
ယခုဖော်ပြပေးလိုက်သည့် ကြက်သွန်ဥကြီးမှာ သာမန်ကြက်သွန်ဥများနှင့် မတူဘဲ
တစ်မူထူးခြားစွာ အရွယ်အစား ကြီးမားလွန်းလှသည်။ ယင်းမှာ၁၈ပေါင်ကျော်မျှ
လေးလံလှသောကြောင့်လည်း ဂင်းနက်စ်မှတ်တမ်းကပင် ကမ္ဘာ့စံချိန်တင်ပေးလိုက်ရသည်။
အင်္ဂလန်နိုင်ငံ နော်တင်ဟမ်ရှိုင်းယားပြည်နယ်မှ စိုက်ပျိုးရေးလုပ်သားကြီး
ပီတာကသူ့ဥယျာဉ်မှာ ယင်းကြက်သွန်ဥကြီးကို ပြုစုပျိုးထောင်ပေးခဲ့သည်။ လုပ်သက်
နှစ်၃၀ကျော်အတွင်းမှာ ယင်းသို့စံချိန်တင်
ကြက်သွန်ဥမျိုးကိုမတွေ့ဖူးကြောင်း ပီတာကပြောပြသည်။




အမေရိကန်နိုင်ငံ လူစီယားနားပြည်နယ် နယူးအော်ရီလင်းမြို့ရှိ အမျိုးသမီးတစ်ဦးသည် စက်တင်ဘာလ ၂ရက်နေ့က နေအိမ်သို့ပြန်လာသည့် ခင်ပွန်းသည်ကို သူခိုးထင်မှတ်၍ သေနတ်ဖြင့် မှားယွင်းပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ အသက်၅၃နှစ်အရွယ်ရှိ အဆိုပါအမျိုးသမီးသည် နေအိမ်သို့ သူခိုးဝင်ရောက်မည်ကို အမြဲတစေ စိုးရိမ်တကြီး ရှိနေတတ်သည်။ ခင်ပွန်းဖြစ်သူ ရုတ်တရက်ပြန်ရောက်လာသည်ကို သူခိုးထင်၍ မှားယွင်းပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံရဲတပ်ဖွဲ့မှ ခန့်မှန်းပြောကြားပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။






