သူငယ်ချင်းတို
့ကိုဒီတစ်ခါ တင်ပြချင်တာက အာဏာရှိသူ
တစ်ယောက်ရဲ့ အမိန့် ကိုမှားယွင်းကောက်ယူမိတဲ့ကြေကွဲဖွယ်
အဖြစ်အပျက်ကိုပါ။
တတိယမြောက် နပိုလီယံ
၁၈၅၁
ခုနှစ်။တတိယမြောက် နပိုလီယံ အာဏာသိမ်းယူစဉ်
အချိန်မှာပါ။လုပ်ပိုင်ခွင့်အာဏာ
အပြည့်ရှိသူအမတ်ကြီး
ကောင်ဒီစိန်
့အာနော့ တစ်ယောက်ချောင်းဆိုးတဲ့ရောဂါ အပြင်း
အထန်ခံစားနေရပါတယ်။တာဝန်တွေ
အရေးကြီးနေချိန်မှာ
မခံမရပ်နိုင်အောင်ချောင်းဆိုးနေသဖြင့်
သူဟာအလွန်ကိုဒေါသထွက်
စိတ်ပျက်နေပါတယ်။
အဲဒီအချိန်မှာပဲ
သူရဲ့ လက်ထောက်အမတ်တစ်ယောက်က
''လူထုလူအုပ်ကြီးက
ဘုရင့်အစောင့်တပ်ဖွဲ့ နဲ့မျက်နှာချင်းဆိုင်
တွေ့ နေကြပြီ ''လို့ အရေးတကြီးသတင်းပို့ ပါတယ်။
တိုက်ဆိုင်စွာပဲ
အဲဒီအချိန်မှာချောင်းဆိုးလွှန်းလို့ စိတ်ဆိုးနေတဲ့
အမတ်ကြီးက
''သေခြင်းဆိုးချောင်း ''('' Ma sacree toux!'')
လို့ 
ကိုယ့်ဟာကိုယ်
ကြိမ်ဆဲလိုက်ပါတယ်။
အဲဒီအသံကို
လက်ထောက်အမတ်က ''Massacrez tous''ကြားသွား
ပါတယ်။အဓိပ္ပာယ်ကတော့
''လူတိုင်းကို သတ်ပြစ်လိုက်''ပါတဲ့။
အသံထွက်ကလည်း
ဆင်တာကိုး။