* ဂေါတမမြတ်စွာဘုရားသည် ဗာရဏသီပြည်၊ မိဂဒါဝုန်တော် နန္ဒိယ၀ိဟာရကျောင်းတော် တါင် ပထမဆုံးဝါဆိုတော်မူခဲ့သည်။
* ဆူးလေစေတီတော် ကို သာသနာနှစ်(၂၃၅)ခုနှစ်က တည်ခဲ့သည်။
* မြန်မာနိုင်ငံအတွင်းသို့အစောဆုံးဝင်ရောက်ခဲ့သော မျိုးနွယ်စုမှာ တိဗက်-မြန်မာ၊ မွန်-ခမာ တို့ဖြစ်ကြသည်။
* မြန်မာနိုင်ငံအတွင်းသို့ ပထမဆုံးရောက်ရှိလာသော ဥရောပတိုက်သားမှာ အီတလီလူမျိုး၊ဗင်းနစ် မြို့သား နီကိုဒီကွန်တီ ဖြစ်သည်။
* ပထမမြန်မာနိုင်ငံကိုစတင်တည်ထောင်ခဲ့သူမှာ အနော်ရထာမင်း(နန်းစံနှစ် ၁၀၄၄-၁၀၇၇)ဖြစ်သည်။
* ကုန်းဘောင်မင်းဆက်၏ ပထမဆုံးဘုရင်မှာ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ (နန်းစံနှစ် ၁၇၅၂-၁၇၆၀)ဖြစ်သည်။
* မြန်မာ့ပထမဆုံးလွှတ်တော်သည် သက္ကရာဇ်(၅၇၃)ခုနှစ် ဇေယျသိင်္ခမင်းလက်ထက်တွင် ပေါ်ပေါက်ခဲ့သည်။
နေခရမ်း....
|
Saturday, June 30, 2012
mazon တောထဲမှလူသားစား Piranhasငါးမျိုး
Piranhasငါးမျိုးစိတ်သည်ကမ္ဘာပေါ်မှလူသားစားငါးမျိုးစိတ်ထဲတွင်ပါဝင်ပြီး။အဆိုးဆုံးငါးမျိုးစိတ်ပင်ဖြစ်ပါသည်။
၎င်းတို့သည်အုပ်စုဖွဲ့ကာနေထိုင်တတ်ပြီးအညီနံ့တစ်ခုခုရသည်နှင့်တစ်ပြိုင် နက်တည်းထိုနေရာကိုရှာဖွေနိုင်ပြီး လူသားဖြစ်နေပါက တစ်ကောင်ပြီးတစ်ကောင် ကိုက်ဖြတ်စားသောက်လိုက်သောအခါတွင်ခဏလေးအတွင်းမှာအပင် အရိုးပဲကျန်ရှိနိုင်ပါတော့သည်။ လူသားစားငါးမျိုးပင်ဖြစ်ပါသည်။အင်မတန်ကြောက်စရာကောင်းပါသည်အကောင်းအသေးလေးအရွယ်ကတည်းကပင် လူသားကိုစားသုံးနေပြီဖြစ်ပါသည်။ Piranhas လူသားစားငါးသည် ပစ်မှတ်တစ်ခုကိုတွေ့ သည်နှင့်တစ်ပြိုင်နက်ဝုန်းကနဲဆိုသလိုပင်ငြိမ်သက်နေသောငါးအုပ်ကြီးသည် ထိုပစ်မှတ်သားကောင် နောက်သို့ အလျင်အမြန်ပင်ရောက်အောင်သွားကာ ထိုသားကောင်ကို တစ်ကောင်စီအလုအယှက်ပင်ဆွဲစားပါတော့သည် မကြာခင်အချိန်အတွင်းမှာပင်အသားစ တစ်စမျှမကျန်တော့ပေ အရိုးကိုသာတွေ့ မြင်ရလိမ့်မည်။

ရှန်ဟိုင်းမှ သစ္စာရှိသောခွေးကလေး
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့ ၊ ကျောင်ကျိုး လမ်းမမှာ ဖြစ်ပွားခဲ့ တဲ့ လူ ၅၃ ယောက်သေဆုံးခဲ့ တဲ့ မီးလောင်မှု
ကြီးနောက်မှာ ( သူ့ ရဲ့ သစ္စာရှိမှုကြောင့် ) လူတွေရဲ့ စိတ်နှလုံးကို ညို့ ယူဖမ်းစားနိုင်ခဲ့ ပါတယ်...
Friday, June 29, 2012
Thursday, June 28, 2012
တရုတ်၌ စုံတွဲ ၇၅ တွဲ တစ်ပြိုင်နက် မင်္ဂလာဆောင်

ဇွန်လ ၁၅ ရက်နေ့က တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း လျောင်နင် ပြည်နယ်
ရှန်ယန်းမြို့တွင် စုပေါင်းမင်္ဂလာပွဲအခမ်းအနားတစ်ရပ်ကို ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ လက်ထပ်မင်္ဂလာပွဲ အခမ်းအနား၌ စုံတွဲပေါင်း ၇၅ တွဲ ပါဝင်သည်။ မင်္ဂလာပွဲသို့ ၄င်းတို့၏ မိသားစု၊ ဆွေမျိုးများနှင့် မိတ်ဆွေသင်္ဂဟပေါင်းများစွာ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
@ Pyi Myanmar

ကမ္ဘာ့အထူးချွန်ဆုံး မျက်နှာလိမ်တွန့်ကာ ရုပ်ဖျက်ပညာရှင်

တရုတ်နိုင်ငံမှ မျက်နှာလိမ်တွန့်ကာ ရုပ်ဖျက်သည့်ပညာရှင် တန်ရှုကွမ်(၄၃နှစ်)သည် မျက်နှာကို အလိမ်တွန့်နိုင်ဆုံးလူအဖြစ် ဂင်းနက်စ်ကမ္ဘာ့စံချိန် မှတ်တမ်း၌ ဖော်ပြခံရသူဖြစ်သည်။ သူက သူ့ထက်ပို၍ မျက်နှာလိမ်တွန့်နိုင်သူရှိပါက မည်သူ့ကိုမဆို ယွမ်ငွေ၁၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၅,၀၀၀)ချီးမြှင့်မည်ဖြစ်ကြောင်းဇွန်လ ၆ ရက်နေ့ တွင် ကြေညာခဲ့သည်။ သူသည် တရုတ်နိုင်ငံစီချွမ်ပြည်နယ် ချန်ဒူးမြို့၌ နေထိုင်သူဖြစ်ပြီး ကမ္ဘာ့မျက်နှာအလိမ် တွန့်နိုင်ဆုံး ပုဂိုလ်ဖြစ်ပြီး ပြိုင်ဘက်မရှိပေ။ သူသည် ၁ဝနှစ်နီးပါးကြာအောင် ကမ္ဘာလှည့်ကာ သူ၏ပညာကို ပြသခဲ့သူဖြစ်ပြီး ဇွန်လ၆ရက်နေ့က ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁ဝဝဝဝနှင့် ဂင်းနက်စ်ဆုတံဆိပ်ကို ချီးမြှင့်ခြင်းခံခဲ့ရသည်။
@Pyimyanmar

ဆေးရုံတက်သည့်အခါကျမှ မိမိကိုယ်မိမိ အမျိုးသမီးဖြစ်နေမှန်းသိရသူ

အမျိုးသားတစ်ဦးသည် ကျောက်ကပ်၌ ကျောက်တည်သောကြောင့် ဆေးရုံတက်ကာ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်သည့်အခါကျမှ မိမိကိုယ်မိမိ အမျိုးသမီးဖြစ်နေမှန်း သိရသည် ဟုဆိုသည်။ အမေရိကန်ပြည်ထောင်စု ကော်လိုရာဒိုပြည်နယ် ဒင်ဗာမြို့မှ ဓာတ်ပုံဆရာတစ်ဦးဖြစ်သော စတိဗ်ခရီဆဲလ်လီး ယပ်စ်သည် မွေးလာစဉ်ကတည်းက အမျိုးသားနှင့် အမျိုးသမီး ဗီဇနှင့် အင်္ဂါနှစ်ရပ်စလုံး ပါဝင်ခဲ့ပြီး ကာလကြာရှည်စွာ သူ၏အမျိုးသမီးဖြစ်မှုက ပုန်းကွယ်နေခဲ့သည်ဟုဆိုသည်။ အာထရာ ဆောင်းစစ်ဆေးမှု၌ အမျိုးသမီးအင်္ဂါများကို တွေ့ရှိခဲ့ရပြီးနောက် အမျိုးသားတစ်ဦးအဖြစ် ဆက်လက်နေထိုင်ရန် မဖြစ်နိုင်တော့သော စတိဗ်သည် စတီဗီဟု အမည်ပြောင်းလဲကာ နေထိုင်ခဲ့ရသည်။ သူသည် အမျိုးသားတစ်ယောက်အဖြစ် အိမ် ထောင်ပြုခဲ့သူဖြစ်ပြီး ဇနီးနှင့်ကလေး ခြောက်ယောက်ရှိသည်။ သူသည် ငယ်စဉ်က အမျိုးသမီးဖြစ်ချင်ကာ မိခင်၏ အ၀တ်အစားများနှင့် မိတ်ကပ်တို့ကို လှိျု့ဝှက်စွာ အသုံးပြုဖူးသော်လည်း မည်သူ့ကိုမှ ဖွင့်ပြောခဲ့ခြင်း မရှိဟုဆိုသည်။ အသက် ၄၀အရွယ်၌ ဆေးရုံတက်ရောက်သည့် အခါကျမှ သူ့ထံတွင် အမျိုးသမီးအင်္ဂါများ ပါဝင်နေကြောင်း တွေ့ရှိရသည်ဟုဆိုသည်။
ပြည်မြန်မာ

Wednesday, June 13, 2012
ရင်တွင်ထိခတ်ရသော သတင်းများ...
သြဂုတ်လ နောက်ဆုံးအပတ် 7days ဂျာနယ်ကိုဖက်နေရင်း တွေ့ လိုက်ဖတ်လိုက်ရတာ
တကယ်ကို ဟုတ်မှဟုတ်ရဲ့ လားဟုတောင်ထင်မှတ်ရပါသည်။ မည်သို့ မျှမယုံနိုင်ပါ။
ရင်ထဲလည်း ပြင်းပြင်းထန်ထန် ထိခတ်ရပါသည်။
ဒီသတင်းကတော့  အမေဖြစ်သူကို သားဖြစ်သူကသတ်မိတဲ့ သတင်းပါ။မြန်မာနိုင်ငံ မှာ လုံးဝ မကြားနိုင်ဟုထင်မှတ်ထားသော သတင်းမျိုးပါ။ မတော်တဆ ဆိုလျှင် နားလည်ပေးနိုင်ပေမယ့် တုတ်နှင့် ရိုက်တာဆိုတော့ မည်သို့ မျှနားမလည်နိုင်တော့ ပါ။အမေဖြစ်သူအမှား ပြုမိလျှင်လည်းရိုက်နှက်လောက်အောင်တော့ မဖြစ်သင့် ပါ။ဆရာဦးသု
ခပြောသော အမေဆိုတာအမေပါပဲ။
ဒီသတင်းနှင့် အတူ အရင်တပတ် ဂျာနယ်ထဲတွင်လည်း(7 daysဟုထင်ပါသည်) အဖေဖြစ်သူကို သားကသတ်မိသော သတင်းကို သတိရမိပါသည်။ထိုတုန်းကလည်း မည်သို့ မျှနားမလည် နိုင်သော်လည်း သြော် တစ်ဦးတစ်လေပါဟုစိတ်ဖြေ လိုက်ပါသည်။ အခုလိုရက်ဆက်ဆိုသလိုတွေ့ လိုက်ရတော့ ကျွန်တော်တို့ မြန်မာတွေ ယဉ်ကျေးမှု၊လေးစားမှု၊အကျင့် သီလ ဒါတွေဘယ်ပျောက်ကုန်ပြီလဲ။ ကိုယ်ကိုတိုင်လည်း အမိ၊အဖ များအပေါ် ဆိုးခဲ့ ၊မှားခဲ့ ဖူးတော့ တကယ်ကိုကြောက်ရွံ့ မိပါသည်။
ထိုပြင်အခုရက်ပိုင်း နိုင်ငံပိုင် သတင်းစာတွင် ဂျပန်ခရီးသွားအမျိုးသမီးကို သတ်ဖြတ်ခြင်း သတင်းကို ဖတ်ရပါသည်။အပေါ်ယံကြည့် လျှင်အရေးမကြီးပေမယ့် ဒါဟာ နိုင်ငံနှင့် လူမျိုးနှင့်  တိုက်ရိုက်ပတ်သက်ပါသည်။ကိုယ့် နိုင်ငံကိုလာသော ဧည့် သည်ကို ဧည့် ဝတ်မကြေပါပဲ အသက်ရန်ရှာ ခြင်းသည်အခြားနိုင်ငံသားများအနေဖြင့် ကျွန်တော်တို့ ကို
မည်သို့ ထင်မည်နည်း။ယုံရောယုံနိုင်ပါ တော့ မလား။
သည်အကြောင်းအရာ များသည် ကျွန်တော်အတွက် ရင်ထဲ ထိခတ်စေသဖြင့်  တင်ပြရခြင်းဖြစ်ပါသည်။တစ်ဦးတစ်ယောက်ကြောင့်  အများကို ထိခိုက်ပြောခြင်းမဟုတ်ပါ။သို့ သော် ကျွန်တော်တို့ တတွေ သတိပြု ဆင်ခြင်သင့် ကြောင်းတင်းပြရင်း.......နေခရမ်း

ဗိုလ်ချုပ်ရဲ့ ...စိတ်
ဗိုလ်ချုပ်အောင်ဆန်းရဲ့ စိတ်ဓာတ်ကိုစာအုပ်တော်တော်များများမှာဖတ်ဖူးပါတယ်။
အခုနှစ်ပိုင်းမှာဗိုလ်ချုပ်အကြောင်းစာအုပ်တော်တော်များများထွက်ရှိလာလို့ ကိုယ်မသိတဲ
့အကြောင်းများသိရှိခွင့် ရရှိခဲ့ ပါတယ်။
ဒီအထဲက အကြောင်းအရာလေးတစ်ခုကို တင်ပြခြင်ပါတယ်။၁၉၄၇ခုနှစ်ကပေါ့ ။
ဗိုလ်ချုပ်တို့  တိုင်းပြုပြည်ပြု လွှတ်တော်အတွက် မဲဆွယ်စည်းရုံးဖို့  တစ်နိုင်ငံလုံးလှည့် စဉ်
အချိန်မှာ ရွှေဘိုမြို့ ကိုရောက်ရှိခဲ့ ပါတယ်။
ရွှေဘိုမြို့ က ဦးစံထွားတိုက်မှာ တည်းခိုစဉ် မြို့ မိမြို့ ဖများက ဗိုလ်ချုပ်တို့ ကို
ညိုညိုစိန်အငြိမ့် ဖြင့် ဧည့် ခံပါတယ်။ပွဲစီစဉ်သူများက ဗိုလ်ချုပ်ကို လက်ဆွဲနိုင်ရင် မင်းသမီး
ညိုညိုစိန်ကို ဆုငွေချီးမြင့် မယ်လို့  အပျော်သဘောဖြင့် တိုးတိုးတိတ်တိတ်တိုင်ပင်ကြပါတယ်။
မင်းသမီးကလည်း သဘောတူပြီး ဗိုလ်ချုပ်ကိုလက်ဆွဲဖို့ ကြိုးစားပါတယ်။ဒါကိုရိပ်မိ သွားတဲ့ 
ဗိုလ်ချုပ်က “မင်းသမီးနော် ကျုပ်ကို ဆွဲလားရမ်းလား မလုပ်နဲ့ ။ ကျုပ်မှာ ကာမပိုင်ရှိတယ်။
မခင်ကြည်သိရင် စိတ်ဆိုး လိမ့် မယ်”ဟုပြန်လည် ပြောဆိုခဲ့ ပါတယ်။
ဗိုလ်ချုပ်ရဲ့  လိပ်ပြာသန့် ရှင်းပုံနဲ့  မိမိဇနီးမယားအပေါ် အလေးထားတက်ပုံကတော့ 
ရှာမှရှားပါပဲဗျာ။ဒီအကြောင်းကိုလေးစားစွာနဲ့  တင်ပြရခြင်း ဖြစ်ပါသည်။
.......................နေခရမ်း..................................

ပါကစ္စတန်နိုင်ငံတွင် ခြေထောက် ၆ ချောင်းပါ ကလေးငယ် မွေးဖွား...
A newly-born child, who has six legs, rests on his grandmother's lap at his family home in Sukkur in Pakistan's Sindh province
ပါကစ္စတန်မှ ခြေထောက် ၆ ချောင်းပါကလေးငယ်....
A newly-born child, who has six legs, rests on his grandmother's lap at his family home in Sukkur in Pakistan's Sindh province. Reuters
ပါကစ္စတန်နိုင်ငံ၊ ဆင်းဒ်ပြည်နယ်၊ ဆွက်ကာဒေသ အရပ်တွင် လွန်ခဲ့ သည့် သောကြာနေ့ ကခြထောက် ၆
ချောင်းပါရှိသည့် ကလေးငယ်တစ်ဦးမွေးဖွားခဲ့ သဖြင့် နိုင်ငံ၏ဆေးပညာအသိုင်းအ၀န်းလောကတစ်ခုလုံး
တုန်လှုပ်ခြောက်ခြားအံ့ သြသွားခဲ့ ရပါတယ်...
ပီဇာက လွဲရင် ဘာကိုမှ မစားခဲ့သူ (၁၉)နှစ် အရွယ် မိန်းကလေး
(၁၁)နှစ် အရွယ်ကစလို့ ပီဇာက လွဲရင် ဘာကိုမှ မစားခဲ့သူ (၁၉)နှစ် အရွယ် မိန်းကလေးဝေး လ်စ် တောင် ပိုင်း၊ ဝ ရက်စ် ဟမ်း ပြည်နယ်မှာ နေထိုင် လျက် ရှိသူ ဆိုဖီရေး ဆိုသူ(၁၉) နှစ် အရွယ် မိန်းကလေး တစ်ယောက်ဟာ အသက် (၂)နှစ် ကတည်းက အစားအစာကို ပုံမှန် မစားသောက် ခဲ့ဘဲ (၉)နှစ် အရွယ် မှာတော့ ပီဇာ တစ်မျိုးတည်းပဲ စားသောက် လာခဲ့တာ ဒီနေ့ အထိပါပဲတဲ့။
သက်သက်လွတ် ဟင်းသီးဟင်းရွက်ပဲ စားတဲ့ ကမ္ဘာ့ ပထမဆုံး ငါးမန်း

သက်သက်လွတ် ဟင်းသီးဟင်းရွက်ပဲ စားတဲ့ ကမ္ဘာ့ ပထမဆုံး ငါးမန်းအသား မစားတဲ့ ကျား၊ အသား မစားတဲ့ ငါးမန်း၊ ဒီကမ္ဘာ လော ကထဲ ရှိတယ် ဆိုရင် ဘယ်သူ့မှ ယုံရဲ ကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် မယုံ မရှိ လိုက်ကြပါနဲ့။ အခုပုံမှာ တွေ့ရမယ့် (၆)ပေအရှည်ရှိ ဖလော့ရင့်စ် အမည်ရ သူနာပြု ငါးမန်းမလေး (narse shark) ကတော့ အသားဆို ဘယ်အသားမှ မစား၊ သက်သက်လွတ် ဟင်းသီး ဟင်းရွက်ပဲစားတဲ့ ကမ္ဘာ့ပထမဆုံး ငါးမန်း ဖြစ်လာခဲ့ပါပြီ။အစတုန်းက တော့ သူဟာ အသားစားတိရစ္ဆာန် တစ်ကောင်ပါ။ ဒါပေမယ့် ၂၀ဝ၉ခုနှစ် က မေးရိုးထဲကပ်ငြိဝင်ရောက်နေတဲ့ သံငါးမျှားချိတ်တစ်ခုကို ဖယ်ရှား လိုက်ပြီး နောက်ပိုင်းမှာ ပုံမှန်စားနေ ကျ အသားတွေကို လုံးဝမစားတော့ တာဖြစ်ပါတယ်။ အဲဒါကြောင့် လို အပ်တဲ့ ပရိုတိန်းဓာတ်ရရှိစေဖို့ ဟင်း သီးဟင်းရွက် အချောင်းတွေထဲမှာ ငါးအသားဖတ်တွေဝှက်ပြီး ကျွေးနေရ ပါတယ်။သူ့ကို ထိန်းသိမ်းစောင့် ရှောက်နေတဲ့ ဂရေဟမ်ဘာရိုးစ်က “သူအကြိုက်ဆုံးကတော့ သခွား သီးနဲ့ ဆလပ်ရွက်တွေပါပဲ။ ဒါပေမယ့် ပရိုတိန်းဓာတ် မချို့တဲ့အောင်လို့ အရွက်တွေကြားထဲမှာ အသား၊ ငါး ဖတ်တွေညှပ်ပြီး ကျွေးနေရပါတယ်” လို့ ဖွင့်ဟခဲ့တာပါ။ သူနာပြု ငါးမန်း တွေဟာ ရေညှိတွေပေါများတဲ့ နေရာ မှာ ကျက်စားလေ့ရှိတာကြောင့် ဖလော့ရင့်စ်အနေနဲ့ အသီးအရွက်ပဲ စားတာ မဆန်းဘူးလို့ တချို့ကပြော နေကြလေရဲ့။
@First Music News

ကမ္ဘာ့အငယ်ဆုံးမိခင်လေး

အသက် ၅နှစ်သာရှိသေးတဲ့ ပီရူးနိုင်ငံက ကလေးမလေး Line Medina ဟာကလေးတစ်ဦးကို
မွေးဖွားခဲ့ပါတယ်။1939 မှာအသက် ၅ နှစ်ပြည့်တဲ့ သူမဟာ မည်သူနှင့် မည်သည့်အတွက်ကြောင့်
ဆိုတာ တိတိကျကျ မပြောနိုင်ပဲ သားတစ်ယောက်ကို အောင်မြင်စွာမွေးဖွားခဲ့ပါတယ်။
သူ့ရဲ့ သား Gerardoဟာ 1979 ခု အသက် 40 အရွယ်ကျမှ သေဆုံးခဲ့တာပါ။
Median ဟာ နောက်ပိုင်းမှာအိမ်ထောင်ပြုခဲ့ ပြီး ဒုတိယသားတစ်ဦးကိုထပ်မွေးခဲ့ပါတယ်။
ပထမအကြိမ် ကလေးမွေးပြီး 33 နှစ်ကြာမှ နောက်ထပ်ကလေးတစ်ဦးရတာပါ။
...................................နေခရမ်း

နော်ဝေးနိုင်ငံရှိ ကမ်းပေါ်တင်နေသော တန်၂၀ လေးသော ငါးအသေများ
နော်ဝေးနိုင်ငံရှိ ကြမ်းခြေပေါ်မှာ တန် ၂၀ အလေးချိန်ရှိတဲ့ ငါးအသေအုပ်ကြီး လာရောက်သောင်တင်နေမှု ဖြစ်ပွားခဲ့ပါတယ် ။ ရာသီဥတုပြောင်းလဲလာတာနဲ့အမျှ နေ့စဉ်နဲ့အမျှ ကမ္ဘာကြီးရဲ့ အပူချိန်ဟာ တဖြည်းဖြည်း တိုးလာပါတယ် ။ ရေခဲ တွေအရည်ပျော်လာတာနဲ့အမျှ ပင်လယ်သတ္တ၀ါတွေရှားပါးကုန်ကြပါတယ် ။ နော်ဝေးနိုင်ငံ ကမ်းခြေ မြောက် ပိုင်းမှာလည်း ထောင်ပေါင်းများစွာသော ငါးအသေတွေဟာ တကယ်ပဲ နိမိတ် ဆိုးတွေကို ဆောင်ယူလာခဲ့ခြင်းပေလော ။
အလိုအလျှောက်ရွေ့လျားနေသော ကျောက်တုံးများ
ဒီသတင်းလေးထွက်လာခဲ့တာကတော့
ကြာတော့ာကြာနေပါပြီ ။ မသိသေးသူများအတွက် တင်ပေး လိုက်ရခြင်း ဖြစ်ပါတယ် ။
ကယ်လီဖိုးနီးယားပြည်နယ် Death Valley မှာ ဘာကြောင့် မှန်းမသိ ပဲ မြေကြီးပေါ်
မှာ ကျောက်တုံးတွေရွေ့လျားနေခြင်းဖြစ်ပေါ်ခဲ့ပါတယ် ။ ဒီကျောက်တုံးတွေဟာ
အချို့ဆိုရင် 300 kg လောက်လေး ပြီး ဒီလို ရှင်းလင်းတဲ့ သဲသောင်ပြင်မှာ
ဘာကြောင့်အ ရာတွေထင် ပြီး ရွေ့လျား သွားနေ ကြတာ ပါလဲ ။ သူတို့
ရွေ့လျားသွားတဲ့လမ်းကြောင်းမှာလည်း စွတ်ကြောင်းရာကြီးတွေရှိနေပြီး
အချို့ဆို ပေ တစ်ရာလောက်အထိကို ရှည်လျားပါတယ် ။
ထူးဆန်းတဲ့ အဖြေရှာမရတဲ့ အား တစ်ခုကြောင့် ဒီလို ရွှေ့လျားနေကြတာလား ဘယ်သူကမှ အဖြေကို တိတိကျ ကျမထုတ်နိုင်သေးတဲ့ ကမ္ဘာပေါ်မှာ ရှိတဲ့ ထူးဆန်းထွေလာများစွာထဲက တစ်ခုပဲဖြစ်ပါတယ် ။
REF;သက်တန့်ချိုဆိုဒ်
ထူးဆန်းတဲ့ အဖြေရှာမရတဲ့ အား တစ်ခုကြောင့် ဒီလို ရွှေ့လျားနေကြတာလား ဘယ်သူကမှ အဖြေကို တိတိကျ ကျမထုတ်နိုင်သေးတဲ့ ကမ္ဘာပေါ်မှာ ရှိတဲ့ ထူးဆန်းထွေလာများစွာထဲက တစ်ခုပဲဖြစ်ပါတယ် ။
REF;သက်တန့်ချိုဆိုဒ်

စာမေးပွဲခိုးချခြင်းမှ ကာကွယ်နိုင်မည့် Outdoor test
ဒီနည်းလေးက
နယ်မြေ ဧရိယာ ကျယ်ဝန်းတဲ့ကျောင်းတွေအတွက်တော့ အဆင်ပြေမယ်လို့ မြင်မိတယ် ။
တရုတ်ပြည် မှာ စာသင်ခန်းတွေထဲမှာ
စာခိုးချတဲ့ကျောင်းသားတွေတဖြည်းဖြည်းများသထက် များလာခဲ့တယ် ။ နည်းမျိုးစုံ
နဲ့ပေါ့ ။ တရုတ်ပြည် Hubei ပြည်နယ်မှ Wuhan
မှာရှီတဲ့အလယ်တန်းကျောင်းတစ်ကျောင်းမှာတော့ စာခိုး ချခြင်းကိုကာကွယ်ဖို့
ကျောင်းသူကျောင်းသားတွေကို ကျောင်းအပြင် မြေကွက်လပ်ကို ထွက်ထိုင်စေတယ် ။
ဥပမာ ကစားကွင်းလိုနေရာမျိုးပေါ့ ပြီးတော့ခုံတွေကို
အဝေးကြီးချဲထားလိုက်ကြတယ် ။
ဒီလို လုပ်ပေမယ့်လည်း တိုးတက်လာတဲ့နည်းပညာတွေအရ အွန်လိုင်းပေါ်မှာ မဖြေခင်က တည်း က မေး ခွန်းတွေပျံ့နှံ့နေကြတယ်လို့ဆိုတယ် ။ တာဝန်ရှိသူတွေကလည်း နောက်ဆုံးပေါ် နည်းပညာတွေ သုံးနေ ကြရ တယ်လို့ဆိုတယ် ။
ref:သက်တန့် ချို

ကိုလံဘီယာမှ လိပ်ကလေးဟု ထင်ရှားသော ကလေးငယ်
ခွဲစိတ်ပြီးနောက်ပျော်ရွှင်နေသည့် ဒီဒီယာ
ကိုလံဘီယာမှ လိပ်ကလေးဟု ထင်ရှားသော ကလေးငယ်၏ ကျောပြင်မှ လိပ်ခွံသဖွယ်ဖြစ်နေသော အသားပိုကြီးကို ဗြိတိန်ဆရာဝန်တစ်ဦးက ဦးဆောင်ပြီး ကိုလံဘီယာနိုင်ငံတွင် အောင်မြင်စွာ ခွဲစိတ်ဖယ်ရှားနိုင်ခဲ့သည်ဟု သိရသည်။
အသက် ၆ နှစ်အရွယ်ရှိ ဒီဒီယာမွန်တာလ်ဗိုသည် ရှားပါးသည့် လက္ခဏာတစ်ရပ်ဖြစ်သော Congenital Melanocytic Nevus ဆိုသော ရောဂါကို ခံစားနေရခြင်းဖြစ်သည်။

နော်ဝေစုံတွဲက မြောက်ဝင်ရိုးစွန်း၌ လက်ထပ်သည့် ကမ္ဘာ့ပထမဆုံးစုံတွဲဖြစ်လာ

အာတိတ်ဒေသ စူးစမ်းလေ့လာရေးသမား ဘတ်စရီအောက်စလန်း (၄၉နှစ်)သည် သူ၏ဇနီးဟေဂေ (၃၅နှစ်)နှင့် ကမ္ဘာကြီး၏ မြောက်ဘက်အကျဆုံးနေရာ၌ လက်ထပ်ခဲ့ပြီး ယင်းကဲ့သို့ပြုလုပ်သည့် ကမ္ဘာ့ပထမဆုံး စုံတွဲဖြစ်လာကြောင့် DMသတင်းဌာနက မေလ၁ရက်နေ့တွင် ဖော်ပြသည်။ နော်ဝေနိုင်ငံ အော်စလိုမြို့မှ အဆိုပါ စုံတွဲသည် ကိုယ်ရံတော်များ၊ သတို့သား သတို့သမီးအရံများနှင့် ရဟတ်ယာဉ်မောင်းတစ်ဦး အပါအဝင်ဧည့်သည် ၁၅ဦးခြံရံကာ ၎င်းတို့၏ လက်ထက်မင်္ဂလာပွဲကို မြောက်ဝင်ရိုးစွန်း ဒေသ၌ကျင်းပခဲ့ခြင်းဖြစ်သည်။ သတို့သမီးသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကိုယ်ရံတော်များ ခရစ်ယာန်ဘုန်းတော်ကြီး တို့နှင့်အတူ ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။
@Pyimyanmar

၂၀၁၁ ခုနှစ်အတွင်း တွေ့ရှိခဲ့သော သက်ရှိ မျိုးစိတ်သစ်များအနက်မှ အထူးဆန်းဆုံးမျိုးစိတ် ၁၀ ခု

၂၀၁၁ ခုနှစ် အတွင်းတွေ့ရှိခဲ့သော သက်ရှိ မျိုးစိတ်သစ်များအနက်မှ အထူးဆန်းဆုံး၊ စိတ်ဝင်စားစရာအကောင်းဆုံး မျိုးစိတ် ၁၀ ခုစာရင်းကို အပြည်ပြည်ဆိုင်ရာ မျိုးစိတ်လေ့လာရှာဖွေရေး အင်စတီကျုက မေလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
Tuesday, June 5, 2012
ဒီလိုလုပ်ရဲလား
စတန့်ထွင်တာကို ၀ါသနာပါသူတွေအတွက် ဒီလို စွန့်စား မှုတွေနဲ့
မိတ်ဆက်ပေးလိုက်ပါတယ် ။ တောင် ထိပ် ပေါ်မှာ အသည်းတယားယားနဲ့ သက်စွန့်ဆံဖျား
စတန့်ထွင်ရမယ့် အလုပ်ကတော့ မလွယ်လှပါဘူး ။အသက် အန္တရာယ် အရမ်းနီးပြီး
လိုအပ်ရင် အသက်ကိုတောင် စတေးရမှာ ဖြစ်ပါတယ် ။ ကဲ သည်းထိတ်ရင်ဖို စွန့်စား
ခန်းများကို အတူတူခံစားကြည့်လိုက်ရအောင် ။
အင်း.. တောင်အောက်ကို ပြုတ်သာကျရင်တော့လား....။

ရေခဲခေတ် အမွေးရှည် မမ်မတ်သ်ဆင်ငယ်၏ ရုပ်အလောင်း ရှာဖွေတွေ့ရှိ
ရှေးဦးရေခဲခေတ်ဂူအောင်းနေလူသားများလက်ချက်ကြောင့်အသက်ဆုံးရှုံးခဲ့သည့်အမွေးရှည်မမ်မတ်သ်ဆင်ငယ်တစ်ကောင်၏ရုပ်အလောင်းကိုသုတေသီများက
အရိုးနှင့်အရေခွံများ ပကတိ အနေအထား မပျက် ဘဲ ရှာဖွေ တွေ့ရှိခဲ့သည်။
နီဝါရောင် အမွေးရှည်များရှိသော အဆိုပါ သတ္တ၀ါသည် လွန်ခဲ့သော နှစ်ပေါင်း တစ် သောင်းကျော်က သေဆုံးခဲ့ခြင်းဖြစ်သည်။
နီဝါရောင် အမွေးရှည်များရှိသော အဆိုပါ သတ္တ၀ါသည် လွန်ခဲ့သော နှစ်ပေါင်း တစ် သောင်းကျော်က သေဆုံးခဲ့ခြင်းဖြစ်သည်။
ဗြိတိန် ငါးပြတိုက် တစ်ခုမှာ ပြသထားတဲ့ ဧရာမ ကဏန်းကြီး

ဗြိတိန် ငါးပြတိုက် တစ်ခုမှာ ပြသထားတဲ့ ဧရာမ ကဏန်းကြီးကျွန်တော်တို့ တွေ့နေ၊ မြင်နေရကျ ဂဏန်းတွေရဲ့ အရွယ် အစားဟာ လူတကာ အံ့ဩစရာ ကောင်းလောက်အောင် ကြီးမားခြင်း မရှိပါဘူး။ ဒါပေမယ့် ကလောက်ဒီ လို့ အမည် ပေးထားတဲ့ ဒီဂဏန်း ကတော့ ဗြိတိန်နိုင်ငံ တစ်လွှား ပြသ ထားတဲ့ ဂဏန်းတွေထဲမှာ တုနှိုင်း မမီလောက်အောင် အရွယ်အစား အကြီးဆုံးဖြစ်လာခဲ့ပါပြီ။
အမျိုးသမီးတွေ ဘာကြောင့် ကားမမောင်းသင့်တာလဲ ?

အောက်ကပုံတွေကြည့်လိုက်ရင် ရှင်းသွားမှာပါ ။ ဆင်ဟွာ သတင်း ဌာနက ဖော်ပြထားတဲ့ အမျိုးသမီးတွေ ကားမောင်း ပုံလေးတွေ ကျနော်တို့ ကြည့်ကြရအောင် ။ ကိုယ့်လူတို့ ကောင် မလေးတွေ မောင်း တဲ့ကားစီး မယ်ဆိုရင်တော့ သတိသာထားပေတော့ :P
ရယ်ရွှင်ဖွယ်ရာ ဆိုင်းဘုတ်များ
အင်တာနက်စာမျက်နှာမှာတွေ့ရတဲ့ ရယ်ရွှင်ဖွယ်ရာဆိုင်းဘုတ်လေးတွေကို
သူငယ်ချင်းတွေ နဲ့မျှ ဝေခံစားဖို့ တင်ပေး လိုက်ပါတယ် ။ ကြည့်ကြရအောင်လား
း))

သေးမပေါက်ရ ဖြတ်ပစ်မည် ။

သေးမပေါက်ရ ဖြတ်ပစ်မည် ။
လက်တစ်ဖက်ကို ၃၈ နှစ်ကြာ မြှောက်ထားသော ဟိန္ဒူ ဆာဒူးကြီး

အိန္ဒိယနိုင်ငံ အမ်မာဘာရက်တီ ဆိုသော ဆာဒူးကြီးမှာ လွန်ခဲ့သည့် ၃၈ နှစ် (၁၉၇၃ ခုနှစ်) ကပင် ၎င်း၏ လက်ယာဘက် လက်အား လေထဲတွင် ၄၅ ဒီဂရီ စောင်း၍ မြှောက်ထားခဲ့ရာ ယနေ့တိုင် ဖြစ်ကြောင်း ပြသ ပြောဆိုခဲ့သည်။ ၎င်းသည် ဇနီး၊ သားသမီးများ၊ နေအိမ်နှင့် အလုပ်အကိုင်များကို အပြီးတိုင် စွန့်လွှတ်ခဲ့ပြီးနောက် ဟိန္ဒူ ဆာဒူးများ၏ ဘဝကို ခံယူကာ ၃ နှစ်ခန့် လှည့်လည် သွားလာခဲ့ပြီးနောက် ယခုကဲ့သို့ လက်ယာဘက် လက်အား မြှောက်ကာ ဟိန္ဒူ နတ်ဘုရားတို့၏ အယူအဆ အရ မြင့်မြတ်သော သူတော်စင် ဘဝကို ခံယူ ရပ်တည်ခဲ့ကြောင်း ၎င်းက ပြောဆိုခဲ့သည်။ ၎င်း၏ လက်ယာဘက်မှာ အရိုးပေါ် အရေတင် ဖြစ်လျက် လက်သည်းများမှာ ရှည်ထွက် ကောက်ကွေးလျက် ရှိသည်။

ဒဏ္ဍာရီဆန်သည့် သတ္တ၀ါဖြစ်သော ချူပါကာဘရာ

ဒဏ္ဍာရီများထဲ၌သာရှိပြီး
ပြင်ပ၌အမှန်တကယ်တည်ရှိကြောင်း သက်သေပြနိုင်ခြင်းမရှိသေးသည့်
ချူပါကာဘရာဟုခေါ်သော အကောင်ဟု ယူဆရသည့် သတ္တ၀ါတစ်ကောင်ကို ကန်တက်ကီပြည်နယ်
လက်ဘနွန်ဂျန်းရှင်းအရပ်၌ တွေ့ရှိရကြောင်း DM သတင်းဌာနက ဒီဇင်ဘာလ ၂၈
ရက်နေ့တွင်ဖော်ပြခဲ့သည်။ အမွေးပြောင်ပြောင်နှင့် မီးခိုးရောင်
အရေပြားရှိသော ယင်းအကောင်သည် သစ်တောထဲမှထွက်လာပြီး အိမ်တစ်အိမ်၏
ဥယျာဉ်ထဲသို့အ၀င် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်။ယင်းအကောင်သည်
ပူအာတိုရီကို၌ လွန် ခဲ့သည့် ၁၅ နှစ်က သတ္တ၀ါများကို သွေးစုပ်ကာ ထူးဆန်းစွာ
သေဆုံးစေခဲ့သည့် ချူပါကာဘရာခေါ် ထူးဆန်းသည့် ဒဏ္ဍာရီလာ သတ္တ၀ါတစ်ကောင်ဟု
ဆိုကြသည်။
@ပြည်မြန်မာ 
ထူးထူးခြားခြား နားရွက် (၄) ခု ရှိတဲ့ ကြောင်လေး လူးနစ်
ရုရှနိုင်ငံ အရှေ့ပိုင်း မြို့တော်တစ်ခုဖြစ်တဲ့ Vladivostok မြို့တော်က
ကားပြုပြင်ဆိုင် တစ်ခုမှာ လူးနစ် (Lunit) လို့အမည်ရတဲ့ ၃ လအရွယ် ကြောင်လေး
တစ်ကောင်ရှိပါတယ်။ ထူးထူးခြားခြား ကြောင်လေးမှာ မွေးကတည်းက နားရွက် (၄)
ခု ရှိနေတာပါပဲ။
ကြောင်လေး လူးနစ် ကို နာမည်ကျော် ရုရှ ကာတွန်းထဲက လကမ္ဘာ့ကနေ ရောက်လာတဲ့ ဂြိုလ်သားလေးရဲ့ အမည်ကိုပေးထားတာပါ။ လူးနစ်မှာ ပုံမှန်နားရွက် ၂ ခုရဲ့ရှေ့မှာ နောက်ထပ် နားရွက် အသေးလေး ၂ ခုပါပြီး အဲဒီ အပိုပါတဲ့ နားရွက်တွေက အသံကြားနိုင်တဲ့ ပြွန်မပါဘူးလို့ သိရပါတယ်။

စပိန်နိုင်ငံမှ အကြီးမားဆုံး ခရမ်းချဉ်သီးတိုက်ပွဲကြီး
စပိန်နိုင်ငံတွင် ပြီးခဲ့တဲ့လ 31 ရက်နေ့ တွင် စပိန်နိုင်ငံအရှေ့ ပိုင်း town
Bunol မြို့တွင် စပိန်နိုင်ငံ၏ ရိုးရာပွဲတော်
တစ်ခုဖြစ်တဲ့အစဉ်အလာအရအမြဲနှစ်စဉ်ကျင်းပလာတဲ
့ခရမ်းချဉ်သီးတိုက်ပွဲတော်ကြီးကို ကျင်းပခဲ့ ပါသည်။ တစ်မြို့ လုံးနီးပါး
ခရမ်းချဉ်သီးများနှင့် ပြည့်နှက်နေပြီး တစ်ယောက်နှင့်တစ်ယောက်
အပြန်အလန်ပေါက်ကာ ပွဲတော်ကြီးကိုပျော်ရွှင်စွာဆင်နွှဲ
ခဲံ့ကြပါသည်။ထိုပွဲတော်ကြီးကို Bunol မြို့ တော်တွင် ကျင်းပလာသည်မှာ 1945
ခုနှစ်ကတည်းက စတင်ကျင်းပလာခြင်းဖြစ်ပြီး ယခုဆိုရင်ဖြင့်ထိုပွဲတော်ကြီးသည်
စပိန်နိုင်ငံ၏ အထင်ကရပွဲတော် တစ်ခု အနေဖြင့်ကော ရိုးရာ
ဓလေ့ပွဲတော်တစ်ခုအနေဖြင့် ရေပန်းစားကာ နှစ်စဉ် August
လရောက်တိုင်းအစဉ်အလာမပြတ်ယခုအချိန်ထိကျင်းပခဲ့ ကြပါသည်။ ထိုပွဲတော်ကာလတွင်
ကမ္ဘာဒေသအသီးသီးမှ စိတ်ပါဝင်စားသူများ ကလဲဝင်ရောက် ဆင်နွှဲကြပါတယ်လို
့သိရပါသည်။ထို့ နောက်ထိုမြို့ ကလေးသည်
ထိုပွဲတော်ရှိခြင်းကြောင့်ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများနှင့်
တည်းခိုသည့်ကိစ္စများဖြင့် အလုပ်ကောင်းမွန်လျက်ရှိပါသည်။ထိုပွဲတော်ကာလတွင်
လူများစွာထို မြို့ တော်လေးသို့ လာရောက်လည်ပတ်ကြပြီး
ဧည့်သည်ပေါင်းတစ်သောင်း နီးပါးကတော့ ထိုမြို့ခံတွေနှင့်အတူ
ခ၇မ်းချဉ်သီးတိုက်ပွဲကို ပါဝင်ကြပါတယ်လို့သိရပါသည်..။

ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွါးတော်
တရုတ်နိုင်ငံ
စီချွမ်ပြည်နယ် ( Sichuan Province) ၊ အိမေးရှန်မြို့ (Eimeishan City)
တရုတ်နိုင်ငံ လီရှန် မြစ်ဘေးမှာရှိ ဗုဒ္ဓရုပ်ပွါးတော်ကြီးဖြစ်ပါတယ်။
တောင်နံရံမှာ ထွင်းထုထားတာဖြစ်ပြီး ခြေနှစ်ဘက်စုံချထားတဲ့ " ပြလမ္ဗနာသန" ဖြစ်တယ်။
ရှေ့ဘက်မှာရှိ မြစ်သုံးစင်း ဆုံရာနေရာ နှင့် တဘက်ကမ်းရှိ လီရှန်မြို့ကို မျက်နှာမူလျက် တွေ့ရပါတယ်။
အသက်အငယ်ဆုံး ဥာဏ်ကြီးရှင်လေးများ

စတီဗင် ဟော့ကင်းဆိုရင် Black Hole တွေ၊ ခေတ်သစ်အာကာသရဲ့ နယ်ပယ်သစ်ကို စူးစမ်းလေ့လာတဲ့ ရှေ့ဆောင်ပညာရှင်၊ နယူတန်၊ အိုင်းစတိုင်းတို့နောက်ပိုင်းမှာ အထူးချွန်ဆုံး ရူပဗေဒ ပညာရှင်လို့ အများက သိကြပါတယ်။ အမ်မလီ ရိုဂျာဆိုတဲ့ သူငယ်မကလေးကတော့ အိုင်ကျူ IQ 159 ရှိလို့ စတီဖင် ဟော့ကင်းအောက် တစ်မှတ်ပဲ လျှော့ပါသတဲ့။ ဒါပေမယ့် အင်္ဂလန်နိုင်ငံသူ သူမရဲ့ အသက်ကတော့ ခုမှ ၄နှစ်ပဲရှိပါသေးတယ်။
၇၈ ပေမြင့်သောလှိုင်းလုံးစီးပြီး အမေရိကန်နိုင်ငံသားကမ္ဘာ့စံချိန်တင်
ပြီးခဲ့သည့်နှစ်နိုဝင်ဘာလက ပေါ်တူဂီနိုင်ငံတွင် ၇၈ ပေအမြင့်ရှိလှိုင်းလုံးစီးနိုင်ခဲ့သော အမေရိကန်နိုင်ငံသားဂါရက်မက်နာမာရာကို အမြင့်ဆုံးလှိုင်းလုံးစီးနိုင်သူအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းပြုစုရေးအဖွဲ့က
မေလ ၁၀ ရက်နေ့တွင်အတည်ပြုပေးခဲ့ကြောင်း သိရသည်။
ကမ္ဘာ့အကြီးဆုံး နေရောင်ခြည် စွမ်းအင်သုံး သင်္ဘောကြီး
နေရောင်ခြည်စွမ်းအင် အသုံးပြု၍ ရေကြောင်းဖြင့် ကမ္ဘာပါတ်မည့် ခရီးစဉ်အဖြစ်
Turanor PlanetSolar ဟု အမည်ရသော ကမ္ဘာ့အကြီးဆုံး နေရောင်ခြည်
စွမ်းအင်သုံး သင်္ဘောသည် မနားမား တူးမြောင်းမှ စတင်ထွက်ခွာလာရာ
ပစိဖိတ်သမုဒ္ဒရာကို ဖြတ်လျက် သြစတေးလျနိုင်ငံ Brisbane မြို့တော် သို့ မေလ
၂၉ ရက်နေ့က ဆိုက်ရောက်လာခဲ့သည်။

မြန်မာ ကလေးငယ်-လက်ချောင်း ခြေချောင်း အများဆုံး လူသား
မြန်မာ ကလေးငယ်တစ်ဦးဖြစ်သူ အသက် ၁ နှစ် အရွယ်ရှိ မလဲ့ရတီမင်းသည်
လက်နှစ်ဘက်တွင် လက်ချောင်း ၁၂ ချောင်းနှင့် ခြေနှစ်ဘက်တွင်
ခြေချောင်းလေးများ ၁၄ ချောင်း ပါရှိသောကြောင့် ကမ္ဘာ့လက်ချောင်း ခြေချောင်း
အများဆုံး လူသားအဖြစ် ကမ္ဘာ့စံချိန်ချိုးက ဂင်းနစ်မှတ်တမ်းတွင်
ပါဝင်ပြီဖြစ်ကြောင်း သိရသည်။

တရုတ် မှ ရေခဲလူသား
ဟူနန်- ဇန်နဝါရီ (၃)-၂၀၁၁
တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန် ဒေသမြို့တော် Zhangjiajie တွင် တရုတ် ရေခဲလူသား Jin Songhao သည် ရေခဲတုံများ ထည့်ထားသော ပလပ်စတစ် မှန်ပုံးထဲတွင် ရေကူးဘောင်းဘီ ဝတ်ဆင်ပြီး မိနစ် ၁၂၀ ကြာ နေထိုင်ပြကာ ကမ္ဘာ့ ရေခဲလူသားအဖြစ် ဇန်နဝါရီ (၃)ရက် တနင်္လာနေ့က စံချိန်သစ် တင်လိုက်ကြောင်း သိရသည်။
Jin Songhao နှင့် အခြားပြိုင်ဘက် တစ်ဦးဖြစ်သော Chen Kecai တို့သည် ရေခဲဒဏ် ခံနိုင်ရည်ရှိမှု စွမ်းရည် ပြိုင်ဆိုင်ကြရာ ၎င်းတို့နှစ်ဦးသည် ခန္ဓာကိုယ်တွင် ရေကူးဘောင်းဘီမှ လွဲ၍ ဘာမှမဝတ်ဆင်ဘဲ ရေခဲတုံးများနှင့် အတူ လူတစ်ရပ်ကျော် မြင့်သော ပလပ်စတစ် မှန်ပုံးထဲတွင် နေထိုင်ပြခဲ့သည်။
Jin Songhao က ရေခဲတုံးများကြားတွင် မိနစ် (၁၂၀) ကြာ နေထိုင်ကာ ယခင်စံချိန်ဟောင်းဖြစ်သော ရေခဲလူသား Win Hof ၏ စံချိန်ကိုချိုးကာ စံချိန်သစ်တင်ခဲ့သည်။ ပြိုင်ဘက်ဖြစ်သူ Chen Kecai မှာ Jin Songhao ထက် ၂ မိနစ် လျော့နည်းပြီး (၁၁၈) မိနစ် နေနိုင်ခဲ့သည်။ ယခင် ကမ္ဘာ့စံချိန်ဟောင်းမှာ ဒါတ်(ချပ်) လူမျိုး ရေခဲလူသား Win Hof ၏ စံချိန်ဖြစ်ပြီး ရေခဲထဲတွင် (၁၁၅) မိနစ်ကြာ နေနိုင်ခဲ့သည်။

ကမ္ဘာ့အကြီးဆုံး မြင်ကွင်းကျယ် ပန်းချီကား
တရုတ်နိုင်ငံ အလယ်ပိုင်း Zhengzhou မြို့တွင် ပြသထားသော Splendid
Central Plains ဟူသော အမည်ရှိသည့် မြင်ကွင်းကျယ် ပန်းချီကားကြီသည် ဂင်းနစ်
ကမ္ဘာ့မှတ်တမ်း စာအုပ်မှ ချီးမြှင့်သည့် ကမ္ဘာ့အကြီးဆုံး မြင်ကွင်းကျယ်
ပန်းချီကား လက်မှတ်ကို ရရှိကြောင်း သိရသည်။
ထို ပန်းချီကားကြီးကို တရုတ်နိုင်ငံ အလယ်ပိုင်း ဟီနန်ဒေသတွင် ပြသထားပြီး စုစုပေါင်း ဧရိယာ စတုရန်း မီတာ ၃၅၂၀ ကျယ်ပြန့်ကြောင်း သိရသည်။

ထို ပန်းချီကားကြီးကို တရုတ်နိုင်ငံ အလယ်ပိုင်း ဟီနန်ဒေသတွင် ပြသထားပြီး စုစုပေါင်း ဧရိယာ စတုရန်း မီတာ ၃၅၂၀ ကျယ်ပြန့်ကြောင်း သိရသည်။

ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းဖြစ်ပေါ်လာပုံ နှင့် မှတ်တမ်းတင်ခံရသူ မြန်မာနိုင်ငံသား မင်းကွန်း တိပိဋက ဆရာတော် ဘုရားကြီး အကြောင်း
ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်ကို
အင်္ဂလိပ်ဘာသာဖြင့် Guinness Book of World Records ဟု ခေါ်ဆိုပါသည်။ ၎င်းကို
၁၉၅၅-ခုနှစ်မှ စ၍ နှစ်စဉ်ထုတ်ဝေခဲ့ပြီး နိုင်ငံတကာမှ
ကမ္ဘာ့စံချိန်များကိုစုဆောင်း တင်ြပထားပါသည်။
ဂင်းနစ်ဟူသောအမည်မှာအိုင်ယာလန်နိုင်ငံရှိ ဂင်းနစ် (Arthur Guinness)
ဘီယာကုမ္ပဏီကို ရည်စူးပါသည်။ ၁၇၅၂-ခုနှစ်တွင် အာသာဂင်းနစ် (၁၇၅၂-၁၈၀၃)
ဆိုသော ပုဂ္ဂိုလ်တစ်ယောက်သည် ပေါင်ငွေတစ်ရာကို အမွေရ ရှိခဲ့ပါသည်။
၎င်းပေါင်ငွေတစ်ရာကို အရင်းပြု၍ အာသာဂင်းနစ်သည် ယမကာဆိုင်တစ်ခုကို
စတင်တည်ထောင်ခဲ့ပါသည်။ ၁၇၅၉သို့ ရောက်သောအခါ ဒဗွလင်မြို့သို့
ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ သူသေဆုံးပြီးနောက် သားဖြစ်သူ
အာသာ(၁၇၆၇-၁၈၅၂)၊ မြေးဖြစ်သူ ဘင်ဂျမင်ဂင်းနစ် (၁၇၉၈-၁၈၆၈) တို့က
ဘီယာလုပ်ငန်းကိုဆက်လက်လုပ်ကိုင်ခဲ့ကြပါသည်။ ဘင်ဂျမင်လက်ထက်တွင်ဂင်းနစ်
ဘီယာသည် အမေရိကန်၊အင်္ဂလန် နှင့် ဥရောပ တိုင်းပြည်များသို့ပါ
တင်ပို့ရောင်းချနိုင်သည် အထိ လုပ်ငန်းအောင်မြင်ခဲ့ပါသည်။ ဂင်းနစ်မိသားစုသည်
သူတို့၏ ဂင်းနစ်ဘီယာကို ကိုယ်ပိုင်စက်ရုံတည်ဆောက်ကာ
ထုတ်လုပ်ရောင်းချခဲ့ခြင်းဖြစ်ပါသည်။
ကမ္ဘာ့စိတ်ပျက်ဆိုးဝါးဖွယ်ကောင်းသော မျက်နှာများ
ကမ္ဘာ့စိတ်ပျက်ဆိုးဝါးဖွယ်ကောင်းသော မျက်နှာများ
မျက်နှာကို လှအောင်လုပ်တာပဲကြားဖူးပါတယ် ။ ဘယ့်နှယ့် သူတို့ကျမှပဲ မျက်နှာကို ဆိုးဝါးအောင် လုပ်ချင်ကြ တာပါလိမ့် ။ ဒီတစ်ခေါက်မှာတော့ ဆင်ဟွာ သတင်းဌာနကြီးက ရွေးချယ်ပေးထားတဲ့ ကမ္ဘာ့ စိတ်ပျက် ဖွယ် အကောင်းဆုံး ဆိုးဝါးဆုံး မျက်နှာ များကို တင်ပြပေးလိုက်ပါတယ် ။

ကမ္ဘာ့အရှည်လျားဆုံးရထားလမ်း
တရုတ်တို့ ရထားလမ်း အိပ်မက် အကောင်ထည်ဖော်နိုင်ခဲ့ပြီ
တရုတ်ပြည့်သူ့သမ္မတနိုင်ငံဟာ အခုဆိုရင် နှစ်ပေါင်း ၁၀၀ ကျော်ကတည်း က ရည်မှန်းထားတဲ့ ရထားလမ်းစီမံကိန်း အကောင်အထည်ဖော်နိုင်ခဲ့ပြီ ဖစ်ပါတယ်။ လက်ရှိမှာ တရုတ်ပြည်ဟာရထားလမ်းအရှည်လျားဆုံးပိုင်ဆိုင်ထားတဲ့နိုင်ငံတစ်နိုင်ဖြစ်နေပါပြီ။
တရုတ်ပြည့်သူ့သမ္မတနိုင်ငံဟာ
Subscribe to:
Posts (Atom)