နေခရမ်း....
|
Friday, August 31, 2018
ကမ္ဘာ့အသေးဆုံး တိရိစ္ဆာန်လေးများ
ကျွန်တော်တို့အနေဖြင့် တွေ့မြင်နေကျအရွယ်အစား မဟုတ်တဲ့ အကောင်းသေးသေးလေးတွေကို (၁) မှ (၂၃) အထိတင်ပြပေးပါ့မယ်။ တစ်ချို့အကောင်လေးများမှာ ရှိမယ်လို့ မထင်ရလောက်အောင် အလွန်သေးငယ်တဲ့ အရွယ်အစားဖြင့် ရှိနေကြတာပါ။ ကမ္ဘာပေါ်တွင် တိရိစ္ဆာန်မျိုးစိတ်ပေါင်းများစွာ ရှိတဲ့အထဲမှ ထူးထူးကဲကဲ သေးကွေးနေကြတဲ့ အကောင်မျိုးစိတ်များကို ကြည့်လိုက်ရအောင်နော်…
(၁) Dwarf Three-Toed Jerboa
(၁) Dwarf Three-Toed Jerboa

သာမာန်ကြည့်လိုက်လျှင် ယုန်ပေါက်စလေးလိုလိုထင်စရာ ရှိတဲ့ ယခုအကောင်လေးများဟာ Dwarf Three-Toed Jerboa ဟုအမည်ရပါတယ်။ ဒီအကောင်လေးများဟာ ခန္ဓာကိုယ်နှင့်စာလျှင် ကြီးမားတဲ့ ခြေထောက်တစ်စုံနှင့်အတူ အမြီးရှည်ရှည်လည်း ရှိတတ်ကြပါတယ်။ ကမ္ဘာ့အသေးဆုံး ကိုက်ဖြတ်စားသောက်တတ်တဲ့ တိရိစ္ဆာန်လေးဖြစ်ပြီး အရွယ်အစားအားဖြင့် ၁.၇ လက်မ (4 cm) သာအရှည်ရှိပါတယ်။ အလေးချိန်ကတော့ တစ်အောင်စအောက်သာ ရှိပါတယ်။ ဒီအကောင်လေးတွေကို အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးလျှင်တော့ မပျောက်အောင်ဘဲ သေချာဂရုစိုက်ရမှာ အမှန်ပါ။
(၂) Long-Tailed Planigale

ကြွက်သေးသေးလို ပုံစံရှိတဲ့ Long-Tailed Planigale အကောင်လေးများဟာ သားငယ်ကိုမိခင်ဗိုက်တွင် အိတ်ဖြင့်သယ်ဆောင်သော သားပိုက်ကောင်ကဲ့သို့ နို့တိုက်သတ္တဝါမျိုးများတွင်ပါဝင်နေပြီး ကမ္ဘာ့အသေးဆုံးမျိုးစိတ်လည်း ဖြစ်ပါတယ်။ နှစ်လက်မခန့် (5.5 cm) သာ အရှည်ရှိတတ်ပြီး နာမည်လိုက်လိုက်အောင် အမြီးရှည်ရှည် ရှိကြပါတယ်။ သူတို့အမြီးဟာ သူတို့ခန္ဓာကိုယ်အရှည်ရဲ့ တန်းတူ (သို့) ခန္ဓာကိုယ်ထက် ပိုပြီးတောင် ရှည်ကြပါသေးတယ်။ ဒီအကောင်လေးများကို သြစတြေးလျ မြောက်ဘက်စွန်း မြက်ခင်းလွင်ပြင်ဒေသတွေမှာ တွေ့မြင်နိုင်ပါတယ်။
အမြင်ဆန်းတဲ့ ဘရာခြံစည်းရိုး
နိုင်ငံခြားတိုင်းပြည်တွေမှာကတော့ ထူးထူးခြားခြားမြင်ကွင်းတွေ အမြဲတွေ့မြင်ရတတ်ပါတယ်။ ယခုလည်း နယူးဇီလန်နိုင်ငံက လမ်းမကြီးနဘေးတွင် အမျိုးသမီးဝတ်ဘရာဇီယာ အမျိုးအစားစုံ ၊ အရောင်စုံ စီတန်းချိတ်ဆွဲထားတဲ့ ခြံစည်းရိုးအကြောင်း တင်ပြပေးချင်ပါတယ်။

နယူးဇီလန်နိုင်ငံ တောင်ပိုင်းကျွန်း Lanakha မှ Queen Town ကိုသွားသည့် ကားလမ်းနံဘေးတစ်နေ၇ာမှာ ထိုခြံစည်းရိုး တည်ရှိနေတာပါ။ Cardrona Bra Fence ဟုအမည်ရတဲ့ ထိုနေရာလေးမှာ ဘရာဇီယာပေါင်း ရာနှင့်ချီ ချိတ်ဆွဲထားပါတယ်။ ဒီလိုချိတ်ဆွဲထားမှုဟာ ၁၉၉၈ - ၉၉ ခုနှစ်များအတွင်းမှ စတင်လာပြီး တဖြည်းဖြည်း များပြားလာခဲ့ခြင်း ဖြစ်ပါတယ်။

ဒီခြံစည်းရိုးတန်းလေး စတင်ဖြစ်ပေါ်လာတဲ့ အကြောင်းကတော့ ၁၉၉၈ ခုနှစ် Christmas ကာလနှင့် ၁၉၉၉ ခုနှစ်အကူး နှစ်သစ်ကူးကာလများအတွင်း ဘရာဇီယာ လေးခု စတင်ချိတ်ဆွဲထားတာ တွေ့ရတာပါ။ အများအထင်ကတော့ ထိုအားလပ်ရက်များတွင် ခရီးထွက်လည်ပတ်သော အမျိုးသမီးလေးဦးမှ ချိတ်ဆွဲထားခဲ့ခြင်းဟု ယူဆကြပါတယ်။ ဒါပေမယ့် ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီလိုချိတ်ထားခဲ့သလည်းဆိုတာ ဘယ်သူမှ မသိကြပါဘူး။
Wednesday, August 29, 2018
ဆောက်လုပ်ရေး လောကမှ အလွဲများ (၁၂)
ကြံကြံဖန်ဖန်ဆောက်လုပ်ထားကြပုံလေးတွေကို ထပ်မံတင်ပေးလိုက်ပါတယ်။ ပြုံးပျော်ရွှင်လန်း နိုင်ကြပါစေ.....
အားပါးပါး... တော်လိုက်တဲ့ အင်ဂျင်နီယာတွေ...
သုံးမှာစိုးလို့များ ဝေးဝေးထားသလား...
Tuesday, August 28, 2018
Selfie အလွဲများ (၄)
ဟဲ့... နေပါအုံးဟဲ့
မရိုက်ပါနဲ့ကွာ။ တောင်းပန်ပါတယ်...
Saturday, August 25, 2018
ဗီယက်နမ်နိုင်ငံမှ လက်ကြီးတစ်စုံနဲ့ ရွှေတံတားကြီး
ဒဏ္ဍာရီဇာတ်လမ်းများထဲမှ ပုံရိပ်သဖွယ် မြေပြင်မှ ထိုးထွက်လာသည့် ဧရာမ လက်ကြီးနှစ်ဖက်နှင့်ပင့်မထားသော ရွှေရောင်တောက်ပနေသည့် တံတားကြီးပုံစံကို ဗီယက်နမ်နိုင်ငံတွင် တည်ဆောက်ခဲ့ပါသည်။
ကမ္ဘာ့အကြီးဆုံးနှင့် အမြင့်ဆုံး ရှု့ခင်းကြည့် မှန်တံတားကြီး
မြင့်မားလှသည့် တောင်ကမ်းပါးယံမှ အရှေ့သို့ ထိုးထွက်နေသော မှန်သားတံတားအသစ်တစ်ခုကို ဇွန်လ ၂၈ ရက်နေ့တွင် တရုတ်နိုင်ငံတောင်ပိုင်း Guangdong ပြည်နယ်မှာဖွင့်လှစ်ခဲ့ပါသည်။

ထိုတံတားကြီး တစ်ခုလုံးကို 4.5 cm အထူရှိသော အထူးပြုလုပ်ထားသည့် မှန်သားများဖြင့်သာ တည်ဆောက်ထားပါသည်။ ထိုမှန်တံတားကြီးသည် U ပုံစံ ရှု့ခင်းကြည့်လျောက်လမ်းအပါအဝင် အဝိုင်းပုံစံ ရှု့ခင်းကြည့်နေရာပါ ပေါင်းစပ်တည်ေောက်ထားပါသည်။ ထိုအမျိုးအစား မှန်တံတားကြီးများတွင် ကမ္ဘာ့အကြီးဆုံး နှင့် အမြင့်ဆုံးတည်ရှိသော မှန်တံတားကြီး ဖြစ်ပါသည်။
ရေလှိုင်းစီးရန် အကောင်းဆုံး ပင်လယ်ကမ်းခြေများ
ပင်လယ်ကမ်းခြေလှိုင်းလုံးများကို ဖြတ်ကျော်ပြီး ရေလှိုင်းစီးကစားခြင်းသည် လူကြိုက်များသည့် အားကစားနည်းတစ်မျိုး ဖြစ်ပါတယ်။ ဒါပေမယ့် ပင်လယ်ကမ်းခြေတိုင်း ရေလှိုင်းစီးကစားလို့ မရပါဘူး။ အခုတင်ပြမှာကတော့ ကမ္ဘာပေါ်တွင် China Daily ကဖော်ပြထားတဲ့ ပင်လယ်လှိုင်းစီးကစားခြင်း အကောင်းဆုံး လုပ်နိုင်တဲ့ အကျော်ကြားဆုံးနေရာ(၁၀)နေရာကို ဖော်ပြပေးလိုက်ပါတယ်။
ကမ္ဘာကျော်ပုဂ္ဂိုလ်များ၏ ထိုးမြဲလက်မှတ်များ
ကမ္ဘာကျော် အနုပညာရှင်များ ၊ နိုင်ငံခေါင်းဆောင်များ စသည်တို့ရဲ့ အသုံးပြုရေးထိုးလေ့ရှိတဲ့ ထိုးမြဲလက်မှတ်များကို တင်ပေးလိုက်ပါတယ်။ ဒီအထဲမှာ သာမာန်ထိုးရိုးထိုးစဉ် လက်မှတ်မျိုးများသာမက တစ်ချို့တွေရဲ့ ထူးထူးခြားခြား လှပစွာပုံဖော် ရေးထိုးမှုများကို တွေ့ရမှာပါ။ ဘယ်သူ့လက်မှတ်က အလန်းဆုံးနဲ့ ဆွဲဆောင်မှုအရှိဆုံးလည်းဆိုတာ ကြည့်လိုက်ရအောင်နော်...
ပဲရစ်မြို့ထဲလမ်းလျောက်ထွက်ခဲ့သည့် ကမ္ဘာ့အရပ်အမြင့်ဆုံး လူသားများ
အရပ်မြင့်မားတဲ့ လူတစ်ဦး မြို့ထဲလမ်းလျောက်ထွက်တာ တွေ့မြင်နေကျ ဖြစ်တတ်ပေမယ့် ကမ္ဘာ့အရပ်အမြင့်ဆုံး လူသားများ တစ်စုတစ်စည်းတည်း လူကြားထဲလမ်းလျောက်နေကြတာကတော့ တွေ့မြင်ရသူများအနေနဲ့ တအံ့တသြဖြစ်စေတာ အမှန်ပါ။

၂၀၁၈ ခု ဇွန်လ ၁ ရက်နေ့တွင် ပြင်သစ်နိုင်ငံ ကမ္ဘာကျော်ပဲရစ်မြို့ကြီးရဲ့ Champs-Elysees လမ်းမတစ်လျောက် ကမ္ဘာ့အရပ်အမြင့်ဆုံး ပုဂ္ဂိုလ် ၁၂ ဦးဟာ စုစည်းလမ်းလျောက်ခဲ့ကြပါတယ်။ ကြိုတငိသိရှိခြင်း မရှိကြသည့် မြို့သူမြို့သားအများစုဟာ သူများတွေထက် သိသိသာသာ အရပ်မြင့်မားနေကြတဲ့ ထိုသူများကို တွေ့မြင်ကြချိန်တွင် တအံ့တသြ ဖြစ်ကြရပါတယ်။
ပူစီလေးများရဲ့ အပြိုင်အဆိုင် Sexy Post
ကမ္ဘာကျော် Sexy ဆန်ဆန်အလှပုံလေးများနဲ့ အပြိုင် ချစ်စဖွယ်ကြောင်ကလေးများရဲ့ နေထိုင်ပုံလေးများကို ယှဉ်တွဲတင်ပြထားခြင်း ဖြစ်ပါတယ်။ သေသေချာချာကြည့်ရင် ကြောင်ကလေးတွေကတောင် ပိုလို့ ဆွဲဆောင်မှုရှိတာ တွေ့မြင်ရမှာပါ။ ဘယ်လောက်အထိ ပူစီလေးတွေရဲ့ Sexy Post ကဆွဲဆောင်နိုင်သလဲဆိုတာ ကြည့်လိုက်ရအောင်နော်...
ထူးထူးဆန်းဆန်း ပြုံုးပြလို့မရတဲ့ရောဂါကို ငယ်စဉ်ကတည်းက ခံစားနေရတဲ့အမျိုးသမီး

ရောဂါတွေကလည်း တစ်ခါတလေ ကိုယ်မကြားဖူးတာတွေ ကြားရပြန်တော့ ဟုတ်ကော ဟုတ်ပမလားလို့တောင် သံသယပွားစရာပါ။ ဒါပေမယ့် ထူးထွေဆန်းပြားတဲ့ရောဂါတွေဆိုတာ တကယ်လည်း ရှိနေပါတယ်။ အခုလည်း Cate Wallwork လို့ အမည်ရတဲ့ အသက်(၅၁)နှစ်အရွယ် အမျိုးသမီးဟာ တစ်စုံတစ်ယောကို ပြုံးပြလို့မရတဲ့ ရောဂါကို ခံစားနေရတယ်လို့ ဆိုပါတယ်။
တကယ်တော့ ဒီရောဂါက အာရုံကြောနဲ့ဆိုင်တဲ့ ရောဂါဖြစ်ပါတယ်။ ယခင်က သူမကို ဒီရောဂါခံစားနေရမှန်းမသိတော့ လူတွေက သူမကို အသည်းတော်တော် မာတဲ့သူ အပြုံးလေးတစ်ချက်တောင် မပေးနိုင်ဘူးဆိုပြီး Cate ကို ဝေဖန်ခဲ့ကြပါတယ်။ Cate ဟာ ဆယ်ကျော်သက်အရွယ်ကတည်းက မျက်နှာပြင် အကြောတွေ သေခဲ့ပါတယ်။
တရုတ်နိုင်ငံမှ ကြေးမောင်းကြီး ကမ္ဘာ့အကြီးဆုံး ကြေးမောင်းအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်တင်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွမ်ရှီးကျွမ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မှ ပြုလုပ်သည် ကြေးမောင်းကြီး တစ်လုံးသည် ကမ္ဘာ့အကြီးဆုံး ကြေးမောင်းအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်တင်ခဲ့ကြောင်း ဂင်းနစ်ကမ္ဘာ့စံချိန်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
အဆိုပါ ကြေးမောင်းကြီးသည် အချင်း ၆.၆၈မီတာ နှင့် အနက် ၂.၈မီတာရှိကာ အလေးချိန် တန် ၅၀ ရှိကြောင်း သိရသည်။
ယင်းကြေးမောင်းအား ကြေးသွန်းပညာရှင် ဝေချီချူ က ပုံစံရေးဆွဲ၍ ၁၀လကြာအချိန်ယူလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ကြေးမောင်း၏ အပေါ်ပိုင်းမျက်နှာပြင်တွင် ဖားရုပ် ၄ရုပ်၊ မောင်နန်းမြို့နွယ်စု၏ ရိုးရာပုံစံများ နှင့် ၎င်းတို့၏ ကြားတွင် မျက်နှာဖုံးများထည့်သွင်း၍ အလှဆင်ထားပြီး အောက်ခြေတွင် ၂.၆၈မီတာ အမြင့်ရှိသော နွားရိုင်း၎ကောင် ပါရှိကြောင်း သိရသည်။
ကမ္ဘာ့စံချိန်တင် အထိမ်းအမှတ်ပွဲအား ကြေးမောင်းများ ပြုလုပ်ရာတွင် နာမည်ကြီးသည့် ဟဲချီမြို့ရှိ ဟွမ်ဂျန်း မောင်နန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)
လေပေါ်ဝဲကာပျံသန်းနေသော ကောင်မလေး
ယခုတင်ပြမယ့် ပုံလေးတွေကတော့ ငယ်ရွယ်နုပျိုလှတဲ့ မိန်းကလေးတစ်ယောက် လေပေါ်မှာ ဝဲပျံနေတဲ့ ပုံများဖြစ်ပါတယ်။ ၂၀၁၀-၁၁ ခုနှစ်တွေမှာ အင်တာနက်အသုံးပြုသူများအကြား ထိုကဲ့သို့ အသက်ဝင်လှပနေတဲ့ ပုံလေးတွေ လူကြိုက်များ ပျံ့ပွားလာခဲ့ပါတယ်။

ထိုပုံထဲက မိန်းကလေးကတော့ ဂျပန်နိုင်ငံမှ Natsumi Hayashi ဆိုသူပဲ ဖြစ်ပါတယ်။ သူမဟာ ကိုယ်ပိုင် ဘလော့တစ်ခု တည်ထောင်ထားပြီး အလှဓာတ်ပုံများကို ဝါသနာအရ တင်ပေးနေသူပါ။ ဒါပေမယ့် ၂၀၁၀ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ စိတ်ကူးအကြံတစ်မျိုး ရလာပြီး ယခုကဲ့သို့ လူအများကြည့်မြင်ချိန်မှာ လေပေါ်ပျံနေတကဲ့သို့ ပုံလေးတစ်ပုံ ရိုက်တင်ဖြစ်ပါတယ်။

မမျှော်လင့်ဘဲ ထိုပုံလေးဟာ လူကြိုက်များလာခဲ့ပြီးနောက် သူမဟာ ထိုကဲ့သို့ ပုံများစွာ ဖန်တီးရိုက်ကူးခဲ့ပြီး နေ့စဉ်တင်ပေးလားခဲ့ပါတယ်။ သာမာန်အားဖြင့် အပေါ်သို့ ခုန်ချိန် အောက်မရောက်ခင်စပ်ကြားတွင် ရိုက်ကူးခဲ့တဲ့ ပုံလေးများ ဖြစ်သော်လည်း သူမရဲ့ မျက်နှာအမူအရာ ၊ ကိုယ်ဟန်အနေအထားကြောင့် လေပေါ်ပျံနေတယ်ဟု ထင်မှတ်စေတာ ဖြစ်ပါတယ်။ သူမရဲ့ ပုံလေးတွေဟာ Photoshop ဓာတ်ပုံပြင်ပညာနဲ့ အလွယ်တကူလုပ်နိုင်ပေမယ့် ထိုကဲ့သို့ ပြင်ဆင်မှုမလုပ်ဘဲ အသက်ဝင်အောင် ဂရုတစိုက်ကိုယ်တိုင် ဖန်တီးခဲ့တာပါ။
နဂါးလေး ဘာကြောင့်သေ
Bruce Lee ဘရုစ်သည် ရုပ်ရှင် ထဲမှာသာ ဟန်ုပြ သရုပ်ဆောင်ပြီး ကျော်ကြားခဲ့သူ မဟုတ်ပါ ..တကယ် အပြင်မှာလည်း ပြိုင်ဘက်မရှိ ကွန်ဖူး ပညာရှင် တဦးဖြစ်ပါတယ်။ သူ့ အစွမ်းပြသွားတဲ့ မှတ်တမ်း၊
https://web.facebook.com/DyAwesome/videos/270174870228392/
အမေရိကန်မှာမွေးပြီး ဟောင်ကောင်မှာ နံမည်ကျော်ခဲ့သူ မင်းသားဘရုစ်လီ အသက် ၃၂ နှစ် (၁၉ ၇၃ ဇူလိုင် ၂၀) ရက်နေ့ မှာ (မရဏဂိမ်း Game of Death. ရုပ်ရှင် တ၀က်သာ ရိုက်ကူးပြီးနေချိန်ပါ၊) သူငယ်ချင်း ထိုင်ဝမ်မင်းသမီး Betty Ting(ယခုအသက် ၇၁နှစ်) ရဲ့ နေအိမ်မှာ ရောက်နေတဲ့ အချိန် တဲ့၊ လီဟာ မရဏဂိမ်းဇတ်ဝင်ခန်းအတွက် မနက် လေးနာရီထိုးတဲ့အထိ ဆွေးနွေးနေတုန်း ခေါင်းတအားကိုက်တယ်ပြောလာလို့  မင်းသမီးက သူမသောက်နေကြ အပြင်းစား အက်ပရင် aspirin အကိုက်အခဲသက်သာတဲ့ ဆေး နဲ့  အိပ်ဆေးတမျိုး ပေး သောက်ပြီး လီဟာ Epileptic seizure ဦးနှောက်ထိခိုက်( နှလုံးခုန်ရပ် )သတိမေ့ရက်သွားလို့  ဆေးရုံတင်ခဲ့ပေမယ့် သေဆုံးသွားခဲ့တယ်လို့  သူ့ အကြောင်းရေးထားတဲ့ သမိုင်းမှတ်တမ်းမှာ တွေ့ ရပါတယ်။
https://web.facebook.com/DyAwesome/videos/270174870228392/
အမေရိကန်မှာမွေးပြီး ဟောင်ကောင်မှာ နံမည်ကျော်ခဲ့သူ မင်းသားဘရုစ်လီ အသက် ၃၂ နှစ် (၁၉ ၇၃ ဇူလိုင် ၂၀) ရက်နေ့ မှာ (မရဏဂိမ်း Game of Death. ရုပ်ရှင် တ၀က်သာ ရိုက်ကူးပြီးနေချိန်ပါ၊) သူငယ်ချင်း ထိုင်ဝမ်မင်းသမီး Betty Ting(ယခုအသက် ၇၁နှစ်) ရဲ့ နေအိမ်မှာ ရောက်နေတဲ့ အချိန် တဲ့၊ လီဟာ မရဏဂိမ်းဇတ်ဝင်ခန်းအတွက် မနက် လေးနာရီထိုးတဲ့အထိ ဆွေးနွေးနေတုန်း ခေါင်းတအားကိုက်တယ်ပြောလာလို့  မင်းသမီးက သူမသောက်နေကြ အပြင်းစား အက်ပရင် aspirin အကိုက်အခဲသက်သာတဲ့ ဆေး နဲ့  အိပ်ဆေးတမျိုး ပေး သောက်ပြီး လီဟာ Epileptic seizure ဦးနှောက်ထိခိုက်( နှလုံးခုန်ရပ် )သတိမေ့ရက်သွားလို့  ဆေးရုံတင်ခဲ့ပေမယ့် သေဆုံးသွားခဲ့တယ်လို့  သူ့ အကြောင်းရေးထားတဲ့ သမိုင်းမှတ်တမ်းမှာ တွေ့ ရပါတယ်။
စွန့်ပစ်ပစ္စည်းများနှင့် ဖန်တီးထားသည့်ရေပေါ်ဥယျာဉ် ရော့တာဒမ်မြို့တွင် ဖွင့်လှစ်
နယ်သာလန်နိုင်ငံ၊ ရော့တာဒမ်မြို့မှာလာရောက်လည်ပတ်သူတွေ အတွက်စွန့်ပစ်ပလတ်စတစ်ပစ္စည်းတွေကိုအသုံးပြုဖန်တီးထားတဲ့ ရေပေါ်ဥယျာဉ်တစ်ခုကိုပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ဖွင့်လှစ်လိုက်ပါတယ်။

ဒီဥယျာန်ကိုကျွန်းစုများပြန်လည်အသုံးချရေးဖောင်ဒေးရှင်းနဲ့အော်ဒီ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဖောင်ဒေးရှင်းတို့ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဖောင်ဒေးရှင်းတွေဟာနယူးမြူ့စ်မြစ်ထဲမှာရှိတဲ့စွန့်ပစ်ပလတ်စတစ် ပစ္စည်းတွေကိုမြစ်ကြောင်းတစ်လျောက်တပ်ဆင်ထားတဲ့အမှိုက်စစ် ဇလားတွေကိုရေပေါ်ကျွန်းလေးတွေအဖြစ်လုပ်ဆောင်ဖို့ခွဲခြား စုဆောင်းခဲ့ပါတယ်။

ဒီဥယျာန်ကိုကျွန်းစုများပြန်လည်အသုံးချရေးဖောင်ဒေးရှင်းနဲ့အော်ဒီ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဖောင်ဒေးရှင်းတို့ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဖောင်ဒေးရှင်းတွေဟာနယူးမြူ့စ်မြစ်ထဲမှာရှိတဲ့စွန့်ပစ်ပလတ်စတစ် ပစ္စည်းတွေကိုမြစ်ကြောင်းတစ်လျောက်တပ်ဆင်ထားတဲ့အမှိုက်စစ် ဇလားတွေကိုရေပေါ်ကျွန်းလေးတွေအဖြစ်လုပ်ဆောင်ဖို့ခွဲခြား စုဆောင်းခဲ့ပါတယ်။
ကမ္ဘာ့အကြီးဆုံး အလယ်ဝင်ရိုးဒေါက်တိုင်များမပါသော ချားရဟတ်ကြီး
အလယ်ဝင်ရိုးဒေါက်တိုင်များ မပါရှိသည့် စက်ဝိုင်းပုံစံ လူစီးချားရဟတ်ကြီး တစ်ခုကို တရုတ်နိုင်ငံ ၊ Weifang မြို့တွင် တည်ဆောက်ဖွင့်လှစ်ခဲ့ပါသည်။ ထိုလူစီးချာရဟတ်ကြီးသည် Bohai Eye မြစ်ပေါ်ရှိ ၁၇၇၁ ပေရှည်လျားသည့် Bailang မြစ်ကူးတံတားပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်ပါသည်။
ကြွက်များကိုနှိမ်နင်းမည်ဟုတောင်ဂျော်ဂျီယာကြွေးကြော်

တောင်ဝင်ရိုးစွန်းဒေသအတွင်းမှာတည်ရှိသည့်တောင်ဂျော်ဂျီယာကျွန်းနိုင်ငံ လေးတွင်နှစ်ပေါင်း ၂၀၀ အတွင်း အကြီးမားဆုံးကြွက်နှိမ်နင်းရေးပွဲပြုလုပ်မည်ဟု တရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း CGTN သတင်းအရသိရသည်။
တောင်ဂျော်ဂျီယာကျွန်းနိုင်ငံကို ၁၈ ရာစုခန့်ကအင်္ဂလိပ် စူးစမ်းရှာဖွေသူကပ္ပတိန်ဂျိမ်းကွတ်က စတင်ရှာဖွေတွေ့ရှိခဲ့ကာ ၎င်းတို့သည်ကြွက်များ၏ ကျူးကျော်မှုကို အပြင်းအထန်ခံစားခဲ့ရပြီး ၎င်းကြွက်များကထိုဒေသမှာရှိသည့်မြေတွင်အသိုက်ဆောက်လုပ်သောငှက်မျိုးစိတ်များ၏ ဥများနှင့်သားပေါက်များကို ရှာဖွေစားသုံးကြောင်းသိရသည်။
အတ္တလန်တစ်သမုဒ္ဒရာအတွင်းမှာတည်ရှိသည့်တောင်ဂျော်ဂျီယာကိုရှားပါးပင်လယ်ပျော်ငှက်များအသိုက်ဆောက်က်ရန်နှစ်စဉ်ပြန်လာကြပြီးကမ္ဘာပေါ်ကမည်သည့်နေရာတွင်မမှရှိသည့်ငှက်မျိုးစိတ်နှစ်ခုဖြစ်သည့် South Georgia pipit နဲ့ South Georgia pintail တို့မှာကြွက်များ၏ ရန်ကြောင့်မျိုးသုဉ်းပျောက်ကွယ် လုနီးဖြစ်နေသည်။
အဆိုပါကျွန်းနိုင်ငံလေးမှာပင်ဂွင်းငှက်များနှင့်တောင်ပိုင်းသမုဒ္ဒရာတွေမှာသာ တွေ့ရှိရသည့်ပင်လယ်စင်ရော်ငှက်များအဓိက ပေါက်ဖွားရာလည်းဖြစ် သည်။လက်ရှိတွင်ဒေသတွင်းကျက်စားသောငှက်ကောင်ရေမှာ၁၇၇၅ခုနှစ်တွင် ကပ္ပတိန်ဂျိမ်းကွတ်ရှာဖွေတွေ့ရှိခဲ့ပြီး အင်္ဂလန်နိုင်ငံ၏ ပင်လယ်ပြင်ဒေသအဖြစ် သတ်မှတ်ခဲ့ချိန်ကထက် အလွန်အမင်းကျဆင်းနေကြောင်းသိရသည်။
Ref:CGTN
CREDIT:The Standard Time Daily
လွန်ခဲ့တဲ့နှစ်ပေါင်း၉၉သန်းအကြာက ဖားကျောက်ဖြစ်ရုပ်ကြွင်းပယင်းကျောက်ကိုမြန်မာနိုင်ငံတွင်တွေ့ရှိ

ဖားတွေဟာ ကမ္ဘာပေါ်မှာလွန်ခဲ့တဲ့နှစ်ပေါင်း ၉၉ သန်း အကြာကတည်းက ရှိနေခဲ့တာဖြစ်တယ်ဆိုတဲ့ သက်သေထောက်အထားတွေကို တွ့ရှိရကြောင်း နဲ့ ဒါဟာ
ကမ္ဘာဦးခေတ် ကို သုတေသနလုပ်ရာမှာ အရေးပါတဲ့အထောက်အထားတရပ်ဖြစ်ကြောင်း
သိပ္ပံပညာရှင်တွေကပြောဆိုခဲ့တယ်လို့ပြီးခဲ့တဲ့ဇွန်လ ၁၄ရက်နေ့မှာ
ဘီဘီစီသတင်းဌာနကရေးသားဖော်ပြပါတယ်။
ကမ္ဘာဦးက ဒိုင်နိုဆောတွေ မျိုးမသုန်းခင်နှစ်တွေကတည်းကရှိနေခဲ့တဲ့
အလျား၂စင်တီမီသာရှိတဲ့ဖားငယ်တွေ ကိုသစ်ပင်ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်တဲ့ ပယင်းခဲတခဲမှာ
အကောင်အထည်မပျက်တွေ့ရှိတာဖြစ်ပါတယ်။
ဖားငယ် ၄ကောင်ရဲ့ရုပ်ကြွင်းတဖြစ်လဲ ပယင်းကျောက်ကို မန်မာနိုင်ငံမှာတွေ့ရှိခဲ့ရတာဖြစ်ပြီး ဒါဟာ ကမ္ဘာဦးအစမိုးသစ်တောတွေထဲ မှာသေးငယ်တဲ့သတ္တ၀ါတွေအဖြစ်ဖားတွေ
ရှင်သန်ပေါက်ဖွားခဲ့တယ်ဆိုတဲ့ ခိုင်မာတဲ့သက်သေအထောက်အထားဖြစ်ကြောင်း
သုတေသနပညာရှင်တွေကပြောဆိုပါတယ်။
မြန်မာနိုင်ငံမှ ရှာဖွေတွေ့ရှိခဲ့သည့် အသေးဆုံး ငှက်၏ကျောက်ဖြစ်ရုပ်ကြွင်း

ရှာဖွေတွေ့ရှိခဲ့သော ကျောက်ဖြစ်ရုပ်ကြွင်းများတွင် အသေးဆုံးငှက် ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်မှ ပယင်းကျောက်တစ်ခုအတွင်း ရှာဖွေတွေ့ရှိ ခဲ့ပါသည်။
ထို ငှက်ပုံကျောက်ဖြစ်ရုပ်ကြွင်းသည် နှစ်သန်း ၁၀၀ နီးပါးရှိမည်ဟု ခန့်မှန်းထားကြပြီး အရှည်အားဖြင့် ၅ စင်တီမီတာခန့်သာ ရှိပါသည်။ ထိုအတိုင်းအတာသည် ယခုခေတ် သက်ရှိကမ္ဘာ့အသေးဆုံး ငှက်ကလေးအဖြစ် သတ်မှတ်ထားသော ပျားငှက်ပုတုန်းလေးများ၏ အရွယ်နှင့် အတူတူလောက်ရှိပါသည်။
ယခု ပယင်းရုပ်ကြွင်းကို ဘေးဂျင်းရှိ China University of Geosciences မှ တွဲဖက်ပါမောက္ခ Xing Lida မှတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကနေဒါနှင့် အမေရိကန်မှ ပညာရှင်များနှင့် ပူးပေါင်းသုတေသန ပြုခဲ့ကြောင်း သိရပါသည်။ ထိုပယင်းရုပ်ကြွင်းအား မြန်မာနိုင်ငံအတွင်းမှ ရရှိခဲ့ကြောင်း ထုတ်ပြန်ထားပြီး “‘Pancake Bird” ဟု အမည်ပေးထားကြပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

လူမရှိတဲ့ ကျွန်းမှာ နှစ် ၃၀ ကြာနေထိုင်တဲ့အ၀တ်ဗလာနဲ့အဘိုးအို

အသက် ၈၂ နှစ်အရွယ် အဘိုးအိုတစ်ဦးဟာ လူသူအရောက်ပေါက်နည်း တဲ့ ဂျပန်ကျွန်းတစ်ကျွန်းမှာ နှစ်ပေါင်း ၃၀ နီးပါးကြာ နေထိုင်လျက်ရှိပါ တယ်။
ကျွန်းပေါ်ကို စတင်ရောက်ရှိချိန်တုန်းက အဝတ်အစားတွေဝတ်ဆင်ပေမယ့် မုန်းတိုင်းကြောင့် ပျက်စီးသွားခဲ့ချိန်မှာ အဝတ်ဗလာနဲ့ နေထိုင်ခဲ့ တာဖြစ်ပါတယ်။
အဘိုးအိုနာမည်က မာဆာဖူမီနာဂါဆာကီဖြစ်ပြီး ၁၉၈၉ ခုနှစ်က ဂျပန်နိုင်ငံ အိုကီနာဝါတောင်ပိုင်းမှာရှိတဲ့ ဆိုတိုဘာနာရီကျွန်းကို ရောက်ရှိနေထိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီကျွန်းဆီကို ရောက်ရှိခဲ့တဲ့ ခရီးသွားတွေကလည်း အဘိုးအိုကို သတိပြုမိခဲ့ကြပါတယ်။
အဘိုးအိုကို အဲဒီကျွန်းပေါ်မှာ သေဆုံးခွင့် အခွင့်အရေးကို ဂျပန် အာဏာပိုင်တွေက ငြင်းဆန်ထားပြီး လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ဝင်ရောက်နေထိုင်ဖို့ ဖိအားတွေပေးခဲ့ပါတယ်။ အဘိုးအို ကတော့ ဒီကျွန်းဟာ သူ့အိမ်အဖြစ်သတ်မှတ်ထားပြီး ကျွန်းပေါ်မှာပဲ သေဆုံးလိုတယ်လို့ ဆိုပါတယ်။
အဘိုးအိုဟာ ဖုန်းမရှိ၊ သန်းရှင်းတဲ့ရေမရှိ၊ အစားအသောက်ရှားပါး ခက်ခဲမှုတွေ၊ မြွေ၊ ကင်း၊ မှတ်၊ ခြင်၊ ယင်စတဲ့ ပိုးမွှားတွေရဲ့အန္တရာယ်တွေကို ရင်ဆိုင်၊ မုန်တိုင်း ဒဏ်ကို အံတုရင်း အဲဒီကျွန်းမှာ နှစ်ပေါင်း ၃၀ နီးပါးကြာ ဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။
သတင်း - ZMO
Ref : The Sun
Credit:စံတော်ချိန်သတင်းစာ
ကမ္ဘာ့အလေးဆုံး ပန်းဂေါ်ဖီကြီး

အလေးချိန်အားဖြင့် ပေါင် ၆၀ နှင့် ၉.၃ အောင်စ (27.48 kg) အထိရှိသည့် ပန်းဂေါ်ဖီကြီးကို ကမ္ဘာ့အလေးဆုံး ပန်းဂေါ်ဖီကြီးအဖြစ် မှတ်တမ်းတင်ခဲ့ပါသည်။ ထိုပန်းဂေါ်ဖီကြီးကို ဗြိတိန်နိုင်ငံ ၊ Notinghamshire တွင်နေထိုင်သော Peter Glazebrook မှစိုက်ပျိုးမှတ်တမ်းတင်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ အကျယ်အားဖြင့် ၆ ပေ ရှိပါသည်။Peter Glazebrook သည် ထူးချွန်သော စိုက်ပျိုးသူတစ်ဦးဖြစ်ပြီး ယခင်ကလည်း ကမ္ဘာ့အလေးဆုံး မုန်လာဥနီ ၊ အရှည်ဆုံး သကြားမုန်လာ ၊ အရှည်ဆုံး မုန်လာဥဝါ ၊ အရှည်ဆုံး မုန်လာဥဖြူ နှင့် အရှည်ဆုံး သခွားသီး စသည်ဖြင့် စံချိန်မှတ်တမ်းပေါင်းများစွာကို ပိုင်ဆိုင်ခဲ့သူ ဖြစ်ပါသည်။သူသည် စိုက်ပျိုးရေးလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ပြီး နောက်ထပ် စိုက်ပျိုးရေးနှင့် ပတ်သက်သည့် စံချိန်မှတ်တမ်းကောင်းများကို ရယူရန် ကြိုးပမ်းနေမြဲပင် ဖြစ်ပါသည်။
သူငယ်ချင်းတို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ .................. နေခရမ်း

အိုင်းစတိုင်း (Einstein) မှားခဲ့တဲ့ အချက် ၃ ချက်

အလုံးစုံပြီးပြည့်စုံတဲ့လူ မရှိဘူးတဲ့။ (Nobody's perfect!) ။ အိုင်းစတိုင်း ( Einstein) လို လူတောင်မှ မှားခဲ့သေးပါသတဲ့။ "သူရဲ့ ထူးချွန်ပြောင်မြောက်မှုတွေနဲ့ နှိုင်းယှဉ်လိုက်ရင်တော့ အိုင်းစတိုင်းဟာ အမှား များများစားစား မလုပ်ခဲ့ပါဘူး၊ တချို့အချိန်တွေမှာတော့ ကောက်ချက်အလွဲတွေ ချခြဲ့ပီး အဲဒီအထဲက အချို့ကတော့ အမှန်တစ်ကယ်ကို ဆိုးဆိုးရွားရွား လွဲမှားခဲ့တယ်'' လို့ ရူပဗေဒ ပညာရှင် ဒန်ဟူးပါး ( Dan Hooper) ကပြောပါတယ်။ ပြီးတော့ သူ့ရဲ့ ကြီးကြီးမားမား အမှားတွေထဲက တော်တော်များများဟာ သူအမှန်ကို မြင်တဲ့အခါ အရမ်းကြီးမှားသွားတာမျိုးလည်း မဟုတ်နေပြန်ဘူး။ တချို့ကိစ္စတွေမှာဆို နှစ်အနည်းငယ်ကြာမှ သူများတွေ မတွေ့နိုင်သေးတဲ့ သူရဲ့အမှားကို သူကိုယ်တိုင်ပြန်တွေ့တာမျိုးတွေလည်း ရှိပါတယ်။ အဲဒီအထဲက ဒီ ၃ ခု ကို လေ့လာကြည့်ကြတာပေါ့။
၁။ တွင်းနက်များ (Black Holes)
======================
1915 ခုနှစ်မှာ ၊ Einstein ဟာ သူ့ရဲ့ 20 ရာစု ရူပဗေဒ သမိုင်းမှာ အကြီးမားဆုံးဖြစ်တဲ့ ယေဘုယျ နှိုင်းရ သီအိုရီ ( General Theory of Relativity) ( ဆွဲငင်အားဆိုတာ ဗလာနယ် (space) ရဲ့ ကောက်ကွေးမှုတစ်ခုသာဖြစ်တယ်) ကို ချပြပြီး လအနည်းငယ် အကြာမှာ ကားလ်ရှာဝါက်ဇ်ချိုင်းဒ် (Karl Schwarzschild) ဆိုတဲ့ ဂျာမနီလူမျိုး ရူပဗေဒ ပညာရှင်က Einstein ရဲ့ Theory ကိုသုံးပြီး ကြယ်အများအပြားဝန်းရံနေတဲ့ စကြဝဠာရဲ့ ပုံစံကြမ်း ထုတ်ခဲ့ပါတယ်။ Einstein ကို အထင်ကြီးနေကြတာဆိုတော့ နည်းနည်းရှုပ်ထွေးသွားတယ်။ အဲဒီ ပုံစံကြမ်းအရ ကျွန်တော်တို့ဟာ ကြယ်တစ်လုံးရဲ့ ဒြပ်ထုကို လုံလောက်တဲ့ အရွယ်အစားအထိ ကျုံ့သွင်းလိုက်မယ်ဆိုရင် သဘာဝရဲ့ နိယာမတွေ မှားယွင်းကုန်မှာပါ။
ဟာဝိုင်အီ မီးတောင်ပေါက်ကွဲမှု ပုံများ
လှပသာယာသော ကမ်းခြေများ ၊ သဘာဝရေမြေတောတောင် အလှများကြောင့် ကမ္ဘာကျော်နေရာတစ်နေရာအဖြစ် ကျော်ကြားလှတဲ့ အမေရိကန်ပြည်ထောင်စုမှ ဟာဝိုင်အီကျွန်းပေါ်တွင် Kilauea မီးတောင်ပေါက်ကွဲမှု ဖြစ်ပေါ်နေသော ပုံများ ဖြစ်ပါတယ်။ မီးတောင်ပေါက်ကွဲမှု ဖြစ်ပေါ်ပြီးနောက် များပြားလှသော ချော်ရည်စီးကြောင်းများသည် ကျွန်းရဲ့ နိမ့်သောအပိုင်းကို ဖြတ်သန်းစီးဆင်းကာ သမုဒ္ဒရာထဲသို့ စီးဝင်သွားပုံများကို တွေ့မြင်ရပါတယ်။ ဟာဝိုင်အီကျွန်းဟာ နှစ်စဉ်ကမ္ဘာလှည့်ခရီးသည်များ အများအပြားလာရောက်လည်ပတ်ရာ နေရာတစ်နေရာဖြစ်ပြီး မီးတောင်ပေါက်ကွဲမှုကြောင့် ခရီးသွားများ လာရောက်မှု ထိခိုက်ရပေမယ့် မီးတောင်ပေါက်ကွဲမှုကို စောင့်ကြည့်လိုတဲ့ ခရီးသည်များနှင့် အမှတ်တရအဖြစ်ရည်ရွယ်လာရောက်သူများကတော့ ရှိနေမြဲပင် ဖြစ်ပါတယ်။ ခရီးသွားများဟာ မီးတောင်ပေါက်ကွဲနေမှုကို နောက်ခံထားပြီး ဓာတ်ပုံရိုက်ခြင်း ၊ ဂေါက်သီးရိုက်ကစားခြင်းကဲ့သို့ အမှတ်တရများ လုပ်ဆောင်ကြလေ့ရှိပါတယ်။
အသက် ၃၀ ပြည့်သည်အထိ အိမ်တွင် ကပ်နေနေသည့် သားကို မိဘများက တရားစွဲပြီး နှင်ထုတ်ရာ အမှုနိုင်
အမေရိကန်ပြည်ထောင်စု
နယူးယောက်မှ မိဘနှစ်ပါးသည်
အိမ်တွင်
ကပ်နေနေသည့် အသက် ၃၀ အရွယ် သားကို
တရားဝင် နှင်ထုတ်ခွင့်ရသွားပြီဖြစ်သည်။
တရားသူကြီးက မိုက်ကယ်
ရိုတန်ဒိုကို
အိမ်ပေါ်မှ ဆင်းရန် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။
သားဖြစ်သူက
မိဘအိမ်တွင် နောက်ထပ်ခြောက်လ နေခွင့်ပေးပါရန်
တရားသူကြီးအား
လျှောက်ထားခဲ့သော်လည်း တရားသူကြီးက ထိုတောင်းဆိုချက်သည် လက်ခံနိုင်စရာလုံးဝ မရှိသည့်တောင်းဆိုချက်ဟု
ဆိုကာ ပယ်ချလိုက်
သည်။ “ပြင်ဆင်ချိန်လုံးဝ
မပေးဘဲ အိမ်ပေါ်က ချက်ချင်းကြီး ဆင်းခိုင်းတာကတော့.လွန်လွန်းအားကြီးတယ်“ ဟု သားဖြစ်သူ
မိုက်ကယ်ရိုတန်ဒိုက ဆိုသည်။
Monday, August 20, 2018
ထူးခြားလှပ Body Art ပန်းချီများ (၁၁)
ဒီတစ်ခါတင်ပြပေးမယ့်
Body Art တစ်မျိုးကလည်း တစ်မျိုးဆန်းသစ်နေပါတယ်။ ဆန်ဖရန်စစ္စကိုအခြေစိုက် အနုပညာရှင် Trina Merry ရဲ့ ကိုယ်ပျောက်ပုံစံ ရေးဆွဲထားမှုများ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ကြီးရဲ့ အထိမ်းအမှတ်နေရာများနဲ့ တွဲဖက်ဖန်တီးထားမှုများက အံ့သြချီးကျူးစရာပါ။
ဂျပန်နိုင်ငံတွင် တွေ့မြင်ရသည့် ပုံရိပ်များ
ဂျပန်နိုင်ငံဆိုသည်နှင့် သေးငယ်သောကျွန်းနိုင်ငံလေးပေမယ့် ကမ္ဘာ့ထိပ်တန်းနိုင်ငံ တစ်ခုအဖြစ် အားလုံးသိကြပါသည်။ ထိုကဲ့သို့ ရုပ်ဝတ္ထုပိုင်းအရ တိုးတက်နေသည့် နိုင်ငံတွင် သူတို့နိုင်ငံသားများ၏ စိတ်ပိုင်းဆိုင်ရာ အဆင့်အတန်းမြင့်မားစွာရှိကြပုံကို တွေ့မြင်ရမည့်ပုံများ ဖြစ်ပါသည်။ အထူးသဖြင့် စည်းကမ်းရှိကြပုံကို အများအားဖြင့် တွေ့ရသလို တစ်ချို့ပုံများတွင်တော့ ပြည်သူပြည်သားများ နေထိုင်သွားလာရန် လွယ်ကူအစဉ်ပြေစေဖို့ ဖန်တီးထားပုံများကိုပါ တွေ့ရမှာပါ။
တစ်ခုပြောချင်တာက ဂျပန်နိုင်ငံက လူတိုင်း စည်ကမ်းရှိကြတာ မဟုတ်ပါဘူး။ တစ်ချို့လည်း စည်းပျက်ကမ်းပျက်များ ရှိကြတာပါပဲ။ ဒါပေမယ့် ယခုပုံများဟာ နိုင်ငံသားအများစုရဲ့ ပုံရိပ်ကို ထင်ဟပ်စေမည့် ပုံများပင် ဖြစ်ပါသည်။ ဒါကြောင့်ပင် ဒုတိယကမ္ဘာစစ် စစ်ရှုံးနိုင်ငံ၊ ပြာပုံအတိဖြစ်ခဲ့ရသော နိုင်ငံငယ်လေးမှ ကမ္ဘာ့ထိပ်တန်းအင်အားကြီးနိုင်ငံအဖြစ်သို့ ရောက်ရှိနိုင်ခဲ့တာပင် ဖြစ်ပါသည်။
တစ်ခုပြောချင်တာက ဂျပန်နိုင်ငံက လူတိုင်း စည်ကမ်းရှိကြတာ မဟုတ်ပါဘူး။ တစ်ချို့လည်း စည်းပျက်ကမ်းပျက်များ ရှိကြတာပါပဲ။ ဒါပေမယ့် ယခုပုံများဟာ နိုင်ငံသားအများစုရဲ့ ပုံရိပ်ကို ထင်ဟပ်စေမည့် ပုံများပင် ဖြစ်ပါသည်။ ဒါကြောင့်ပင် ဒုတိယကမ္ဘာစစ် စစ်ရှုံးနိုင်ငံ၊ ပြာပုံအတိဖြစ်ခဲ့ရသော နိုင်ငံငယ်လေးမှ ကမ္ဘာ့ထိပ်တန်းအင်အားကြီးနိုင်ငံအဖြစ်သို့ ရောက်ရှိနိုင်ခဲ့တာပင် ဖြစ်ပါသည်။
စိတ်ကူးဆန်းသည့် ပေါင်းစပ်ဓာတ်ပုံလေးများ (၄)
သဘောတရားခြင်း မတူသည့် ဓာတ်ပုံနှစ်ပုံကို လိုသလိုပေါင်းစပ်လိုက်သည့်အခါ အမြင်တစ်မျိုး ထူးခြားပြောင်းလဲလာသည့် ပုံများအဖြစ်တွေ့မြင်ကြရမှာပါ။သည်ဖန်တီးမှုများကို Stephen McMennamy
ဆိုသည့် အနုပညာရှင်တစ်ဦးမှ ပြုလုပ်ပြခဲ့ခြင်းပါ။
ဆိုသည့် အနုပညာရှင်တစ်ဦးမှ ပြုလုပ်ပြခဲ့ခြင်းပါ။
တစ်ချို့သောပုံများမှာ ကြည့်မြင်ကြရသူများ အနေဖြင့် အမြင်လွဲမှားနေတယ်ထင်ရလောက်အောင် စိတ်ကူးပုံဖော်ပြနိုင်ခဲ့မှုမှာ ချီးကျူးစရာပါ။ သူရဲ့ပုံနှစ်ပုံကို တစ်ပုံတည်းအဖြစ် ပေါင်းစပ်ထားပုံများကို
ကြည့်လိုက်ရအောင်နော်….
ကြည့်လိုက်ရအောင်နော်….
Wednesday, August 15, 2018
တောင်ကမ်းပါးယံမှ ဈေးဆိုင်လေး
မြေပြင်ကနေ ပေ ၆၀၀၀ ကျော်အမြင့် ၊ မက်စောက်လှတဲ့ တောင်ကမ်းပါးယံထိပ်ပိုင်းတွင် ဖွင့်ထားတဲ့ ဒီဈေးဆိုင်လေးဟာ ဈေးဝယ်သူတွေ အနည်းပါးဆုံး ဈေးဆိုင်လေးတစ်ဆိုင်ဆိုလည်း မမှားပါဘူး။ ဒီဆိုင်လေးမှာ နို့နဲ့ ပေါင်မုန်းကဲ့သို့ အပေါ့စား အစားအစာများကို ၀ယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ ဈေးလာဝယ်တဲ့သူတွေကတော့ ဒီမက်စောက်လှတဲ့ တောင်ကမ်းပါးယံပေါ်ကို စွန့်စားတက်ရောက်ကြသူများပဲ ဖြစ်ပါတယ်။
ဒီဆိုင်လေးဟာ အမေရိကန်နိုင်ငံ Eldorado ချောက်ကမ်းပါးများတွင် တည်ရှိနေပြီး ခက်ခက်ခဲခဲ စွန့်စားတောင်တက်သူများ လာရောက်တက်ကြတဲ့ နေရာပါ။ ဒါကြောင့်လည်း ခက်ခဲစွာ တောင်ကမ်းပါးယံတစ်လျောက် တက်ရောက်လာကြသူများအနေနဲ့ ခေတ္တအနားယူရန်၊ ကိုယ်ခန္ဓာ နွေးထွေးအားပြည့်ပြီး တောင်ထိပ်အရောက် တက်ရောက်နိုင်စေရန် ရည်ရွယ်ကာ ဖွင့်လှစ်ထားခြင်း ဖြစ်ပါတယ်။
ဒီဆိုင်လေးဟာ အမေရိကန်နိုင်ငံ Eldorado ချောက်ကမ်းပါးများတွင် တည်ရှိနေပြီး ခက်ခက်ခဲခဲ စွန့်စားတောင်တက်သူများ လာရောက်တက်ကြတဲ့ နေရာပါ။ ဒါကြောင့်လည်း ခက်ခဲစွာ တောင်ကမ်းပါးယံတစ်လျောက် တက်ရောက်လာကြသူများအနေနဲ့ ခေတ္တအနားယူရန်၊ ကိုယ်ခန္ဓာ နွေးထွေးအားပြည့်ပြီး တောင်ထိပ်အရောက် တက်ရောက်နိုင်စေရန် ရည်ရွယ်ကာ ဖွင့်လှစ်ထားခြင်း ဖြစ်ပါတယ်။
Subscribe to:
Posts (Atom)