Friday, April 29, 2016
မြန်မာပြည်တွင်း တွေ့တွေ့သမျှ...( ၅ )
ဒီတစ်ပတ်အတွက် တင်ပေးလိုက်ပါပြီ။ ပြုံးပျော်ရွှင်လန်းကြပါစေ.....
ကလေးတွေ ဘာချောင်းနေကြတာလဲဟင်
FB IMG 1458563583697
နဂါးမင်းသမီးကြွလာပါပြီ...
FB IMG 1459512905915
Wednesday, April 27, 2016
လေဆင်နှာမောင်းနှင့်အတူ ၁၃ ပေအထိ ပါသွားသည့် မူလတန်းကျောင်းသား
13015463 1006598166096787 5413431453000736507 n
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဂန်ဆုခရိုင်မှာ မူလတန်းကျောင်းသားတဦးဟာ လေဆင်နှာမောင်း အငယ်စားနဲ့အတူ ၁၃ ပေအထိ မြောက်တက်သွားပါတယ်။
ကျောင်းအားကစားပွဲ လုပ်ဆောင်နေစဉ်မှာ လေဆင်နှာမောင်း အငယ်စားက ၀င်မွှေခဲ့ပြီး ကျောင်းသားလေးက လေဆင်နှာမောင်းရဲ့အတူ လေထဲကို ပါသွားတာ ဖြစ်ပါတယ်။
ပြန်ကျလာတဲ့ အချိန်မှာတော့ အနည်းငယ် ဒဏ်ရာရရှိခဲ့တာကလွဲလို့ ကြီးကြီးမားမား ဒဏ်ရာရရှိခဲ့ခြင်း မရှိပါဘူး။
ဒီဖြစ်ရပ်ကို လုံခြုံရေးကင်မရာက မှတ်တမ်းတင်ထားပြီး ရုပ်သံဖိုင်ကို တရုတ် စီစီတီဗွီသတင်းဌာနက နာရီပိုင်းအတွင်းမှာ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ် တင်ခဲ့ပါတယ်။
credit:dvd
မသန်စွမ်းတဲ့သခင်ကို (၁၃)နှစ်တိုင်တိုင် စောင့်ရှောက်ပေးခဲ့ကြတဲ့ ခွေးနှစ်ကောင်
capture dog
တရုတ်ပြည်နယ် အရှေ့ပိုင်း Zhejiang ပြည်နယ်၊ Longyou က သစ္စာရှိတဲ့ ခွေးနှစ်ကောင်ဟာ မသန်စွမ်းတဲ့ သူတို့သခင်ကို ၁၃ နှစ်လုံးလုံး အဖော်အဖြစ် လိုက်ပါစောင့်ရှောက်ပေးခဲ့ကြပါတယ်။
အသက် ၄၇ နှစ်ရှိ Fang Jianguo ဆိုသူမှာ သူ့အသက် ၂၃ အရွယ်တုန်းက အလုပ်လုပ်နေစဉ် မတော်တဆဖြစ်မှု တစ်ခုကြောင့် လေဖြတ်သွားခဲ့ပါတယ်။ ယင်းမတော်တဆဖြစ်မှုက သူ့ဘဝကို ဘီးတပ်ကုလားထိုင်ပေါ် ရောက်သွားစေခဲ့ပါတယ်။ ခွန်းမင်း ဝံပုလွေခွေးနှစ်ကောင် မွေးစားကာ သူ့အား ဈေးဝယ်စင်တာကစ ဆေးရုံအထိပါ နေရာစုံလိုက်ပို့ ပေးနိုင်ဖို့ Fang က သူတို့ကို လေ့ကျင့် သင်ကြားပေးခဲ့ပါတယ်။ သန်မာဖျတ်လတ်တဲ့ ယင်းခွေးနှစ်ကောင်ဟာ Fang ရဲ့ ခြေနှစ်ချောင်း ဖြစ်လို့လာခဲ့တယ်။
ယင်းအိမ်မွေးတိရိစ္ဆာန် နှစ်ကောင်နဲ့အတူ Fang ဟာ အများနဲ့မတူညီတဲ့ ဘ၀တစ်ခုကို ဖြတ်သန်းလာနိုင်ခဲ့ပါ တယ်။ သူက သာမန်အစားအသောက်ကိုသာ စားနေစေကာမူ ယင်းခွေးနှစ်ကောင်အတွက် ကောင်းမွန်တဲ့ အစားအစာများ အမြဲချန်ထားပေးကာ ကျွေးမွေးလေ့ရှိပါတယ်။ သူ့ခွေးနှစ်ကောင်နဲ့အတူ Fang က Longyou မှာ အများတကာနဲ့ ရင်ဘောင်တန်း နေထိုင်သွားလာနိုင်ခဲ့ပါတယ်။
Ref:chinadaily.com.cn
credit : Trend Myanmar
CCTV ကင်မရာကတဆင့် သရဲ ရှိနေတာကိုတွေ့ခဲ့ရတဲ့ Idaho အထက်တန်းကျောင်း
high school ghost
အမေရိကန် ပြည်ထောင်စုရှိ ကျောင်းတစ်ကျောင်း၏ ရှင်းလင်းနေသော လူသွားလမ်းတွင် ခြေရာများပေါ်လာပြီး သရဲလမ်းလျှောက်နေသကဲ့သို့ ဖြစ်နေသည်ကို CCTV ကင်မရာကတစ်ဆင့် တွေ့ခဲ့ရပါတယ်။
Idaho ပြည်နယ်မှာရှိတဲ့ Pocatello အထက်တန်းကျောင်းမှာ ရှိတဲ့ ၀န်ထမ်းတွေနဲ့ ကျောင်းသားတွေကလည်း တစ်ခါတစ်ရံ ကျောင်းထဲမှာ ထူးဆန်းတဲ့ ဆူညံသံတွေ ၊ တီးတိုးပြောသံတွေနဲ့ အရိပ်တွေကိုပါ မျက်နှာကျက်ပေါ်မှာ တွေ့ရလေ့ရှိတယ်လို့ဆိုကြပါတယ်။
ထို ကောလာဟလ တွေအတွက်တော့ CCTV ကင်မရာ ဟာ သက်သေပြစရာ တစ်ခုဖြစ်လာခဲ့ပါတယ်။ ကျောင်းမှာ ရှိတဲ့ ၀န်ထမ်းတွေဟာ သူတို့ရဲ့ ခရစ်စမတ် အားလပ်ရက်ကနေ ကျောင်းကို ပြန်အရောက်မှာ CCTV ကင်မရာထဲမှာ ခြေရာတွေပေါ်နေတာတွေ့ခဲ့ရတာပါ။ ခြေရာတွေဟာ လမ်းလျှောက်သွားသလို တစ်ဖြည်းဖြည်းချင်းပေါ်လာခဲ့တာဖြစ်ပါတယ်။
ထိုကျောင်းဟာ ၁၉၁၄ ခုနှစ်က မီးလောင်ပျက်စီးခဲ့ဖူးကာ လူ ၆ ယောက် သေဆုံးခဲ့ပြီး လွန်ခဲ့တဲ့ ၄ နှစ်ကမှ ပြန်လည်ပြုပြင်ပြီးဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
Ref:mirror.co.uk
credit : Trend Myanmar
ဂရင်းနစ်စံချိန် တင်နိုင်ခဲ့တဲ့ နှာခေါင်းနဲ့ စာရိုက်နိုင်သူ အမျိုးသား
nose2
နှာခေါင်းနဲ့ စာရိုက်နိုင်သူ အမျိုးသားဟာ ကမ္ဘာ့အတော်ဆုံး ကွန်ပျူတာလက်ကွက် ရိုက်နိုင်သူအသစ် အဖြစ် စံချိန်တင်ခဲ့ပါတယ်။
အသက် ၂၃ နှစ် အရွယ် Mohammed Khursheed Hussainဟာ သူ့ရဲ့ နှာခေါင်းကို အသုံးပြုပြီး စာလုံးရေ ၁၀၃ လုံးပါတဲ့ စာပိုဒ်တစ်ပိုဒ် ကို ၄၇.၄၄ စက္ကန့်အတွင်းမှာ ရိုက်ပြနိုင်ခဲ့ပါတယ်။ သူ့ရဲ့ လက်တွေကိုတော့ ကျောနောက်ဘက် မှာ ကြိုးတုပ် ချည်နှောင်ထားပြီး နှာခေါင်းနဲ့သာ လက်ကွက် ကိုရိုက်နှိပ်နိုင်ခဲ့တဲ့ အတွက် ဂရင်းနစ် စံချိန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံ Hyderabad မြို့မှာနေထိုင်တဲ့ Mohammed ဟာ ပထမအကြိမ် စာရိုက်ခြင်းမှာ စံချိန်တင်ခဲ့ဖူးပါတယ်။ အဲဒီအကြိမ်တုန်းက သူဟာ အင်္ဂလိပ် အက္ခရာတွေကို ၃.၄၃ စက္ကန့် အတွင်း သူ့ရဲ့ လက်ချောင်းတွေနဲ့ ရိုက်နှိပ်ပြခဲ့ဖူးပြီး ယခုတစ်ကြိမ် ဟာ သူ့အတွက် ဒုတိယအကြိမ် မြောက် စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။
သူဟာ နှာခေါင်းနဲ့ စာရိုက်နိုင်ဖို့ အတွက် လေ့ကျင့်နေခဲ့တာ ၃ နှစ်ရှိပြီဖြစ်ပြီး တစ်နေ့ကို ၆ နာရီ ကြာ လေ့ကျင့်ခဲ့တယ်လို့ သိရပါတယ်။
Ref:mirror.co.uk
credit : Trend Myanmar
သေဆုံးသွားတဲ့ ရွာသူရွာသားတွေ အစား အရုပ်များပြုလုပ်ပြီး အစားထိုးခဲ့တဲ့ ဂျပန်အမျိုးသမီး
4959f2407cf3af150fd76831899ec27c77517023
တဖြည်းဖြည်း ပျောက်ကွယ်နေပြီဖြစ်တဲ့ ဂျပန်ကျေးရွာတစ်ရွာက အမျိုးသမီးတစ်ဦးဟာ သေဆုံးသွားတဲ့ ရွာသူရွာသားတွေ အစား အရုပ်များပြုလုပ်ပြီး အစားထိုးခဲ့ပါတယ်။ အသက် ၆၅ နှစ်ရှိနေပြီဖြစ်ပြီး Tsukimi Ayano လို့ခေါ်တဲ့ ဂျပန် အမျိုးသမီးတစ်ဦးဟာ ဂျပန်နိုင်ငံ တောင်ပိုင်းက နာဂိုရီု ကျေးရွာမှာ မရှိတော့တဲ့(သို့) သေဆုံသွားတဲ့ အိမ်နီးချင်းတွေရဲ့ ပုံစံတူ အရုပ်တွေပြုလုပ် အစားထိုးခဲ့ပါတယ်။သူမဟာ အိုဆာကာ မြို့ကနေ အသက် ၈၅ နှစ် အရွယ်သူမရဲ့ ဖခင် ကို ကြည့်ရှုစောင့်ရှောက်ဖို့ပြန်လာခဲ့တာဖြစ်ပါတယ်။ နာဂိုရာ ကျေးရွာဟာ ရွာသူရွာသားတွေ လုံးဝ မရှိသလောက် နည်းနေပါပြီ။ အရွယ်ရောက်လာစရာ ကလေးတွေလည်းမရှိတော့တဲ့အတွက် လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက စာသင်ကျောင်းကို ပိတ်ထားခဲ့ရပေမယ့်  Tsukimi Ayano ကတော့ အရုပ်နဲ့ ဆရာတွေ ကျောင်းသားတွေကို ဖန်တီးထားပြီး လာရောက်လည်ပတ်သူတွေကို ပြသလေ့ရှိပါတယ်။ဒုတိယ ကမ္ဘာစစ်ကြီး ပြီးကတည်းက ဂျပန်လူငယ်တွေဟာ အစွန်အဖျားဒေသတွေကို စွန့်ခွာပြီး မြို့ကြီးတွေမှာ အလုပ်သွားလုပ်ကာ သက်ကြီးရွယ်အိုတွေကိုတော့ လယ်ယာ လုပ်ကိုင်ဖို့ထားခဲ့ကြပါတယ်။ တိုကျိုမှာဆိုရင် လူဦးရေ ၃၇ သန်း  ၊ အိုဆာကာ ကိုဘီ မှာ လူဦးရေ ၁၁.၅ သန်း နဲ့ နိုင်ငံတစ်ခုလုံးရဲ့ လူဦးရေ ဟာ ၁၂၇ သန်းထိရှိနေပါပြီ။ ဒါကို ၂၀၅၀ ခုနှစ်မှာ ၁၀၈ သန်းထိလျှော့ချသွားနိုင်ဖို့ စီစဉ်နေပါတယ်။ အကြောင်းအရင်းကတော့ ဂျပန်လူမျိုး ၁၀ ယောက်မှာ ၄ ယောက်က အသက် ၆၅ နှစ် အထက်မှာ ဖြစ်နေလို့ပါ။Ref:dailymail.co.uk
credit : Trend Myanmar
ကမ္ဘာ့အကြီးဆုံး နိုင်ငံများ
Capture
ယခင်က ကမ္ဘာ့အသေးဆုံးနိုင်ငံများကို (၁) မှ (၁၀) အထိ တင်ပေးဖူးပါသည်။
ယခုတော့ ကမ္ဘာ့အကြီးဆုံးနိုင်ငံများကိုလည်း (၁)မှ (၁၀) အထိနှင့် မြန်မာနိုင်ငံ၏
အမှတ်စဉ်ကိုပါ တစ်ပါတည်း တင်ပြပေးပါမည်။
(၁) Russia
1russia usa sanctions
ကမ္ဘာ့အကြီးဆုံးနိုင်ငံအဖြစ် ရပ်တည်နိုင်တဲ့ ရုရှနိုင်ငံသည် အာရှတိုက်နှင့် ဥရောပတိုက်
နှစ်ခုလုံးတွင် ပါဝင်နေသော နိုင်ငံတစ်ခုဖြစ်ပါသည်။ ကမ္ဘာ့ကုန်းမြေ၏ ၁၀.၉၉၅ ရာခိုင်နှုန်းကို
ပိုင်ဆိုင်နေပါသည်။
1396531780348
မြို့တော်မှာ မော်စကို ဖြစ်ပြီး ဧရိယာအကျယ်အ၀န်းမှာ
17,098,246 km2   ( 6,601,670 mi2  )ဖြစ်ပါသည်။
Monday, April 25, 2016
ကမ္ဘာပေါ်မှာ သဘာဝ အတိုင်း အမာဆုံး ပစ္စည်းအဖြစ် သတ်မှတ် ခံရသည့် ခမောက် ခရုသွား
https://i.imgsafe.org/14db5f9.jpg
    ကမ္ဘာပေါ်တွင် ဆွဲဆန့်အားကို ခံနိုင်ရည် အရှိဆုံး အရာအဖြစ် ယခင်က ပင့်ကူမျှင်က စံချိန် တင်ထားခဲ့ရာ နောက်ဆုံး လေ့လာမှုအရ ပင့်ကူမျှင် နေရာကို ပင်လယ် ကမ်းခြေများတွင် တွေ့ရသော ခမောက် ခရု၏ သွားက နေရာယူလိုက်ပြီ ဖြစ်သည်။
              လေ့လာ သုတေသနကို ပို့စ်မောက် တက္ကသိုလ် သုတေသန အဖွဲ့က ပြုလုပ်ထားခြင်း ဖြစ်သည်။ ပါမောက္ခ အဆာဘာ ဘာဘာက သုတေသနကို ဦးဆောင်သည်။ ခမောက် ခရု၏ သွားနမူနာကို ယူကာ သွားကို ကွဲထွက် သွားသည် အထိ တန်ဆိုမီတာ ကိရိယာကို သုံးပြီး ဆွဲဖြဲပစ်ခဲ့သည်။
            တန်ဆိုမီတာသည် စမ်းသပ် ဆွဲဖြဲလိုသော ပစ္စည်း နောက်ဆုံး အဆင့်ထိ ပြတ်ထွက်သွားသည် အထိ ဆွဲဖြဲကြည့် ပြီးနောက် နောက်ဆုံး မှတ်သည်အား မည်မျှ သုံးလိုက်ရကြောင်းကို ဖော်ပြပေးသည်။ ခမောက်ခရု၏ သွားက ဆွဲဖြဲသည့်အား ခံနိုင်စွမ်းကို ဂစ်ဂါပစ်ဇယ် (GPa) ဖြင့် တိုင်းတာသည်။
            ထိုအခါ ခရုသွားသည် (4.9 GPa) ထိ ခံနိုင်စွမ်း ရှိကြောင်း တွေ့ခဲ့ရသည်။ မြင်သာအောင် ပြရလျှင် ၀ါးထက် ငါးဆ ပိုမာသည်။ လူသား၏ သွားထက်ဆယ်ဆ ပိုမာသည်ဟု ဆိုနိုင်သည်။
            ပြီးခဲ့သည့် နှစ်အနည်းငယ်က ပင့်ကူမျှင်ကို စမ်းသပ်ခဲ့ရာ 4 Gpa ထိ ရရှိခဲ့ပြီး၊ ကမ္ဘာ့ အမာဆုံး သဘာဝ ပစ္စည်းအဖြစ် စံချိန်တင်ခဲ့သည်။ ထိုမာနှုန်းသည် စတီး၏ မာနှုန်းနှင့် ညီမျှသည်။
Source: Independent
credit : messenger journal
ကမ္ဘာ့အသေးဆုံး ခွေးကလေး
https://i.imgsafe.org/f7c3a64.jpg
ခွေးလေးများကို ချစ်တတ်သူများအတွက် ကမ္ဘာ့အသေးဆုံးခွေးကလေး အကြောင်းကို
တင်ပြပေးပါမည်။ ထို အကောင်းသေးသေးနှင့် ခွေးကလေးကတော့
PUERTO RICO, DORADO မှာ ရှိတဲ့ MILLY ဟု အမည်ရသည့် ခွေးမလေးပါ။
အရပ်အမြင့် 9.65 cm (၃.၈ လက်မ) သာ ရှိပါသည်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်
နေ့တွင် မွေးခဲ့ပြီး ကမ္ဘာ့အသေးဆုံး ခွေးကလေးအဖြစ် ၂၀၁၃ ခု ဖေဖော်ဝါရီလ
၂၁ ရက်နေ့မှာ ဂင်းနစ်မှတ်တမ်းဝင်ခဲံပါသည်။
သူငယ်ချင်းတို့ပျော်ရွှင်ချမ်းမြေ့ကြပါစေ............... နေခရမ်း
Sunday, April 24, 2016
ရောဂါ ပျောက်ကင်းသွားပြီ ဖြစ်သော်လည်း ဆေးရုံမှ မဆင်းသူကို တရားရုံး အမိန်ဖြင့် ဖယ်ရှားခဲ့ရ
other Patient 9a968
 တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ရှိ ဆေးရုံ တစ်ရုံမှာ ရောဂါ ပျောက်ကင်း သွားပြီ ဖြစ်သော်လည်း ဆေးရုံကနေ လုံးဝ မဆင်းဘဲ အကြောင်း အမျိုးမျိုးပြ နေထိုင်သူကို တရားရုံး အမိန်ဖြင့် ဖယ်ရှားခဲ့ရကြောင်း ဒေးလီးမေးလ် သတင်းတစ်ရပ်မှာ ရေးသားထား ပါတယ်။ အသက် (၅၅)နှစ်ရှိပြီ ဖြစ်တဲ့ ချန်ဟာ ၂၀၁၁၊  သြဂုတ်မှာ  ယာဉ်မတော်တဆ ဖြစ်မှုကြောင့် ဆေးရုံကို ရောက်လာတာ ဖြစ်ပါတယ်။ ဆေးရုံက တာဝန်ရှိသူ တွေဟာ ချန်ကို အကောင်းဆုံး ကုသမှုတွေပေးခဲ့ ပါတယ်။ ဒါပေမဲ့ ချန်ဟာ ရောဂါ အမျိုးမျိုး အကြောင်းပြပြီး ဆေးရုံမှာပဲ နေထိုင်ဖို့  ဆုံးဖြတ်ခဲ့ ပါတယ်။ ချန်ကို ဆရာဝန်တွေက စမ်းသပ်မှုတွေ ပြုလုပ်ပြီး ဘာရောဂါမှ မရှိတော့ တာကြောင့် ဆင်းရုံမှ ဆင်းပေးဖို့ တောင်းဆိုခဲ့ ပါတယ်။ ဒါပေမဲ့ ချန်က လုံးဝ လက်မခံ တာကြောင့် ဆေးရုံက တာဝန်ရှိသူ တွေဟာ တရားရုံးမှာ တိုင်ကြားခဲ့ ပါတယ်။ နောက်ဆုံး တရားရုံးက ချန် အနေဖြင့် ရောဂါပျောက်ကင်းပြီ ဖြစ်သောကြောင့် ဆေးရုံမှ ဆင်းပေးရမည် ဖြစ်ကြောင်း အမိန့် ချမှတ်ခဲ့ ပါတယ်။ ဒါကြောင့် ရဲတပ်ဖွဲ့ဝင်တွေ ဟာ ချန်ကို ဆေးရုံကနေ ဆင်းဖို့ အင်အားသုံး ဖြေရှင်းခဲ့ရ ပါတယ်။
                ချန်ဟာ ယာဉ်မတော်တဆ ဖြစ်မှုကြောင့် ဆေးကုသမှု နှစ်လခံခဲ့ ပါတယ်။ ဒီနောက် သွေးကြောတွေပိတ်တယ် ဆိုပြီးနောက် သုံးလ ဆေးကုသမှု ခံခဲ့ပါတယ်။ ဒါပေမဲ့ ရောဂါ တစ်ခု ကုသပြီးတိုင်း နောက်ရောဂါ တစ်ခု အမြဲ အကြောင်းပြပြီး ဆေးရုံမှာ သုံးနှစ်ကျော် နေထိုင်ခဲ့ ပါတယ်။ ချန် ဟာ ဆေးကုသရာမှာလည်း ကျန်းမာရေး စရိတ်တွေကို ပေးချေခြင်း မရှိပါဘူး။ ဒါကြောင့် ဆေးရုံက တာဝန်ရှိသူတွေဟာ ချန်ကို ဆေးရုံမှ ဆင်းပေးဖို့ တောင်းဆိုခဲ့ခြင်း ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့တွေ ဆေးရုံကို ရောက်လာတဲ့ အချိန်မှာ ချန်ဟာ သူ့လက်တွေကို သံကြိုးနဲ့ ချည်နှောင်ပြီး သော့ခတ် ထားပါတယ်။ ချန်ရဲ့ အပြုအမူဟာ အလွန် ဆိုးရွားခဲ့လို့ ရဲတပ်ဖွဲ့ဝင်တွေ ကလည်း သံကြိုးတွေ ဖြတ်တောက်ပြီး အတင်းအကျပ် ခေါ်ဆောင်လာခဲ့ရ ပါတယ်။ ချန်ဟာ အတင်း ရုန်းထွက်ဖို့ ကြိုးစားခဲ့ပေမယ့် နောက်ဆုံးမှာ လက်လျော့ခဲ့ရပါတယ်။  အများပြည်သူကို ဆေးကုသမှု ပေးနေတဲ့ ဆေးရုံမှာ သုံးနှစ်ကျော် နေထိုင်ပြီး ဆေးရုံ ၀န်ထမ်းတွေကို အနှောင့်အယှက်ပေးခဲ့ တာကြောင့် ဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။ ချန်ဟာ ဆေးရုံကနေ ဖယ်ရှားခံလိုက်ရ ပြီးနောက် နေအိမ်ကို ပြန်လည် ရောက်ရှိ သွားတယ်လို့ ဆိုထားပါတယ်။
credit : messenger journal
သွားပေါင်း (၃၀၀)ကျော် ပါဝင်တဲ့ ငါးမန်းမျိုးနွယ် သတ္တ၀ါကြီး
other TEETH fish f0e52
သြစတြေးလျ နိုင်ငံ၊ ဗစ်တိုးရီးယားမြို့ နားက Lakes Entrance မှာ ထူးဆန်းတဲ့ သတ္တ၀ါ တစ်ကောင် ဖမ်းဆီးရမိ ခဲ့တယ်လို့ ဒေးလီးမေးလ် သတင်း တစ်ရပ်မှာ ရေးသားထား ပါတယ်။ ဒီသတ္တ၀ါကြီးဟာ ငါးမန်း မျိုးနွယ်ထဲက ဖြစ်ဖွယ်ရှိပြီး သမိုင်းဦး မစတင်မီ ကတည်းက ရှိလာခဲ့တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ သက်ရှိ ကျောက်ဖြစ် ရုပ်ကြွင်းထဲက အကောင် တစ်ကောင် ဖြစ်နိုင်ပြီး နှစ်သန်းပေါင်း (၈၀) လောက်က ရှင်သန်ခဲ့တဲ့ သတ္တ၀ါ အမျိုး အစား ဖြစ်နိုင်တယ်လို့ ခန့်မှန်းထား ပါတယ်။ ငါးဖမ်းပိုက်နဲ့ ငါးဖမ်းနေစဉ် ဒီသတ္တ၀ါ ကြီးကို ဖမ်းနိုင်ခဲ့တာ ဖြစ်ပြီး အမျိုးအစား ဘယ်လို သတ်မှတ်ရမလဲ ဆိုတာ မသိခဲ့ကြပါဘူး။ဒီသတ္တ၀ါကြီးဟာ အသားစားငါး ပုံစံ ဖြစ်ပြီး ကျောရိုးမှာ ဆူးတောင်တွေ ပါဝင်နေတယ်လို့ ဆိုထား ပါတယ်။ ထူးခြားတာ ကတော့ သွားတွေ ဖြစ်ပါတယ်။ သွားချောင်းရေ (၃၀၀) ပါရှိပြီး အတန်းပေါင်းက (၂၅)  တန်းရှိနေခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်သန်း ပေါင်း (၈၀) က အသက်ရှင် ကျန်ရစ်တဲ့ သတ္တ၀ါတွေထဲက တစ်ကောင် ဖြစ်နိုင်ပြီး ဒီလိုမျိုး ရှင်သန်ခဲ့တာ နှစ်ကောင်လောက်သာ ရှိပါတော့တယ်။ တောင်ပိုင်းဒေသ ငါး ဖမ်းဆီးရေး အမှုဆောင်ချုပ် ဆီမွန်ဘော့က အလွန်ကြောက်စရာကောင်းတဲ့ သတ္တ၀ါ ဖြစ်ကြောင်း၊ ကလေးငယ်တွေ အနေနဲ့ ကြည့်ရဲမှာ မဟုတ်ကြောင်း၊ သွားတွေ အများကြီး ပါဝင်နေ သောကြောင့် သွားဆရာဝန်တွေ အလုပ် ဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ ငါးမန်း ပုံစံမျိုး သတ္တ၀ါကို ရေအောက်မီတာ (၇၀၀) လောက်မှာ ဖမ်းမိခဲ့တာ ဖြစ်ပြီး အရှည်က (၂) မီတာ ကျော်လောက် ရှိပါတယ်။ ရှည်လျားတဲ့ မေးရိုးတွေရှိ နေပြီး ပါးစပ်ထဲမှာ သွားတွေ အများအပြား ရှိနေ တာကြောင့် ဖမ်းထားတဲ့ သားကောင်တွေကို ပြန်မထွက်အောင် လုပ်ထားနိုင်ပါတယ်။
credit:messenger journal
မှတ်ဖွယ်စုံရာ သုတပဒေသာ(၂)
mosquito pic
၁။ ခြင်တစ်ကောင်ဟာ လူကအသက်ရှူထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ငွေ့
     ကို ပေ ၆၀နှင့် ၇၅ ပေအဝေးကနေ အနံ့ခံနိုင်ပါတယ်။
Capture
၂။ သံလွင်ပင် (olive) တွေဟာ သက်တမ်းနှစ် ၁၅၀၀ ကျော်အထိ ရှင်သန်နိုင်ပါတယ်။
ကမ္ဘာ့အရှည်ဆုံး သစ်သားဝင်္ကပါမျှော်စင်
Bavarian Forest National Park 3
ကမ္ဘာ့အရှည်ဆုံး သစ်သားဝင်္ကပါမျှော်စင်ကတော့ ဂျာမနီနိုင်ငံ Bavaria မှာ
တည်ရှိပါတယ်။အရှည်ကတော့ 1300 m ရှိပြီး အမြင့် 44m ရှိပါတယ်။
ကဲသွားကြည့်လိုက်ရအောင်ဗျာ...........
bavaria treetop walk 10
Thursday, April 21, 2016
ကမ္ဘာ့အမြင့်ဆုံးသစ်ပင်ကြီးများ
ဒီတစ်ခေါက်တော့ ကမ္ဘာ့အမြင့်ဆုံးသစ်ပင်ကြီးများ ကိုတင်ပြချင်ပါတယ်။ 
1.Hyperion 
1043
ဒီကမ္ဘာ့အမြင့်ဆုံးသစ်ပင်ကြီး Hyperion ကတော့ 397.3 ပေ(သို့ ) 115.61 meters မြင့်
ပါတယ်။  Redwood Creek Trutary မှာတည်ရှိတာပါ။
အမှတ်တမဲ့ အလွဲများ ( ၅၃ )
သူငယ်ချင်းတို့ အတွက် အမှတ်တမဲ့ မှ အမှတ်တရ ဖြစ်ရတဲ့ ပုံလေးတွေ တင်ပေးလိုက်ပါတယ်။
ကြည့်လိုက်ကြပါအုံးဗျာ......
ဆရာ့ကားတွေ အေးအေးဆေးဆေးပါပဲခင်ဗျာ။ မပူပါနဲ့
(ရေထဲကျမှတော့ အေးပြီး ၊ ဆေးပြီးသားပေါ့ဗျာ)
30 people having worse day large msg 13654490322
အအေးချမ်းဆုံး မိန့်ခွန်းပါ...
130505447222
Tuesday, April 19, 2016
အရပ်ပုသူတွေဟာ အရပ်ရှည်သူတွေထက် ဒီလိုနေရာမျိုးတွေမှာ ပိုအားသာ
670px hug a girl who is shorter than you step 2
အရပ်ပုတယ်ဆိုပြီး အရပ်ရှည်ဖို့အတွက် ဆေးတွေသောက်ရ၊ လေ့ကျင့်ခန်းတွေ လုပ်ရနဲ့ နောက်ဆုံးတော့လည်း ဒီအရပ်ပဲမို့ စိတ်ညစ်နေစရာ မလိုပါဘူး။ တကယ်တော့ အရပ်ပုတဲ့သူတွေမှာလည်း အားသာချက်တွေ အများကြီးပါ။ ဘယ်လိုအားသာချက်တွေ ရှိသလဲဆိုတာ တစ်ချက်ကြည့်လိုက်ပါဦး။
၁။ သူငယ်ချင်းတွေ အုပ်စုလိုက် ဓာတ်ပုံ ရိုက်တဲ့အခါ ကိုယ်က အမြဲရှေ့မှာ နေရမယ်။
အုပ်စုလိုက် ဓာတ်ပုံရိုက်တော့မယ်ဆို ကိုယ်က အမြဲတမ်း ရှေ့ကနေရမယ်။ မျက်နှာတစ်ခြမ်း ဟိုလူနဲ့ကွယ်မှာ၊ ကိုယ်ဝတ်ထားတဲ့ အမိုက်စား တီရှပ်လေး မပေါ်မှာ မစိုးရတော့ဘူး။ ဘယ်လောက်မိုက်သလဲ။
၂။ပုတော့ နုတယ်။
ကိုယ်က အရပ်ပုတော့ ကိုယ့်အသက်ကို သူများတွေ ခန့်မှန်းမိဖို့ ခပ်ခက်ခက်ရယ်။ နောက်တစ်ချက်က လူတွေက ကိုယ့်ရဲ့ရှိရင်းစွဲအသက်ထက် ငယ်တယ်လို့ အမြဲထင်နေလိမ့်မယ်။ မယုံရင် မေးကြည့်။
၃။ခရီးသွားကား၊ လေယာဉ်ပေါ်မှာ ခြေထောက် ကွေးဆန့်လုပ်နိုင်မယ်။
ခရီးသွားတဲ့အခါ ခရီးသွားကား၊ လေယာဉ်ပေါ်မှာ သူများတွေ အရပ်နဲ့မလွတ်လို့ ခွေခေါက်ထိုင်နေကြရတဲ့အချိန် ကိုယ်ကတော့ ညောင်းတဲ့အခါ ခြေထောက်ဆန့်ထုတ်ပြီး အကြောအချဉ်ဖြေလို့တောင် ရပါသေးတယ်။
၎။ဖိနပ်အမြင့်တွေ စီးတဲ့အခါ သူများထက် ကြည့်ကောင်းနေမှာပါ။
ကိုယ့်အရပ်ကြောင့် heel တွေ၊ တခြားဒေါက်အမြင့် ဖိနပ်တွေ စီးလိုက်ရင်လည်း ဘယ်သူကမှ ဟယ် ဘယ်လိုကြီးလဲ ဆိုပြီး ကြည့်မယ့်သူ၊ ပြောမယ့်သူ မရှိပါဘူး။ သူက အရပ်ပုလို့ ဒီလိုဝတ်လို့ လှတာလို့ပဲ ထင်ကြမှာနော်။
၅။တိုပါတယ်ဆိုတဲ့ မီနီစကတ်တွေတောင် ကိုယ်နဲ့ဆို အံကိုက်ပဲ။
အရပ်ရှည်တဲ့သူတွေ မီနီစကတ်ဝတ်ထားရင် တိုနန့်နန့်နဲ့ အဆင်မပြေဖြစ်တတ်ပါတယ်။ ကိုယ်နဲ့ဆိုရင်တော့ အဲ့ဒီလို စကတ်တိုလေးတွေတောင် ကြည့်ကောင်းနေတာနော်။
၆။ကိုယ်လိုချင်တဲ့ အင်္ကျံဒီဇိုင်းမျိုးတွေ ကလေးတန်းမှာ ရှိရင်တောင် ၀ယ်ဝတ်ပစ်နိုင်တယ်။
ကိုယ်က အရပ်ပုတဲ့အတွက် ကိုယ်လိုချင်တဲ့အင်္ကျံဆိုက်ဒ်က ကလေးဆိုက်ဒ်ဖြစ်နေရင်တောင် ၀ယ်ဝတ်လိုက်ရုံပဲ။
၇။တစ်ခါတစ်လေ လူတွေက ကိုယ့်ကို ပိုဦးစားပေးတတ်တယ်။
ကိုယ်ကပုနေလို့ ကိုယ့်ကို လူတွေက ပိုဦးစားပေးတာမျိုးတွေ ရှိပါတယ်။ ဒါဟာ နှိမ်ချတာမျိုးမဟုတ်တဲ့ ချစ်ခင်မှုတစ်ခုကို ဖော်ပြတာမျိုးပါပဲ။
၈။လိုအပ်မယ်ဆိုရင် လူတွေမမြင်အောင် အလွယ်လေး ပုန်းရှောင်နိုင်တယ်။
ကိုယ့်ကို လူတစ်ယောက်က ရှာနေတယ်။ အဲ့ဒီလူကိုယ့်ကို မြင်သွားမှာ စိုးရိမ်နေတဲ့အခါမျိုး လူအုပ်ကြားထဲ၊ ဒါမှမဟုတ် တစ်ခုခုနဲ့ ကွယ်ပြီး နေလိုက်ရုံပဲ။
၉။တစ်ခုခုနဲ့ ဆောင့်မိမှာမျိုး ပူစရာမလိုဘူး။
ကိုယ့်အရပ်က သူများထက် ပုနေတဲ့အခါမျိုးမှာ ခေါင်းနဲ့ဆောင့်မိတတ်တဲ့ အရာမျိုးတွေကို အထူးသတိထားစရာ မလိုတော့ဘူး။
၁၀။တစ်စုံတစ်ယောက်နဲ့ ဆုံတဲ့အခါ ကိုယ့်က ထူးခြားနေတဲ့အတွက် ကိုယ့်ကို အာရုံပြူမိမယ်။
ကိုယ်ကအရပ်ပုတဲ့အတွက် ခုမှဆုံမယ့် လူတစ်ယောက်ရဲ့ အာရုံကို ဖမ်းစားနိုင်မယ်။ သူတို့ကလည်း ကိုယ့်ကိုထူးခြားတယ်လို့ တွေးလိမ့်မယ်။
Ref:cosmopolitan.com
credit:trend myanmar
ကားကို အရှိန်တင်မောင်းနှင်လို့ ၄ ဒေါ်လာ ဒဏ်ရိုက်ခံခဲ့ရတဲ့ ၂နှစ်အရွယ် ကလေးလေး
speeding child
အသက် ၂နှစ်အရွယ် Za’Dariyah Mishaw ဆိုသူ ကလေးမဟာ အိမ်အပြင်ဘက်မှာ ခြေနင်းကားလေးကို မောင်းနေခဲ့ပါတယ်။ ရဲအရာရှိ Christian Velascoဟာ Za’Dariyah ကို ဘေးရပ်ခိုင်းခဲ့ပြီး အရှိန်မြင့် မောင်းနှင်မှုအတွက် ၄ဒေါ်လာတန် ချလန်ဖြတ်ခဲ့ပါတယ်။
သာမန် ယာဉ်မောင်းတွေ အဖို့တော့ ချလန်ဖြတ်ခံရပြီဆိုရင် စိုးရိမ်ပူပန် တတ်ကြတာပေါ့။ ဒါပေမဲ့ Za’Dariyah Mishaw လေးကတော့ အချိန်ဆိုင်းမနေဘဲ ၄ဒေါ်လာ ဒဏ်ငွေဆောင်ဖို့ ရဲဋ္ဌာနကိုသွားချင်ခဲ့ပါတယ်။
“သူက ခပ်မြန်မြန်ကို နင်းနေခဲ့တာ။ သူ့ကိုမှီဖို့တောင် မနည်းလိုက်ခဲ့ရတယ်။ ဒါပေမဲ့ မှီခဲ့ပါတယ်။ သူ သိပ်တော်တာ။” လို့ ရဲအရာရှိကပြောပါတယ်။
ချလန်မှာ ဒဏ်ငွေဘယ်လောက်ဆောင်ရမှာလဲ လို့ Za’Dariyah ကိုမေးကြည့်တော့ “၄ ဒေါ်လာ။” လို့ ချစ်စဖွယ်ပြန်ဖြေခဲ့ပါတယ်။
ရင်ကိုနွေးသွားစေတဲ့ အခိုက်အတန့်လေးကို Za’Dariyahရဲ့ ဦးလေးက အမှတ်တရ ဓာတ်ပုံရိုက်ယူခဲ့ပါတယ်။
Ref:dailymail.co.uk
credit;trend myanmar
ကမ္ဘာ့အရှည်ဆုံး ပင်လယ်ကမ်းရိုးတန်း ရှိသောနိုင်ငံများ
Capture
ကမ္ဘာ့အရှည်ဆုံး ပင်လယ်ကမ်းရိုးတန်း ရှိသော နိုင်ငံများကို တင်ပြပေးပါမည်။
(၁) မှ (၁၀) အထိတင်ပြပေးပြီး မြန်မာနိုင်ငံ၏ ပင်လယ်ကမ်းရိုးတန်း အရှည်နှင့် အမှတ်စဉ်ကိုပါ
တစ်ပါတည်းထည့်သွင်းတင်ပြပေးပါမည်။
(၁) CANADA
1 Toronto skyline 1024x504
ကနေဒါနိုင်ငံသည်ကမ္ဘာ့ရေပြင်ပိုင်နက်အကြီးဆုံး ပိုင်ဆိုင်တဲ့နိုင်ငံ တစ်ခုဖြစ်ပြီး
ကမ္ဘာ့အကြီးဆုံးနိုင်ငံများတွင်လည်း ပါဝင်သော မြောက်အမေရိကတိုက်တွင်တည်ရှိသောနိုင်ငံတစ်ခုပါ။
ပင်လယ်ကမ်းရိုးတန်းအရှည်အားဖြင့် ၁၂၅ ၅၆၇ မိုင် ၊ (202,080 km) အထိ ရှိပါသည်။
ထိုနိုင်ငံသည် ကမ္ဘာ့ပင်လယ်ကမ်းရိုးတန်း စုစုပေါင်း၏ ၅၆.၇ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်နေပါသည်။
Monday, April 18, 2016
ရိုက်ကွင်းပေါ်မှ အလွဲများ
ဒီတစ်ခေါက်တော့ ရိုတ်ကွင်းပေါ်မှ အလွဲများ ပေါ့ဗျာ...
387994 200308950056245 100509874 n
နန်းတွင်းမှာတောင် မိုဘိုင်းဖုန်းနဲ့ ...ဘယ်ခေတ်ပါလိမ့်
381579 200308756722931 1695591610 n
ဂျက်စပဲရိုးက အဲဒီးဒက် မှဆောင်းတာဗျ...
မှတ်ဖွယ်စုံရာ သုတပဒေသာ
ostrich29n 1 web
၁။ ကမ္ဘာပေါ်မှာ ရှိတဲ့ ဥ တွေထဲမှာ ငှက်ကုလားအုပ် ( ostrich ) တွေရဲ့
      ဥ ကအကြီးဆုံးပါ။
cute beautiful hummingbird photography 9
Saturday, April 9, 2016
ကြက်သီးထဖွယ် ရွှေရောင် ကိုယ်ခန္ဒာ အလှဆင် အနုပညာ
သြစတေးလျ အနုပညာရှင် Lucy McRae သည် သူမ၏ ကိုယ်ခန္ဒာပေါ်တွင် ရွေရောင် တွယ်ချိတ်များကို ကော်ကပ် အသုံးပြု၍ ကိုယ်ခန္ဒာ အလှဆင် အနုပညာ (Body Art) တစ်ခုအား ကိုယ်ဟန်ပြ ဖန်တီးခဲ့ရာ တွယ်ချိတ်များနှင့် ကြက်သီးထဖွယ် ရွှေရောင် ကိုယ်ခန္ဒာကို မြင်တွေ့ရသည်။
Friday, April 8, 2016
တကယ်စီးနိုင်တဲ့ ကမ္ဘာ့အကြီးဆုံးစက်ဘီးကို တီထွင်လိုက်တဲ့ နယ်သာလန်နိုင်ငံသား
wouter van den bosch main
နယ်သာလန် နိုင်ငံသား အသက် ၂၄ နှစ်အရွယ် ၊ တီထွင်မှုအတတ်ကို ၀ါသနာပါတဲ့ အင်ဂျင်နီယာကျောင်းသား ဘို့ ခ်ျ ဟာ ကမ္ဘာ့အကြီးဆုံးစက်ဘီးကို တီထွင်ခဲ့ပြီး ဂင်းနစ်စ်မှတ်တမ်း သွင်းခံခဲ့ရပါတယ်။
heaviest bicycle 2337678k
ပေါင်ချိန် ၁၆၅၀ ရှိပြီး ၊ “Monsterbike” လို့ အမည်ပေးထားတဲ့ စက်ဘီးကို သူကိုယ်တိုင် ဇာတိမြို့ Arnhem မှာ စီးနင်းပြခဲ့ပါတယ်။ ဒေါ်လာ သုံးသောင်းကျော် အကုန်ကျခံတည်ဆောက်ထားတဲ့ ဒီစက်ဘီးကို ဘို့ ခ်ျဟာ မြို့ ထဲ မှာ အမြဲလိုလို စီးနင်းလေ့ရှိတယ်လို့ သိရပါတယ်။
အထူးပြုလုပ်ထားတဲ့ ချိန်းကြိုးတွေအသုံးပြုထားတဲ့အတွက် လူတစ်ယောက်အင်အားနဲ့ အသာအယာ စီးနင်း နိုင်တယ်လို့ သိရပါတယ်။
Credit: trend myanmar
UFO လို့ ယူဆရတဲ့ အမျိုးအမည်မသိယာဉ်တစ်ခုကို အပျော်တမ်းဓာတ်ပုံဆရာတစ်ယောက် ရိုက်ကူးနိုင်ခဲ့
pspsps ufo main 3118290
အပျော်တမ်းဓာတ်ပုံဆရာတစ်ဦးဖြစ်တဲ့ မိုက်ကယ်ပေါ်တာ ဟာ တိမ်တွေရဲ့ဖွဲ့ စည်းပုံကို ဓာတ်ပုံရိုက်နေတုန်းမှာ UFO လို့ ယူဆရတဲ့ ယာဉ်ပျံတစ်ခုကို မတော်တဆရိုက်ကူးမိခဲ့တာပါ။
မိုက်ကယ်ဟာ ရိုက်ကူးထားတဲ့ပုံတွေကို ပြန်လည်ပြင်ဆင်ဖို့ သူ့ ရဲ့လက်ပ်တော့ထဲ ပြောင်းထည့်ကြည့်တော့မှ သူ့ ရဲ့ဓာတ်ပုံတွေထဲမှာ ဒီ အမျိုးအမည်မသိရတဲ့ယာဉ်ပုံစံတစ်ခုကို သတိထားမိခဲ့တာပါ။  မိုက်ကယ်ဟာ ဓာတ်ပုံမှာ နေထိုးနေတဲ့အကွက်တွေ များနေလို့ ဖျက်ပစ်မလို့ လုပ်ခဲ့ပြီးမှ ဒီယာဉ်ကို မြင်တွေ့ ခဲ့တယ်လို့  ဆိုပါတယ်။
Cornwall ပြည်နယ်၊ ကမ်းခြေအပန်းဖြေစခန်းကနေ ဒီဓာတ်ပုံကို ရိုက်ကူးခဲ့တာဖြစ်ပြီး မိုးလေ၀သ ပညာရှင်တွေကတော့ ဒါဟာ သက်တမ်း ၄.၃ ဘီလီယံ ရှိတဲ့ ဥက္ကာခဲတစ်ခု ကြီးမားတဲ့အရှိန်နဲ့ ကမ္ဘာမြေပေါ် ပြုတ်ကျလာတာဖြစ်တယ်လို့ ဖြေရှင်းချက်ထုတ်ထားပါတယ်။
ဒါပေမယ့် Cornwall ကမ်းရိုးတန်းတစ်လျှောက်ဟာ UFO တွေ မကြာခဏမြင်တွေ့ ခဲ့ကြောင်း မှတ်တမ်းအများဆုံးရှိတဲ့နေရာဖြစ်ပြီး Cornwall UFO သုတေသနပြုလေ့လာရေးအဖွဲ့ က ဒီဒေသကို “UFO တြိဂံ” လို့ အမည်ပေးထားပြီး UFO မြင်တွေ့ မှုအကုန်လုံးကို စာရွက်စာတမ်းပြုစုထားတယ်လို့  ဆိုပါတယ်။
Ref: mirror
Credit:trend myanmar
ပြုပြင်ဖန်တီး ထားတဲ့ အကြီးဆုံးရင်သား
other largest fake 26657
  ဂျာမန် မော်ဒယ် တစ်ဦးရဲ့ ရင်သားက အလေးချိန်ပေါင် (၂၀) နီးပါး အထိ ရှိပါတယ်။ ဒီရင်သားပာာ စံချိန်တစ်ရပ် ဖြစ်ခဲ့ပြီး ပြုပြင် ဖန်တီး ထားတဲ့  အကြီးဆုံး ရင်သား အဖြစ် သတ်မှတ်ခံခဲ့ရ ပါတယ်။ ရင်သားကို ကြီးအောင် ဆေးထိုး ထားတာ ဖြစ်ပြီး (၁၀) လီတာ ပမာဏ ရှိတဲ့ ဆေးရည်တွေ ထိုးသွင်းခဲ့တာ ဖြစ်ပါတယ်။
                ဒါ့အပြင် ခွဲစိတ် ကုသမူတွေ ကိုလည်း ခံယူခဲ့ရ ပါတယ်။ အသက်(၃၁)နှစ်အရွယ်ရှိ အပြာဇာတ်ကားတွေမှာ သရုပ်ဆောင်တဲ့ ဘီရှီနီပာာ ရင်သား အကြီးကြီးကို  ပိုင်ဆိုင်ထားရလို့ ဂုဏ်ယူနေပြီး ဒီရင်သား တစ်စုံနဲ့  လူမြင်ကွင်းထဲ  သွားရတာ စွန့်စားခန်း တစ်ခု လုပ်ရတာနဲ့ တူကြောင်း ဆိုခဲ့ ပါတယ်။ ဒါပေမဲ့ ဘီနီရှီပာာ ရင်သားတွေ အဆမတန် ကြီးလွန်း နေတာကြောင့် အ၀တ်အစား ၀တ်ရာမှာ အခက်တွေ့လေ့ရှိ ပါတယ်။
                ဘီနီရှီပာာ ၀တ်ဆင်တဲ့ ဘရာစီယာ ဆိုက်ဒ်က 32Z ဖြစ်ပြီး  လူဝကြီးတွေ ၀တ်ဆင်တဲ့ XXX ဆိုက်ဒ်နီးပါး အထိ ရှိတယ်လို့ သိရပါတယ်။ ဘီနီရှီပာာ သူ့ရဲ့ရင်သားတွေကို လူမူကွန်ရက်မှာ မကြာခဏ ထုတ်ပြ လေ့ရှိပါ တယ်။ ဒါပေမဲ့ ဘီနီရှီရဲ့ ရင်သားပာာ သဘာဝ ရင်သားအကြီးဆုံး ပိုင်ရှင် အန်နာ ပောာ့ကင်းကို ယှဉ်နိုင်ခြင်း မရှိသေးဘူးလို့ ဆိုထားပါတယ်။
Credit:messenger journal
အမျိုးအမည်မသိရသော ပျံသန်းနေတဲ့အရာဝတ္ထုကြောင့် ဂျာမနီမှာ လေကြောင်းခရီးစဉ် အများစု နှောင့်နှေး၊ ဖျက်သိမ်းခဲ့ရ
planeufos
အမျိုးအမည်မသိပျံသန်းနေသောအရာဝတ္ထု (UFO) တစ်ခုကို ရေဒါမှာ မြင်တွေ့ နေရတာကြောင့် ဂျာမနီ လေဆိပ်ရဲ့ လေကြောင်းခရီးစဉ်အများစု နှောင့်နှေးခဲ့ရပြီး ခရီးစဉ်တစ်ခု ကို ဖျက်သိမ်းလိုက်ရပါတယ်။ဒီ အမည်မဖော်နိုင်တဲ့ ထူးဆန်းတဲ့အရာဝတ္ထုဟာ ၂၀၁၄ ခုနှစ်
၁ လပိုင်း)
အင်္ဂါနေ့ ညနေ ၄ နာရီခွဲကနေ ၉ နာရီခွဲအထိ ဘရီမင် လေဆိပ် ရေဒါမှာ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေတာပါ။ ရဲရဟတ်ယာဉ်တစ်စင်းကို လေထုထဲ စေလွှတ်ပြီး အဲဒီ့အရာဝတ္ထုကို သွားရောက်စုံစမ်းစေခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီအမည်မဖော်နိုင်တဲ့ယာဉ်ဟာ ဘာမှန်းမသိခဲ့ရဘူးလို့ အာဏာပိုင်တွေက ထုတ်ဖော်ဝန်ခံခဲ့ကြပါတယ်။
ဂျာမန်လေကြောင်းထိန်းသိမ်းရေး ဌာန ရဲ့ ပြောရေးဆိုခွင့်ရှိသူ Weser Kurier က “ အဲဒီအရာဟာ သာမန် အနီရောင် ၊ အစိမ်းရောင်ပုံစံမျိုးပဲရှိပါတယ်။ ဘေးနှစ်ဖက်မှာလည်း အချက်ပြမီးတွေကို တွေ့ ရပါတယ်” လို့  ပြောကြားခဲ့ပါတယ်။
မျက်မြင်တွေ့ ရှိခဲ့သူတစ်ဦးဖြစ်တဲ့ Dominique Hober ကလည်း ဒီအရာဝတ္ထုဟာ သူ့ အိမ်ပေါ်ကနေ လေးကြိမ်တိတိ ဖြတ်ပျံသွားခဲ့တာကို တွေ့ လိုက်ရတယ်လို့ ဆိုပါတယ်။ သူက “ ဒါဟာ လေယာဉ်တစ်စီး နဲ့  ပုံစံတူပါတယ်။ ဒါပေမယ့် သူ့ မှာ အလင်းရောင်တွေ အများကြီးရှိပြီး အသံလည်း တော်တော်ပိုကျယ်ပါတယ်” လို့ ဂျာမန်သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။
၂၀၁၄ ခုနှစ် အစအတွင်းမှာပဲ ကမ္ဘာတစ်လွှားမှာ ဒီလို UFO လိုအရာဝတ္ထုတွေ တွေ့ ရှိတယ်ဆိုတဲ့ အမှုတွေ အများကြီး ဖြစ်ပေါ်ခဲ့ပါတယ်။
Ref: mirror
Credit: trend myanmar
အကြီးဆုံး အများသုံး သန့်စင်ခန်း
other public restroom 08c54
တရုတ်နိုင်ငံ၊ ချောင်ကွင်းမြို့မှာရှိတဲ့ အများသုံး သန့်စင်ခန်းဟာ အကြီးဆုံး အဖြစ် သတ်မှတ်ခံထားရ ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အများသုံး သန့်စင်ခန်းကို စတုရန်း ပေ (၃၀၀၀၀) မှာ တည်ဆောက် ထားပြီး သန့်စင်ခန်းပေါင်း (၁၀၀၀)ကျော် ပါဝင် ပါတယ်။ သန့်စင်ခန်း တွေကို မတူညီတဲ့ ပုံစံတွေ နဲ့ တည်ဆောက် ထားပြီး အကောင်းဆုံး ဖြစ်အောင် ပြုလုပ်ထား ပါတယ်။ သန့်စင်ခန်း လာရင်း သာယာတဲ့ သီချင်းတွေ ကိုလည်း နားထောင် နိုင်အောင် ပြုလုပ်ပေးထား ပါတယ်။ သန့်စင်ခန်း တွေကို ပုံစံမျိုးစုံနဲ့ ပြုလုပ်ထားပြီး လက်ဆေးတဲ့ နေရာတွေ ကိုလည်း ထည့်သွင်းပေးထား ပါတယ်။ ကျင်ငယ်စွန့်တဲ့ နေရာတွေမှာ မတူညီတဲ့ ကြွေခွက်တွေ ပြုလုပ်ထားပြီး မိကျောင်းခေါင်း ပုံစံတွေလည်း ထည့်သွင်းထား တာကြောင့် လာရောက်သူတွေ အတွက် အသစ်အဆန်း သဖွယ် ခံစားရမှာ ဖြစ်ပါတယ်။ နောက်ပြီး ခေတ်မီ ရေချိုးခန်း တွေလည်း ပါဝင် တာကြောင့် အဆင့်မီအများ သုံး အိမ်သာ အဖြစ် သတ်မှတ်ခံထားရ ပါတယ်။ ဒီအများသုံး သန့်စင်ခန်းကို လေးထပ်ဆောက် လုပ်ထားတာ  ဖြစ်ပါတယ်။  ဒီအများသုံး သန့်စင်ခန်းကို လူစည်ကားတဲ့ နေရာတွေမှာ ဆောက်လုပ် ထားတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ  အများသုံး သန့်စင်ခန်းတွေ အပြင် အများသုံး ရေချိုးကန် တွေလည်း တည်ဆောက် ပေးထား ပါတယ်။
Credit : messenger journal
မြန်မာပြည်တွင်း တွေ့တွေ့သမျှ...(၄)
လူမှုကွန်ယက်တွေပေါ်မှာ တွေ့မိသမျှနှင့် သူငယ်ချင်းတစ်ချို့က ပို့ပေးထားတဲ့ ပုံလေးတွေကို
ထပ်မံပြီးတင်ပေးလိုက်ပါသည်။ မူရင်းတင်သူများအားလုံးကို လည်းကျေးဇူးတင်ပါသည် ခင်ဗျာ...
ဟဲဟဲ.. အထင်မသေးနဲ့နော်...
FB IMG 1458564784506
ဒီလူ အမှုကြီးသွားပြီ...
Screenshot 2016 01 17 01 49 07
တစ်မူလှပသော “89,98” လိပ်ပြာလေး
800px Insect Safari lepidopteran 093
ပုံစံထူးခြားပြီး တစ်မူကွဲပြားနေသော လိပ်ပြာ မျိုးလေးပါ။ လိပ်ပြာလေးများသည်
အရောင်းအသွေးစုံ ၊ ပုံစံစုံဖြင့် မျိုးကွဲပေါင်းများစွာရှိကြပါသည်။ ယခု လိပ်ပြာလေးကိုတော့
သူ၏ ပုံစံကို လိုက်ပြီး 89,98 လိပ်ပြာလေးဟု ခေါ်ကြပါသည်။
el20014
Related Posts Plugin for WordPress, Blogger...