
*စံပယ်တွေ ပွင့် ပြီ...ခင်
မြင်လှည့် အောင်ကြည့် စမ်းပါ။
အကြင်နာ စံပယ်နှစ်
မြင်မိသူ ဘ၀င်ထိအောင်
အလှတွင် အယဉ်ဆင့် 
ဖွေးဖွေးလှုပ်ပွင့် နေတယ်။
*ပင်ပျိုးသူ ဦးယျာဉ်မှုးမှာ
လက်လှမ်းကာဟန်ပြင်ပြီးမှ
အလှတွေ လျှော့ ကာရှော
ညှိုးမှာကို စိုးထိတ်မိလို့ 
လက်ရွ့ံကာ တုံ့ နှေး
ဒီတခါလည်း
တွေဝေနှောင့် နှေး.....။ ။
မှတ်ချက်။ ။တစ်ချိန်တုံးကရေးခဲ့တဲ့ကဗျာလေးတွေပါ။ဒီဆိုဒ်မှာမတင်ရသေးလို့တင်လိုက်ပါတယ်။
မကောင်းပေမယ့် ခွင့်လွှတ်ဖတ်ပေးကြပါနော်။။။
