
တောင်ကြီးမြို့သည် မြန်မာနိုင်ငံ၏ စတုတ္ထအကြီးဆုံးမြို့ဖြစ်ပြီး လူဦးရေ ၂၀၀၀၀၀ ခန့် နေထိုင်လျက်ရှိသည်..။ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၄၅၉၀ တွင် တည်ရှိသည့် အေးချမ်းလှသော တောင်ပေါ်မြို့ဖြစ်သည်..။တောင်ကြီးမြို့ ပတ်ဝန်းကျင်ဒေသများသည် ကမ္ဘာလှည့်ခရီးသည်များ အကြိုက်တွေ့ရာနေရာဖြစ်သည်..။ ပတ်ဝန်းကျင်ကျေးရွာများမှ လတ်ဆပ်သောထုတ်ကုန်များ လာရောက်ရောင်းချကြသည်..။ ငါးရက်တစ်ဈေး သည်လည်း စိတ်ဝင်စားအကြိုက်တွေ့ကြသည့် အကြောင်းတစ်ရပ်ဖြစ်နေသည်..။